အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမှုအကြောင်း ရှင်းပြရန်အတွက် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းသည် ယခုတပတ်အတွင်း တရုတ်နိုင်ငံသို့ သွားမည်ဖြစ်ကြောင်း ဂျပန်သတင်းဌာနများက ဖော်ပြသည်။
မြောက်ကိုရီးယား ခေါင်းဆောင်သည် တရုတ်ပြည် ဘေဂျင်းသို့ လေကြောင်းဖြင့် သွားမည်ဟု မျှော်လင့်ရပြီး၊ လုံခြုံရေးအစီ အမံများလည်း အသင့်ပြင်ထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကို ကိုးကား၍ Nikkei သတင်း ဌာနက ရေးသားသည်။
အကယ်၍ ဤသတင်းသာ အတည်ပြုဖြစ်ပါက မြောက်ကိုရီးယားခေါင်းဆောင်သည် ယခုနှစ်အတွင်း တရုတ်ပြည်သို့ တတိယအကြိမ် သွားရောက်ခြင်းဖြစ်ပြီး၊ ၎င်း၏ အဖိုး ကင်အီဆွန်း၊ အဖေဖြစ်သူ ကင်ဂျုံအီတို့ထက် တရားဝင်နိုင်ငံခြားခရီး စဉ် ပိုမိုများပြားသူဖြစ်လာသည်။
သံတမန်သတင်းရပ်ကွက်ကို ကိုးကား၍ ကျိုဒို ဂျပန်သတင်းဌာနက “မြောက်ကိုရီးယား၏ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအန်း သည် ဘေဂျင်းမြို့သို့ လေကြောင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း၊ ဇွန်လ ၁၂ ရက်က စင်ကာပူထိပ်သီး တွေ့ဆုံပွဲသွားသည့် လေယာဉ်ဖြင့်ပင် ဘေဂျင်းမြို့သို့ လိုက်ပါစီးနင်းသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြသည်။
ကင်ဂျုံအန်းသည် နျူကလီးယားလက်နက် စွန့်လွှတ်ခြင်းဖြင့် သူ့နိုင်ငံအား စီးပွားရေးပိတ်ဆို့ခံရမှုမှ လွတ်ရန် နည်းလမ်း ရှာကြံလျက်ရှိပြီး တရုတ်ထံမှ အထောက်အပံ့လည်း မျှော်လင့်နေသည်ဟု ယုံကြည်ရကြောင်း ဘေဂျင်းရှိ Nikkei သတင်းထောက်က ဘေဂျင်းမြို့မှ သတင်းပေးပို့သည်။
ပြီးခဲ့သည့်သီတင်းပတ်က စင်ကာပူနိုင်ငံ၌ ပြုလုပ်သည့် သမိုင်းဝင် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံမှုအပေါ် တရုတ်က ၎င်း၏ စစ်အေးခေတ် မဟာမိတ် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့်စီးပွားရေးဒဏ်ခတ်မှု ဖြေလျော့ပေး ရန် စဉ်းစားသင့်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အကြံပြုရာ၊ စင်ကာပူ၌ စေ့စပ်ညှိနှိုှု်င်းမှုတွင် တရုတ်အနေဖြင့် တိုက်ရိုက်မပါဝင်သော်လည်း နောက်ကွယ်တွင် ကြီးမားသော လွှမ်းမိုးမှုရှိနေသည်။
ထရမ့်-ကင်ဂျုံအန်း ထိပ်သီးတွေ့ဆုံပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် တရုတ်သမ္မတ ရှီကျင့်ဖျင် ထံ တရုတ်ရင်းနှီးမြှပ်နှံမှု ရှင်းလင်းရန် တရုတ်နိုင်ငံသို့ အပြေးအလွှား သွားခဲ့သလို အခြားထိပ်ပိုင်းခေါင်း ဆောင် များလည်း အလားတူ တရုတ်ထံသွားရန်ရှိသည်။
စင်ကာပူတွင်ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ကင်မ်က “ကိုရီးယားကျွန်းဆွယ် နျူးကလီးယားကင်းစင်ရေး အပြည့်အဝလုပ်ဆောင်ရန်” အာမခံခဲ့သည်။