အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားမဝင်သော်လည်းခိုင်မာသော ဆက်ဆံရေးထူထောင်ပေးသည့် အမေရိကန်၏ အမည်မခံသော သံရုံးသစ်ကို ထိုင်ဝမ်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ဖွင့်လှစ်လိုက်သည်။
ယခုဖွင့်လှစ်သည့် အမေရိကန် အင်စတီကျု့(AIT) သည် တိုင်ပေ၏ နိုင်ဟု ခရိုင်တွင်တည်ရှိပြီး ဒေါ်လာသန်း ၂၅၀ အကုန်အကျခံကာ ၉ နှစ်ကြာတည်ဆောက်ရသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် ပညာရေးနှင့် ယဉ်ကျေးမှုရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မာရီ ရိုက်စ် က ထိုကြီးမားလှသည့် အဆောက်အအုံကြီးသည် ၂၁ ရာစု ထိုင်ဝမ်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှု ရှင်သန်ခိုင် မာခြင်း၏ သင်္ကေတ ဖြစ်သည်ဟုပြောသည်။
အဆိုပါ ဝန်ကြီး ရိုက်စ်သည် ၂၀၁၅ ခုနှစ် နောက်ပိုင်း ထိုင်ဝမ်သို့ သွားရောက်သည့် အဆင့်အမြင့်ဆုံး အမေရိကန် နိုင်ငံခြား ရေး အရာရှိဖြစ်ပြီး သူမ၏ ခင်ပွန်းဖြစ်သူ အောက်လွှတ်တော်အမတ် အက်ဒ်ရိုက် ဦးဆောင်တင်သွင်းသည့် ထိုင်ဝမ်ခရီးသွား လာ ရေးဥပဒေကို သမ္မတထရမ့် လက်မှတ်ရေးထိုးပြီးနောက် ထိုင်ဝမ်သို့ သွားရောက်သည့် ပထမဆုံး အမေရိကန်အရာရှိ လည်းဖြစ်သည်။
ထိုဥပဒေသည် အမေရိကန်နှင့် ထိုင်ဝမ်အရာရှိအဆင့်အားလုံး အပြန်အလှန်လည်ပတ်ရေးကို အားပေးသည်။
ထိုင်ဝမ် သမ္မတ ဆိုင်အင်းဝန်ကလည်း ထိုအဆောက်အအုံသစ်သည် ဆယ်စုနှစ်များစွာ ရှည်ကြာသည့် ဇာတ်လမ်းတခု၏ အခန်းသစ်ဖြစ်သည်ဟုပြောသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်နှင့် တရားဝင် မဆက်ဆံရန်နှင့် ဆက်ဆံရေးမမြှင့်တင်ရန် တရုတ်က တိုက်တွန်းထားသည်။
အဆိုပါ အင်စတီကျူ့ဖွင့်ပွဲ အခမ်းအနားသို့ ရိုက်စ်အပြင် အောက်လွှတ်တော်အမတ် ဂရက် ဟားပါး၊ AITဥက္ကဌ ဂျိမ်း မိုရီယာတီနှင့်အခြားသူများလည်း တက်ရောက်ကြသည်။
အမေရိကန်နှင့် ထိုင်ဝမ် ယဉ်ကျေးမှုဆက်ဆံရေးနှင့် ပြည်သူခြင်း ဆက်ဆံရေးသည် အခိုင်မာဆုံးဖြစ်နေ သည်ဟု ဂျိမ်းမိုရီယာတီက ပြောသည်။