သတင်း

ဘူးလက်ဦးလှဆွေကို ရွေးကောက်ပွဲ ကော်မရှင် သတိပေး

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ဝေဖန်သည့် ဆောင်းပါး ရေးသားဖော်ပြခဲ့သည့် ဘူးလက် သတင်းဂျာနယ် ထုတ်ဝေသူ ဦးလှဆွေကို ကော်မရှင်က နေပြည်တော်သို့ ခေါ်ယူ သတိပေးလိုက်သည်ဟု သိရသည်။

“သူပြောတာကတော့ တရားမျှတမှု မရှိဘူးလို့ ခဏ၊ ခဏ ပြောရင်တရားစွဲမယ်လို့ ပြောတယ်။ သိက္ခာကျတဲ့ အတွက်ကြောင့် တရားစွဲမယ်လို့ ကျနော့်ကို ပြောလိုက်ပါတယ်။ ပိုတဲ့ပိုက်ဆံတွေ ကော်မရှင်အဖွဲဝင်တွေ ခွဲယူ လိုက်တဲ့ပုံစံမျိုး စာဖတ်ပရိသတ်တွေက တွေးလိမ့်မယ်တဲ့။ ဒါကြောင့်မလို့ အဲဒါဟာ မှားပါတယ်တဲ့။ အဲဒါကို ဂျာနယ်ထဲမှာ ပြန်ဖြေရှင်း ဖော်ပြပေးပါတဲ့” ဟု ဦးလှဆွေက ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်တွင် မီဒီယာများသို့ ပြောသည်။

၂၁၀၈ ခုနှစ် မေလ ၁၇ ရက်နေ့ ထုတ် (Bullet News Journal) အတွဲ ၂၊ အမှတ် ၄၄၊ စာမျက်နှာ ၁၅ ပါ “၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အကြိုဟောကိန်း ဘုလတ် မှာတမ်းဆောင်းပါး ပါအကြောင်းအရာ ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူခဲ့သည့်အတွက် ဇွန်လ ၁၂ ရက်နေ့က သွားရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဘူးလက်သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဘတ်ဂျက်တောင်းခံခြင်းနှင့် ပတ်သက်ပြီး ဦးလှဆွေ၏ ဝေဖန်ရေးသားချက်မှာ မှန်ကန်မှုမရှိဘဲ စာဖတ်ပရိတ်သတ် အထင်အမြင် လွဲမှားနိုင်သဖြင့် ဂျာနယ်မှ ဖြေရှင်းချက်ကို ပြန်လည် ရေးသားပေးရန် တောင်းဆိုခဲ့သည်ဟုလည်း သိရသည်။

ထိုသို့ ရေးသားဖော်ပြချက်အပေါ်ကို ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဘတ်ဂျက်တင်ရာတွင် ပို၍ တင်တောင်းကြောင်း၊ ဘတ်ဂျက် တခါတင်ပြီးလျှင် နောက်ထပ် တင်ရန် အတွက် အခက်အခဲ ရှိသဖြင့် အသုံးပြုပြီး ဘတ်ဂျက်များကို ပြန်အပ်ကြောင်း ၊ ၂၀၁၇ ခုနှစ် အတွင်းမှ ထုတ်ထားသည့် ဘတ်ဂျက်များ ပိုနေသဖြင့် ပြန်လည်ပေးအပ်ပြီး တပြားတချပ်မှ အလွဲသုံးစားမလုပ်ကြောင်း ဦးလှဆွေကို ရှင်းပြခဲ့သည်ဟု ၎င်းက မီဒီယာများသို့ ပြန်လည် ပြောပြသည်။

သူသည် ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်လည်းဖြစ်ပြီး လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ၎င်း၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်များကို မကြာခဏ ရေးသားလေ့ရှိသူဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဦးလှဆွေ၏ အကောင့်ကို ဖေ့စ်ဘုတ်မှ ပိတ်သိမ်းခံလိုက်ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading