အမေရိကန်နှင့် တောင်ကိုရီးယားတို့ လာမည့် သြဂုတ်လတွင် စီစဉ်ထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို ဆိုင်းငံထားရန် သဘောတူညီကြောင်း မနေ့က သတင်းထုတ်ပြန်သည်။
သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ယခင်သီတင်းပတ်က တွေ့ခဲ့ ပြီးနောက် ထရမ့်က “စစ်ရေးလေ့ကျင့်မှု”ကို အဆုံးသတ်မည်ဟု ကတိပြုခဲ့ခြင်းကြောင့် ယခုသဘောတူ ညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“တောင်ကိုရီးယားနှင့်အမေရိကန်တို့သည် သြဂုတ်လအတွက်ရေးဆွဲထားသော လွတ်လပ်စွာ စောင့် ကြပ်မှု စစ်ရေးလေ့ကျင့် ခြင်းဟု မှတ်ယူသည့်လှုပ်ရှားမှုအစီအစဉ်အားလုံး ဆိုင်းငံ့ရန် သဘောတူ ညီကြသည်” ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။
ပင်တာဂွန်ကြေညာချက်တစောင်ကလည်း ယင်းဆိုင်းငံ့မှုကို အတည်ပြုထားပြီး ကာကွယ်ရေး အတွင်းဝန်များ၊ နိုင်ငံခြား ရေးဌာနနှင့် သမ္မတထရမ့်၏အမျိုးသားလုံခြုံရေးအကြံပေးတို့သည် ယခုရက်သတ္တပတ်တွင် ကိုရီးယားကျွန်းဆွယ်ကိစ္စ အစည်း အဝေးကျင်းပရန်ရှိကြောင်း ဖြည့်စွက် ဖော်ပြထားသည်။
“သမ္မတထရမ့်ရဲ့ကတိစကားနဲ့ ကျနော်တို့ မဟာမိတ်ကိုရီးယား သမ္မတနိုင်ငံဟာ တသမတ် တည်းရှိ နေမှာဖြစ်ပြီး အမေရိ ကန်စစ်ဘက်က အခုလာမယ့်သြဂုတ်လအတွက် ‘စစ်ရေးလေ့ကျင့်မှု အတွက် စီစဉ်ထားတာ အားလုံးကို ဆိုင်းငံ့ထားပြီဖြစ် ပါတယ်”ဟု ပင်တာဂွန် ကြေညာချက်က ဆိုသည်။
ယင်းလေ့ကျင့်ခြင်းသည် လက်နက်များ၊ တင့်ကားများ၊ တိုက်လေယာဉ်များသုံး၍ လက်တွေ့ကွင်း ပြင်တွင် လေ့ကျင့်ခြင်း ထက် ကွန်ပျူတာဖြင့် ပုံတူပြုလုပ်၍လေ့ကျင့်ခြင်းကို အထူးဦးစားပေး ထားသည်ဆိုသော်လည်း ယမန်နှစ်က အမေရိကန် စစ်အင်အား ၁၇၅၀၀ နှင့်တောင်ကိုရီးယားစစ်သား ၅၀၀၀၀ ပါဝင်ခဲ့သည်။
Foal Eagle နှင့် Max Thunder ကဲ့သို့ စစ်ရေးလေ့ကျင့်မှုများကို အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့် မှုပြက္ခဒိန်အရ နွေဦးရာသီတိုင်း ပြုလုပ်လေ့ရှိပြီး အဆိုပါလေ့ကျင့်မှုနှစ်ခုလုံးကို ယခင်လက ပြုလုပ်ခဲ့ပြီးဖြစ်သည်။
တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်ခြင်း ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်သည် အမေရိကန် ကာကွယ် ရေးဘက်မှ ယခင် နှင့် လက်ရှိ တပ်အရာရှိအများအပြားကို စိတ်ရှုပ်ထွေးစေခဲ့ပြီး ၎င်းတို့မှာ ထရမ့်ချ မှတ်ပေးသည့် မှတ်ချက်များအတိုင်းသာ အကောင်အထည်ဖော်ရသည်။
အမေရိကန်နှင့် ဂျပန်တို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်မှာ တစုံတရာအပြောင်း အလဲမရှိ ကြောင်း ဂျပန်အစိုးရ အတွင်းဝန်ချုပ် ယိုရှီဟီဒီဆူဂါက အင်္ဂါနေ့တွင် ပြောသည်။
ယင်းနှစ်ဘက်လုံးသည် မြောက်ကိုရီးယားဆန့်ကျင့်ရေးအတွက် ပုံမှန်အဟန့်အတားဖြစ်စေသည့် လေ့ကျင့်မှုကို သဘောတူပြီးဖြစ်သည်။