• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို အဂတိလိုက်စားမှုဖြင့် အရေးယူ၍မရ

by ထက်နိုင်ဇော်
9 June 2018
in သတင်း
A A
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးကျော်ဝင်း / ထက်နိုင်ဇော် / ဧရာဝတီ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးကျော်ဝင်း / ထက်နိုင်ဇော် / ဧရာဝတီ

23.9k
VIEWS
Share on FacebookShare on Twitter

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်းကို ခိုင်လုံသည့်အထောက်အထားများ မရှိ၍ အဂတိလိုက်စားမှု ဥပဒေဖြင့် အရေးယူနိုင်ခြင်း မရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ဦးကျော်ဝင်း၏ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခဲ့သူ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်၏ အဆိုအရ တိုင်ကြားခံရသည့် အချက် ၈ ချက်စလုံးကို စုံးစမ်းစစ်ဆေး ခဲ့သော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ၍ ရသည့်အချက် တခုမှမရှိခဲ့ကြောင်း၊ ထိုအတိုင်းပင် သမ္မတဆီသို့ တင်ပြခဲ့ကြောင်း နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
12
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
46
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
241

အဂတိတိုက်ဖျက်ရေး ကော်မရှင်က ဦးကျော်ဝင်းသည် အဂတိလိုက်စားမှု ရှိသည်ဆိုသော သက်သေ အထောက်အထား မရှိဟု သမ္မတထံ တင်ပြခဲ့သော်လည်း ဝန်ကြီးဦးကျော်ဝင်း နုတ်ထွက်သွားရခြင်းသည် အဘယ့်ကြောင့်ဆိုသည်ကို ပြည်သူများကသိချင်ကြလိမ့် မည်ဟု ဧရာဝတီ၏ မေးခွန်းထုတ်သည့်အခါ ယင်းကိစ္စသည် အစိုးရအဖွဲ့၏ အလုပ်ဟုကော်မရှင် ဥက္ကဋ္ဌ က တုန့်ပြန်ခဲ့သည်။

ယင်းမေးခွန်းကို ဦးအောင်ကြည် က “ကျနော်တို့က အပြစ်မရှိဘူးလို့ ပြောဆိုခြင်း မဟုတ်ပါဘူး။ ကျနော်တို့က တိုင်တန်းချက်မှာ ဖော်ပြထားတဲ့ တိုင်တန်းချက်ဟာ ကျနော်တို့ ဥပဒေနဲ့ ညိစွန်းဖို့အတွက် ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိတဲ့သဘောပါ”ဟု ပြန်ရှင်းသည်။

ဦးကျော်ဝင်းနှင့် ပတ်သက်သော အားပျော့သည့် တိုင်တန်းချက်ကြောင့် ဆောင်ရွက်ရသည့် ဘောင်မှာလည်း ကျဉ်းမြောင်းကြောင်း၊ ထို့ ကြောင့် ယခုတိုင်တန်းချက်ကို မှန်ကန်မှု မရှိ၊ အရေးယူရန် ခိုင်မာမှု မရှိဟု ဆုံးဖြတ်လိုက်ရကြောင်း၊ အခြား အဂတိလိုက်စားမှု ရှိ၊ မရှိဆိုသည့် ကိစ္စမှာ တိုင်တန်းချက်တွင် မပါဝင်၍ စစ်ဆေးနိုင်ခြင်း မရှိကြောင်း ကေ်ာမရှင်ကပြောသည်။

ဦးကျော်ဝင်း တိုင်ကြားခံရသည့်အချက် ၈ ခုတွင် ၃ ချက်မှာ လူမှုရေးကိစ္စ ဖြစ်၍ စိစစ်မှု မပြုကြောင်း၊ ကျန် ၅ ချက်တွင် ပုဂ္ဂလိက ဘဏ်တခု ငွေကြေး ခဝါချခြင်းနှင့် လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စီမံ/ဘဏ္ဍာဝန်ကြီး ဌာနလက်အောက်သို့ ရွေ့ပြောင်းခြင်းတို့မှာလည်း ယခင်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျန် ၂ ချက်မှာလည်း မမှန်မကန်တိုင်ကြားခြင်း ဖြစ်၍ နောက်ဆုံး တချက်မှာလည်း အဂတိလိုက်စားသည်ဆိုသော အထောက် အထားကို ကော်မရှင်က မရရှိခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့် က ပြောသည်။

နောက်ဆုံး အချက်ဖြစ်သည့် ဝန်ကြီးဌာနပေါင်းစုံ လျှပ်တပြက် ဂေါက်ရိုက်ပြိုင်ပွဲကို စီမံ/ဘဏ္ဍာဝန်ကြီးဌာန အမည်ခံပြီးတော့ လုပ်ငန်းရှင်တဦးက ဆောင်ရွက်ပေးခဲ့သည် ဆိုသည့်ကိစ္စတွင် ယင်းလုပ်ငန်းရှင်သည် ဝန်ကြီးဌာန၏ ဂေါက်ရိုက်ပြိုင်ပွဲ ကျင်းပခြင်းကို လက်ခံခဲ့သော် လည်း အဂတိ လိုက်စားသည်ဆိုသည့် အချက် မပေါ်ပေါက်ခဲ့ကြောင်း ဦးစိုးတင့် က ပြောသည်။

