လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကမ္ဘောဒီယားမင်းသား နိုရိုဒွန် ရာနာရစ်သည် ယာဉ်တိုက်မှုကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံရှိ ဆေးရုံတရုံသို့ တနင်္လာနေ့ နံနက်ပိုင်းက လွှဲပြောင်း ပေးခဲ့ရကြောင်း သိရသည်။
အသက် ၇၄နှစ်ရှိ မင်းသားကြီး နိုရိုဒွန် ရာနာရစ်သည် တနင်္ဂနွေနေ့ နံနက်ပိုင်းက ကမ္ဘောဒီးယား အနောက်တောင်ပိုင်း ဆီဟန့်နော့ဗီလာသို့ ၎င်း၏ ဖွန်ဆွန်ပက်ပါတီမှ ထိပ်တန်းပါတီဝင်များ လိုက်ပါလျှက် ယာဉ်တန်းဖြင့်ထွက်ခွာလာစဉ် ဆန့်ကျင်ဘက် ယာဉ်ကြောမှ တက္ကစီတစီးက ၎င်း၏ SUVကားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပါတီထိပ်တန်း ခေါင်းဆောင်တဦးက ပြောသည်။
လာမည့်လတွင် ကျင်းပမည့် ကမ္ဘောဒီးယား အထွေထွေ ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်နေသည့် အသက် ၃၉နှစ်အရွယ် အောက်ပယ်လာမှာ ဇနီးသည်မှာလည်း ဆေးရုံတွင်သေဆုံးသွားပြီး၊ မင်းသားကြီး ရာနာရစ်မှာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသဖြင့် ဖနွမ်းပင်မြို့သို့ ပိုဆောင်ကာ အရေးပေါ်ကုသပြီးနောက် ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်သည်။
ဖွန်ဆွန်ပက် ပါတီ ပြောခွင့်ရ နက်ဘန်းချင် က မင်းသားကြီး ရာနာရစ်၏ အခြေအနေမှာ တိုးတက် သည်ဟု ဆိုသော်လည်း ဘန်ကောက်မြို့သို့ ပို့ဆောင်ကာ အသက်လုနေရသည့် အခြေအနေကိုမူ ပြောဆိုခြင်းမရှိပေ။
ကုလသမဂ္ဂက ကျင်းပပေးခဲ့ရသည့် ၁၉၉၃ ခုနှစ် ကမ္ဘောဒီးယားရွေးကောက်ပွဲအပြီးတွင် ဟွန်ဆန်ပါတီ အနိုင်ရ၍ အာဏာ ခွဲဝေရေး မလွယ်ကူသဖြင့် မင်းသားကြီးရာနာရစ်သည် ပူးတွဲဝန်ကြီးချုပ်အဖြစ် ၄ နှစ်တာ ထမ်းဆောင်ခဲ့ရသည်။
ပြည်သူများအကြား ရေပန်းစားသည့် နောက်ဆုံးဘုရင်သီဟာနုကြောင့် မင်းသားကြီး ရာနာရစ်သည် တော်ဝင်မျိုးနွယ်ဖြစ် သဖြင့် ထောက်ခံသူ များပြားခဲ့သော်လည်း ဟွန်ဆန်နှင့်ဆက်ဆံရေးမှာ မကြာ ခဏတင်းမာနေခဲ့သည်။
ဖနောင်ပင်မြို့တွင် သူနှင့်ဟွန်ဆန်တို့အကြား သဘောထားကွဲလွဲ၍ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် ရာထူးအဖယ်ရှားခံရကာ နိုင်ငံခြားသို့ ထွက်ပြေးခဲ့ရသည်။
လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရာနာရစ်သည် ခွင့်ပြုချက်ရရှိသော်လည်း မဲဆွယ် စည်းရုံးရေးမှာ ထပ်မံမအောင်မြင်ခဲ့ပေ။ နိုင်ငံရေးနယ်ပယ်တွင် ပိုမိုကျွမ်းကျင်သည့် ဟွန်ဆန်ကို ကျော်လွန်၍မရသဖြင့် ဖွန်ဆွန်ပက်ပါတီနှင့်အတူ ရာနာရစ်သည် နိုင်ငံရေးသြဇာကျဆင်းလာခဲ့သည်။
ရာနာရစ်သည် လက်ရှိတွင် ဖွန်ဆွန်ပက်ပါတီ၏ဥက္ကဋ္ဌဖြစ်သည်။ ၎င်းပါတီက အမျိုးသားညီလာခံတွင် နေရာ ၄၁ နေရာရှိထားသော်လည်း ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီက မလို၍ ဘေးဖယ် ထားသည့်နေရာများသာ ဖြစ်သည်။