• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင် စစ်ရှောင်ကလေး ၅၀၀ ခန့် ပညာသင်ကြားရေး အခက်အခဲ ရှိနေ

by လဲ့လဲ့
18 June 2018
in သတင်း
A A
တန်ဖရဲရွာ ဒုက္ခသည် စခန်းရှိ ကလေးငယ် တချို့ကို တွေ့ရစဉ်  / နန်းလွင်နှင်းပွင့် / ဧရာဝတီ

တန်ဖရဲရွာ ဒုက္ခသည် စခန်းရှိ ကလေးငယ် တချို့ကို တွေ့ရစဉ် / နန်းလွင်နှင်းပွင့် / ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ တန်ဖရဲရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ကလေးငယ် ၅၀၀ ခန့် အတွက် ပညာ ဆက်လက် သင်ကြားနိုင်ရန် နေရာ အခက်အခဲ ဖြစ်နေသည်ဟု သတင်း ရရှိသည်။

အင်ဂျန်းယန်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဒေါ်ဂျာဆိုင်းခေါန်က “တန်ဖရဲမှာတော့ ကလေးက ငါးရာကျော်ရှိတယ်။ အဲဒါကြောင့် ဘာသာရေး အဖွဲ့အစည်းတွေကလည်း သူတို့အစီအစဉ်နဲ့ သူတို့ ပလန ကျောင်းမှာ စင်တာ တခု ဆောက်နေ တယ်။ အဲဒီမှာ ဆောက်နေတာ ပြီးသွားရင် တချို့ကလေးတွေကို ပလန ကျောင်းကို ခေါ်မယ် လို့ ပြောတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

RelatedPosts

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
0
Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
191
အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
620

ထို စစ်ဘေးရှောင် ဒုက္ခသည် ကလေး ၅၀၀ ခန့်သည် မြစ်ဆုံတဖက်ကမ်းရှိ အင်ဂျန်းယန်မြို့နယ်၌ နေထိုင်ကြသူများ ဖြစ်ပြီး ဧပြီလ အတွင်းက တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများကြောင့် ထွက်ပြေးလာရကာ တန်ဖရဲ ရွာရှိ ကတ်သလစ် ဘုရားကျောင်းတွင် ခိုလှုံနေကြသူများ ဖြစ်ကြောင်း သိရသည်။

ယင်း ကလေး ၅၀၀ တွင် အခြေခံ နှင့် အလယ်တန်း သင်ကြားမည့် ကျောင်းသားဦးရေ ၃၀၀ ခန့်ရှိပြီး အထက်တန်း တက်ရောက်မည့် ကျောင်းသားဦးရေ ၂၀၀ ခန့်ရှိသည်ဟု ဆိုသည်။

သူငယ်တန်းမှ ၇ တန်း အထိ ကျောင်းသား သုံးရာကျော်နှင့် အထက်ကျောင်းသား တချို့သည် လက်ရှိ စစ်ရှောင် ခိုလှုံနေ သည့် ကတ်သလစ် ဘုရားကျောင်း ပြင်ပရှိ သစ်ပင်များအောက်တွင် စာသင်ကြား လျက်ရှိပြီး ၈ တန်းမှ ၁၀ တန်းအထိ ကျောင်းသား တချို့အား ပလန ၌ ပညာဆက် လက်သင်ကြားနေကြောင်း သိရသည်။

“ကျောင်းတွေလည်း ဆောက်လို့ မပြီးသေးဘူး။ ပညာရေးဌာန ကလည်း ဘတ်ဂျက်က ကြာတယ်။ အဲဒီတော့ လတ် တလော သူငယ်တန်းကနေ ၈ တန်းလောက် အထိ အလယ်တန်းကို တန်ဖရဲမှာပဲ သင်မယ်။ လောလောဆယ်မှာတော့ ကျောင်းဆောင်တွေ လိုနေတယ်” ဟု ဒေါ်ဂျာဆိုင်းခေါန်က ဆက်လက် ပြောသည်။