ဦးစိုးတင့် က “လက်ခံခဲ့ပေမယ့် လုပ်ငန်းရှင်ဆီက အခွင့်အရေး တစုံတရာ ရယူခဲ့တယ်။ ပေးခဲ့တယ်ဆိုတာကို မပေါ်ပေါက်ပါဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အဂတိလိုက်စားတယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ အကျုံးမဝင်တဲ့အတွက်ကြောင့် ဒါခိုင်လုံတဲ့ အထောက်အထား မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

ထို့ပြင် ဦးကျော်ဝင်း၏ သားဖြစ်သူထံတွင် ဇိမ်ခံကားများစွာရှိနေသည် ဆိုသည့် သတင်းအပေါ် ရန်ကုန်မြို့ရှိ ဦးကျော်ဝင်းနေအိမ်သို့ ဝင်ရောက် စိစစ်ရာတွင်လည်း တွေ့ရှိရသည့် ကားများမှာ ဇိမ်ခံကားအဆင့် မဝင်ကြောင်း၊ ကားပိုင်ရှင်ကို စိစစ်ရာတွင်လည်း တဦးတည်းပိုင်ဆိုင်ထားခြင်း မဟုတ်ကြောင်း ကော်မရှင်ကပြောသည်။

ဦးအောင်ကြည် က “ဇိမ်ခံကားဆိုတာ ဇိမ်ခံကားတွေမဟုတ်ဘူးဆိုတာ တွေ့ရတယ်။ သူ့သားရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ဒီလုပ်ငန်းနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက ် သဘာဝအားဖြင့် ဒီလုပ်ငန်းမျိုးဟာ ဒီလိုကားအမျိုးအစား အရေအတွက်ကိုတော့ သူကဆောင်ရွက်ရင်း ကိစ္စတွေ မှာသူရဲ့ သဘာဝ လုပ်ငန်းအတိုင်း ရှိနေနိုင်တဲ့ ကိစ္စလို့ ကျနော်တို့ ကော်မရှင် အနေနဲ့ ယူဆပါတယ်” ဟု ပြောသည်။

ဦးကျော်ဝင်းကို အရေးယူပေးရန် တင်ပြလာသည့် တိုင်ကြားစာကို ၂၀၁၈ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ကော်မရှင်က လက်ခံရရှိခဲ့ပြီး မေလ ၇ ရက်မှ ၂၂ ရက်နေ့ အထိ ရန်ကုန်နှင့် နေပြည်တော်တို့တွင် အစိုးရအဆင့်မြင့် အရာရှိများ၊ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ ပါဝင်ကြောင်း၊ သတင်းပေးပို့သူ၊ တိုင်ကြားခံရသူ၊ သက်သေအားလုံး စုစုပေါင်း ၂၂ ဦး စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးအောင်ကြည် က “အနားယူခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး အခြား ဥပဒေနဲ့ငြိစွန်းတယ်။ မငြိစွန်းဘူးဆိုတာ ကျနေ်ာတို့ ဆုံးဖြတ်လို့ မရပါဘူး။ ကျနော်တု့ိ ကိုင်စွဲနိုင်တာက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ပဲ ကိုင်စွဲနိုင် တာဖြစ်တဲ့အတွက် ဒါနဲ့ပက်သက်ပြီးတော့ ငြိစွန်းတယ်။ မငြိစွန်းဘူူးဆိုတာကိုတော့ ကျနော်တို့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ပြောပါတယ်” ဟု ပြောဆိုခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် – ဦးကျော်ဝင်းကိစ္စက အဂတိတိုက်ဖျက်ရေး အစိုးရ၏ လေးနက်မှုကို စမ်းသပ်နေ
   စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်း အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံနေရ

Your Thoughts …
Tags: စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း နှုတ်ထွက်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဆက်အောင် / Xinhua

NLD အစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၂ ဘီလီယံကျော် ဝင်ရောက်ထား

by ကျော်မျိုး
14 November 2018
7.3k

NLD အစိုးရလက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ဝင်ရောက်ထားကြောင်း စီမံ ဘဏ္ဍာ ဒုဝန်ကြီး ဒေါက်တာဆက်အောင်က ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း / ဧရာဝတီ

ကျောက်ဖြူစီမံကိန်း အတိုင်းအတာလျှော့ချရန် တရုတ်ကို တောင်းဆိုမည်

by ဧရာဝတီ
5 July 2018
11.4k

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ဦးဆောင်သည့် အထူးစီးပွားရေးဇုန် စီမံကိန်း၏ အတိုင်းအတာကို လျှော့ချရန် မြန်မာနိုင်ငံက တောင်းဆိုမည်

စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း / ဧရာဝတီ

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း နှုတ်ထွက်ပြီ

by ဧရာဝတီ
25 May 2018
26k

NLD အစိုးရ အဖွဲ့အတွင်း အဂတိလိုက်စားသည် စွပ်စွဲချက်များနှင့် တိုင်ကြားခံထားရ သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းကို ယင်း၏ သဘောဆန္ဒ အလျှောက် နှုတ်ထွက်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ထုတ်ပြန်သည်။

Next Post
မိုးအေးအေးနဲ့ လိုက်ဖက်တဲ့ မာလာရှမ်းကော

ပိတ်ရက်မှာ သူငယ်ချင်းတွေစုပြီး မာလာရှမ်းကော လုပ်စားရအောင်

အချစ်ရေးမှာ နှစ်ဦးကြား ပြဿနာ နည်းအောင် ထိန်းသိမ်းရမယ့် နည်းလမ်းတွေ ရှိပါတယ်

အချစ်ရေးမှာ ပြဿနာနည်းအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်း ၅ ခု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate