အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား ဆက်ဆံရေး နွေးထွေးလာသော်လည်း တရုတ်နိုင်ငံ အနေဖြင့် ထိုင်ဝမ်အတွက် အလားတူ ထိပ်သီးဆွေးနွေးပွဲမျိုးပြုလုပ်ရန် စိတ်ဝင်စားမည် မဟုတ် ကြောင်း တရုတ်အစိုးရက မနေ့ကကြေငြာသည်။
ယခုအပါတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သော စင်္ကာပူ၌ပင် ၂၀၁၅ ခုနှစ်က တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် ထိုစဉ်က ထိုင်ဝမ် သမ္မတ မာယင်ဂျောင်တို့သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ဖူးသည်။
သို့သော်တရုတ်က ထိုင်ဝမ်အား ပိုင်နက်အဖြစ်သတ်မှတ်ထားရာ နှစ်နိုင်ငံဆက်ဆံရေးမှာ ဆိုးရွား နေသည်။
ထိုင်ဝမ်က ၂၀၁၆ ခုနှစ်တွင် ဆိုင်အင်းဝန်ကို သမ္မတအဖြစ်ရွေးချယ်လိုက်ပြီးနောက် တရုတ်နိုင်ငံက ရန်လိုမှု မြင့်မားလာ သည်။ သမ္မတ ဆိုင်အင်းဝန်သည် လွတ်လပ်ရေးလိုလားသည် တိုးတက်သော ပါတီကို ဦးဆောင်သူဖြစ်ပြီး တရုတ်နိုင်ငံ၏ တရုတ်တနိုင်ငံထဲမူ ကို အသိအမှတ်မပြုသူဖြစ်သည်။
ဆိုင်အင်းဝန်က ထိုင်ဝမ်သည်လက်ရှိအနေအထားကိုနှစ်သက်သော်လည်း တရုတ်နိုင်ငံက အနိုင် အထက်ပြုသည်ကိုလက်ခံ မည် မဟုတ်သလို ထိုင်ဝမ်နှင့် ဒီမိုကရေစီကိုလည်း ကာကွယ်သွားမည်ဟု ပြောခဲ့သည်။
ထရမ့်-ကင်ဂျုံအန်း ထိပ်သီးဆွေးနွေးပွဲကြောင့် တရုတ်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးများ အလား တူနွေးထွေးလာမည် ဟူသည့် ခန့်မှန်းချက်များကို တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောခွင့်ရသူ မာရှောင်းကွမ်က ပယ်ချလိုက်သည်။
“ထိုင်ဝမ် ပြဿနာက တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးသက်သက်ပါ။ ဒီကိစ္စက မြောက်ကိုရီးယား-အမေရိကန်ဆက်ဆံရေး နဲ့ဘာမှမပတ်သက်ဘူး” ဟု မာရှောင်းကွမ် က ပုံမှန်သတင်းစာရှင်း လင်းပွဲမေးခွန်းတခုကို ဖြေကြားရာတွင်ပြောသည်။
“ထိုင်ဝမ်နဲ့ တရုြတ်ပည်မကြီးဟာ တရုတ်နိုင်ငံနဲ့ပဲသက်ဆိုင်တယ်။ ထိုင်ဝမ်ရေလက်ကြား ဆက်ဆံရေးဟာ နိုင်ငံအချင်း ချင်း ဆက်ဆံရေးမဟုတ်ဘူး” ဟုလည်း သူဆက်လက်ပြောကြားသည်။
၂၀၁၅ ခုနှစ် ရှီကျင်းဖျင်နှင့် -မာယင်ဂျောင် ထိပ်သီးဆွေးနွေးပွဲကို ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင် သည့်အခြေခံပေါ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်လုံး ၎င်းတို့၏ပြဿနာကို ၎င်းတို့ဘာသာဖြေရှင်း နိုင်သည့် စွမ်းရည်ရှိကြောင်းပြသခဲ့ သည်ဟု လည်း မာယင်ဂျောင်က ပြောသည်။
နှစ်ဖက်ဆက်ဆံရေးတိုးတက်ရေးမှာ ထိုင်ဝမ်အာဏာရ ပါတီအပေါ်တွင်သာမူတည် သည်ဟု လည်း သူဆက်ပြောသည်။
ထိုင်ဝမ်သည် တရုတ်နိုင်ငံဖက်က အထိမခံနိုင်သော ပိုင်နက်ပြဿနာဖြစ်ပြီး အန္တရာယ်ကြီးမားသော စစ်ရေးတင်းမာမှု နေရာဖြစ်သည်။ လွန်ခဲ့သော နှစ်မှစတင်ပြီး တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းပတ်လည်တွင် ဗုံးကြဲတိုက်လေယာဉ်များ အပါအဝင် စစ်အင်အားများတိုးချဲ့ထားသည်။