အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ သမိုင်းဝင် သဘောတူညီချက် ကို ယနေ့ စင်ကာပူတွေ့ဆုံပွဲအပြီးမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီကနေ့ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွမ်း ကာပဲလာ အပန်းဖြေရိပ်သာမှာ ခေါင်းဆောင် ၂ဦး တွေ့ဆုံ ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံမှုဟာ အမြင့်ဆုံးရပ်တည် ချက်ဖြစ်ပြီး၊ တိုးတက်ဖြစ်ထွန်းမှု အများအပြားဟာ တကယ့်ကို အပြုသဘော ဆောင်ကာ ဘယ်သူမဆို မျှော်လင့်ထားတာ ထက် ပိုကောင်းနေတယ်လို့ ကျနော်ထင်ပါတယ်။ အမြင့်ဆုံးရပ်တည်ချက် အင်မတန် ကောင်းပါတယ်”လို့ ပြောပါတယ်။
သူတို့နှစ်ဦးဟာ ယနေ့နံနက် ၉နာရီ ၄မိနစ်မှာ စတင်တွေ့ဆုံ နှုတ်ဆက်ပြီးနောက်မှာ ဆွေးနွေးပွဲ စတင်ခဲ့ခြင်းဖြစ်ပြီး၊ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက “ဒီအစည်းအဝေးဟာ ငြိမ်းချမ်းရေးအတွက် ရှေ့ပြေးနိဒါန်းလို့ ကျနော် ယုံကြည်ပါတယ်” ဟု တနာရီကြာ အစည်းအဝေးမှာ ပြောပါတယ်။
အလားတူ သမ္မတ ထရမ့်ကလည်း “ကျနော်လည်း ထိုနည်းလုပ်ကောင်း ဆောင်ရွက်မှာပါ” ဟု တုံ့ပြန်သည်။
ထို့သို့ သီးသန့်တွေ့ဆုံခဲ့သည့် အကြောင်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “အင်မတန်ကောင်းပါ တယ်၊ ကျနော်တို့ ကြီးမားတဲ့ ပြဿနာ၊ အကျပ်အတည်းကို ဖြေရှင်းကြမှာပါ”လို့ ပြောသည်။
တဦးနှင့်တဥိး သီးသန့်တွေ့ဆုံခဲ့ကြသည့်အကြောင်းကို အမေရိကန်ခေါင်းဆောင်က “ အင်မတိ အင်မတန်ကောင်းပါတယ်။ ကျနော်တို့ ကြီးမားတဲ့ပြဿနာ၊ ကြီးမားတဲ့အကျပ်အတည်းကို ဖြေရှင်းကြမှာပါ” ဟု ကင်မ်နှင့်အတူ ဒေါ်နယ်ထရမ့်က ပြောကြားပါတယ်။
အလားတူ ထရမ့်၏အကောင်းမြင်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကလည်း“ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့နိဒါန်း တခု” ဟု ပြန်လည်တုံ့ပြန်ပြီး၊ “ ကျနော်တို့ ဒီထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်လို့ သံသယတွေ၊ ထင်ကြေးတွေအားလုံးကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးအတွက် ကောင်းတယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ကင်မ်က ပြောကြား ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။