စစ်ရှောင် ကလေးငယ်များ ခိုလှုံနေသည့် တန်ဖရဲရွာရှိ ကတ်သလစ် ဘုရားကျောင်းသည် ကျောင်းပိုင်မြေ မရှိသည့်အပြင် ဘာသာရေး အဆောက်အအုံ ရှိသည့် နေရာဖြစ်သောကြောင့် ခိုင်မာသည့် ကျောင်းဆောင် အဆောက်အအုံ ဆောက်လုပ် ၍ မရနိုင်ကြောင်း လူမူရေးဝန်ကြီး ဒေါက်တာ သင်းလွင် ကလည်း ဧရာဝတီသို့ ပြောသည်။

ဆက်လက်ပြီး ၎င်းက“သူငယ်တန်းကနေ ၆ တန်းအထိ ကလေးအကုန်လုံးပေါင်း သုံးရာလောက် ရှိတယ်။ အခုက အဆောက်အအုံ မရှိတဲ့ အချိန်ကျ မနက်၊ ညခွဲပြီး သင်နေရတယ်။ စားပွဲတွေက အစ အဆင်မပြေဘူး။ သူတို့က ပြန် ဆောက်ဖို့ ရှိတယ်။ သူတို့ ဆောက်မယ့် အစီအစဉ်ကလည်း မိုးကာနဲ့ ဝါးနဲ့ပဲ” ဟု ပြောသည်။

“အဆောက်အအုံ ကတော့ ဆောက်လို့မရဘူး။ ဘာလို့ဆို တိုက်ပွဲတွေလည်း မရှိတော့ဘူးဆိုတော့ နေရပ်ပြန်တာ အကောင်း ဆုံးပဲ။ တပ်တွေလည်း ပြန်ဆုတ်သွားပြီ ဆိုရင်တော့။ အခုကတော့ လတ်တလော ဆိုတဲ့ အခါကျတော့ ယာယီ အဆောက်အအုံတွေပဲ လုပ်ပေးစရာ ရှိတယ်” ဟုလည်း ဒေါက်တာ သင်းလွင်က ပြောဆိုသည်။

စစ်ရှောင် ကလေးငယ်များ ကျောင်းပညာ ဆက်လက် သင်ကြားနိုင်ရေး အတွက် ပညာရေးဌာနနှင့် ကုလသမဂ္ဂ ကလေး များ ရန်ပုံငွေအဖွဲ့ (UNICEF) ကို အကူအညီ တောင်းခံရာ၌ ကျောင်းသားဦးရေ ၅၀ ခန့် သင်ကြားနိုင်မည့် စခန်းများ ရရှိရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

UNICEF မှ ယင်းသို့ ဆောက်လုပ် ပေးနေသော်လည်း အကူအညီများစွာလည်း လိုအပ်နေသေးကြောင်း ဒေါ်ဂျာ ဆိုင်းခေါရ် က ပြောသည်။

ဧပြီလအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများကြောင့် တနိုင်း၊ မိုးကောင်း၊ အင်ဂျန်းယန်နှင့် ဖားကန့်မြို့နယ်တို့ အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၆ ထောင်ခန့် အသစ် ထပ်တိုးလာသည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်း တပ်မတော်နှင့် KIA တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး စစ်ဘေး ရှောင် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရသူ တသိန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: စစ်ရှောင်ဒုက္ခသည် ကလေးများ ပညာသင်ရေး
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အဆိုတော် ချောစုခင်  / ချစ်ပိုး / ဧရာဝတီ

ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ် အွန်လိုင်းကနေ တင်သွားမယ့် အဆိုတော် ချောစုခင်

ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုရှိ ရေဘေးသင့်သူများ / ဒေါက်တာလှမြတ်သွေး

ပုသိမ်ရေဘေး ထောက်ပံ့ငွေ အပြည့်မရဟု ရေဘေးသင့်သူများပြော

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.9k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.6k

Most Read

  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate