သတင်း

သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးအဆို ကန့်ကွက်သူများ

Want create site? Find Free WordPress Themes and plugins.

သက်ငယ်မုဒိမ်း ကျူးလွန်သူများကို ထိရောက်ဟန့်တားနိုင်ရန် အထူး ဥပဒေ တရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှု၊ ပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည် အထိ တိတိကျကျ ရေးဆွဲပြဌာန်းပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းစဉ် ကန့်ကွက်သူများသည့်အတွက် မှတ်တမ်းအဖြစ်သာ ထားရှိလိုက်ကြောင်း သိရသည်။

ထို့ကြောင့် အစိုးရက သက်ငယ်မုဒိမ်းမှုများကို ထိရောက်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်နေပြီဖြစ်ရာ ယခုအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် သက်ဆိုင်ရာဌာနများက တင်ပြခဲ့သော်လည်း အဆိုရှင်ဖြစ်သူ ဒေါ်ခင်စောဝေက လက်မခံခဲ့ပါ။

“လူကယ်ပြန် ဒုုဝန်ကြီးပြောကြားသွားတာက ကျမရဲ့အဆိုုဟာ ပြည်သူ့အစိုုးရနဲ့ ထပ်တူကျနေပါတယ်တဲ့။ သူတိုု့လည်း ဥပဒေတွေ လုုပ်ဖို့ လိုနေပါတယ်လိုု့ ပြောပါတယ်။ အဲဒါကြောင့် ကျမရဲ့အဆိုုက ပြည်သူ့အစိုုးရနဲ့ ထပ်တူကျနေတယ်ဆိုုရင် ကျမအဆိုုကိုု အတည်ပြုဖိုု့သင့်ပါတယ်”ဟု ဒေါ်ခင်စောဝေက ပြောသည်။

ထို့ကြောင့် အစိုးရ၏ သဘောထား ဖြစ်သည့် မှတ်တမ်းတင်ထားရန်နှင့် ဒေါ်ခင်စောဝေ၏ သဘောထားဖြစ်သည့် အတည်ပြုပေးရန်တို့ကို မဲခွဲဆုံးဖြတ်ရာ အဆိုကို ကန့်ကွက်သူများသည့် မှတ်တမ်းအဖြစ်သာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို မဖြစ်မနေ သေဒဏ်ပေးရမည်ဟု ဆုံးဖြတ်ပါက မှုခင်းသဘာဝအရ ကာမရာဂစိတ် ဖိစီးနေသူ တ ရားခံသည် မိမိကျခံရသည့် ပြစ်ဒဏ်ကြောင့် အဓိကသက်သေဖြစ်မည့် အပြုကျင့်ခံရသူ ကလေးငယ်ကို သက်သေခံ ဖျောက်သည့် အနေနှင့် နုတ်ပိတ်သတ်ဖြတ်မှုများ ပိုများလာနိုင်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သုံးသပ်သည်။

ယနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်တွင် ရသေ့တောင်အမတ် ဒေါ်ခင်စောဝေ၏ သက်ငယ်မုဒိမ်း ကျူးလွန်သူများအား ထိရောက် ဟန့်တားနိုင်ရန် အထူးဥပဒေတရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှု၊ ပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျ ကျ ရေးဆွဲပြဌာန်းပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ရှင်းလင်းစဉ် တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က အထက်ပါအတိုင်း ပြောကြားသည်။

“တရားခံက မိမိကျခံရမည့် ပြစ်ဒဏ်ချင်းအတူတူ မိမိအပေါ် သေဒဏ်ကျအောင် စွပ်စွဲထွက်ဆိုုမယ့် အဓိက သက်သေလည်းဖြစ်တဲ့ အပြုကျင့်ခံ ကလေးသူငယ်ကိုု သက်သေခံဖျောက်ဖျက်တဲ့အနေနဲ့နှုတ်ပိတ်သတ်ဖြတ်မှုများ ပိုုမိုုများပြားလာနိုင်တဲ့အတွက် အပြုကျင့်ခံ ကလေးသူငယ်များ၏ အသက်လုံုခြုံမှုကိုုထည့်သွင်း စဉ်းစားသင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ယနေ့ခေတ် လူငယ်၊ လူရွယ်များသည် အသက် ၁၅၊ ၁၆ နှစ် အရွယ် သက်တူရွယ်တူများသည် လူငယ်သဘာဝ ချစ်ကြိုက်ကြပြီး စိတ်အ လိုုလိုုက်မိုုက်မှားမိကြရာမှ အဆင်မပြေသည်အခါ မိန်းမငယ်၏ အသက် ၁၆ နှစ်အောက် ဖြစ်နေသောကြောင့် မုုဒိမ်းမှုအဖြစ် အရေးယူ ရသည့် ဖြစ်စဉ် များစွာ ရှိကြောင်း ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်က လွှတ်တော်တွင် ပြောသည်။

“ဒီအချက်ကိုုလည်း ထည့်သွင်းပြီးတော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ငယ်မုုဒိမ်းမှုမှန်မျှ သေဒဏ်ချမှတ်ရမယ်ဆိုုတဲ့ အတိ အကျ ပြဌာန်းပြီး ပညတ်ပေးမယ်ဆိုုရင် သင့်မြတ်မှုရှိ၊ မရှိ တရားမျှတမှုရှိ၊ မရှိ စဉ်းစားဖိုု့ လိုုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှု ရာခိုင်နှုန်းမှာ ၂၀၁၆ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၆၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ရာ နှစ်အလိုက် မုဒိမ်းမှု ဖြစ်ပွားမှု အရေအတွက် များပြားလာရာ သက်ငယ် မုဒိမ်းမှု ဖြစ်ပွားမှုမှာ မြင့် မားလာကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက လွှတ်တော်တွင် ပြောသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ သက်ငယ်မုဒိမ်း ဖြစ်ပွားမှုတွင် ကျူးလွန်ခံရသူများအနက် ၂ နှစ်မှ ၅ နှစ် အကြား ကလေး သူ ငယ်များပင် ပါရှိပြီး အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ကလေးသူငယ်များတွင် အများဆုံး ကျူးလွန်ခံရကြောင်းနှင့် ကျူးလွန်သူ အများစုမှာ အသက် ၁၉ နှစ်မှ အသက် ၅၀ နှစ်ကြား အများဆုံး ဖြစ်ကြောင်း၊ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များပင်လျှင် ကျူးလွန်မှု ရှိကြောင်း သိရှိရသည်။

ကျူးလွန်သူများအနက် ပထွေးများနှင့် ဆွေမျိုးတော်စပ်သူများမှ အခွင့်အရေး ရယူမှု ရှိသကဲ့သို့ ဖခင်ရင်းများပင် ကျူးလွန်ကြောင်း တွေ့ ရှိရပြီး တစိမ်း အမျိုးသားများက ကျူးလွန်မှု အများဆုံးဖြစ်ကြောင်း၊ ထို့ပြင် နေ့အချိန် ကျေးရွာများတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်းနှင့် ကျူးလွန်ခံရသည့် အကြောင်းရင်းများတွင် ကလေးသူငယ်များ အပေါ် အဓမ္မ ပြုကျင့်မှုများ အများဆုံး ဖြစ်ပွားကြောင်း သိရသည်။

မိမိတို့ လူမှုအဖွဲ့အစည်းတွင် မည်သည့် အကြောင်းပြချက်နှင့်မျှ လက်ခံနိုင်ဖွယ်မရှိသည့် သက်ငယ်မုဒိမ်း ဖြစ်ရပ်များအား လျော့နည်း ပပျောက်အောင် ဆောင်ရွက်ရာမှာ သေဒဏ်ကဲ့သို့သော အသက်ကို ထုတ်နှုတ်စေရုံဖြင့် ယင်းကဲ့သို့ ဖြစ်ရပ်များ ပပျောက်သွားမည်ဟု ခိုင်ခိုင်မာမာ ပြောဆိုရန် ခက်ခဲမည်ဆိုသည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်တချို့ကလည်း ထောက်ပြဆွေးနွေးခဲ့ကြသည်။

“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ရင် ထိရောက်ဟန့်တားနိုင်တဲ့ အထူးဥပဒေအရပ် ရေးဆွဲမယ်ဆိုတာထက် ရေးဆွဲပြဌာန်းမည် ဆိုပါက ကာလကြာရှည်စွာ စောင့်ဆိုင်းရမယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အောက်မှာ အပိုင်ခွဲပြီး သက်ငယ် မုဒိမ်းနဲ့ ပတ်သက်တဲ့အပိုဒ်ကို ပြင်ဆင်ရေးဆွဲရင် ပိုမြန်မယ်လို့ ထင်ပါတယ်”ဟု ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေးဝင်းက လွှတ်တော်တွင် ဆွေးနွေးသည်။

မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ ရာဇသတ်ကြီးပုုဒ်မ ၃၇၆ တွင် မုုဒိန်းမှု ကျူးလွန်သူကိုု အနှစ် ၂၀ ထောင်ဒဏ် ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုုင်ကြောင်း၊ မုုဒိန်းကျင့်ခံရသော မိန်းမသည် မိမိမယား ဖြစ်၍ အသက် ၁၂ နှစ်အောက် မဟုုတ်လျှင် မုုဒိန်းကျင့်သောသူကိုု ၂ နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၂ ရပ်စလုံုးဖြစ်စေ ချမှတ်နိုုင်သည်လိုု့ ပြဌာန်းထားကြောင်း တရားလွှတ်တော်ချုပ်ထံမှ သိရသည်။

“တရားရုံုးများက ကျူးလွန်တဲ့တရားခံကိုု ထောင်ဒဏ်အနှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေ ဒဏ်လည်း ချမှတ်နိုုင်ပါတယ်။ သိုု့ရာတွင် တရားခံသည် မုုဒိန်းမှု ကျူးလွန်စဉ် လူသတ်မှုကျူးလွန်ခဲ့ပါက ထိုုတရားခံကိုု ရာဇသတ်ကြီး ပုုဒ်မ ၃၀၂၊ ၁ (ဂ) အရ သေဒဏ် ချမှတ်ရမှာ ဖြစ်ပါတယ်”ဟု ဦးမျိုးတင့်က ပြောသည်။

မိမိတို့ လူ့အဖွဲ့အစည်းအတွင်း တဦးနှင့်တဦး လူ့ကျင့်ဝတ်နှင့်အညီ အပြန်အလှန် ပြုမူဆက်ဆံနိုင်ရေးအတွက် အခြားသော နည်းလမ်း များဖြစ်သည့် လူမှုရေးအားဖြင့် ကြိုတင်ထိန်းချုပ်ခြင်းနှင့် ထိုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပွားနိုင်သည့် အခြေအနေများအား ကြိုတင်လျှော့ချခြင်း တို့ဖြင့် မျှတစွာ ဆောင်ရွက်ပေါ်နိုင်မှသာ ထိုကဲ့သို့ ဖြစ်ရပ်များ လျော့ကျသွားမည်ဟု ရှေ့နေချုပ်ရုံးက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း သက်ငယ် မုဒိမ်းမှုများအား စုံစမ်း စစ်ဆေးပြီး တရားရုံးများသို့ တရားစွဲဆို တင်ပို့ခဲ့ရာ ၂၀၁၆ ခုနှစ် တွင် ၉၆.၇၂ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ် ၉၇.၉၉ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလမှ ဧပြီလအထိ ၆၇.၁၇ ရာခိုင်နှုန်း တရားစွဲ တင်နိုင်ခဲ့ကြောင်း၊ သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများအား ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ် ၂၀ နှစ်အထက် ၁၈ ဦး အမိန့်ချမှတ်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၅ ဦးအထိ အမိန့်ချမှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သေဒဏ်တဦး ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

သေဒဏ် ပြဌာန်းခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘာပေါ်တွင် သေဒဏ်ချမှတ်ခွင့်ကို ဖျက်သိမ်းထားသည့် နိုင်ငံများ၊ သမရိုးကျ ပြစ်မှုများကို သေ ဒဏ်ချမှတ်ခွင့်ကို ဖျက်သိမ်းထားသည့် နိုင်ငံများ၊ သေဒဏ်ကို ပြဌာန်းထားသော်လည်း လက်တွေ့ကျင့်သုံးမှုမရှိသည့် နိုင်ငံများ၊ သေ ဒဏ် ချမှတ်ခွင့်ကို ဆက်လက်ကျင့်သုံးလျက်ရှိသည့် နိုင်ငံများဆိုပြီး ၄ မျိုးရှိရာ မြန်မာနိုင်ငံသည် သေဒဏ်ကို ပြဌာန်း ထားသော်လည်း လက်တွေ့ကျင့်သုံးခြင်းမရှိသည့် နိုင်ငံတခု ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading