သတင်း

ဒေါက်တာအေးမောင်အမှု ရုံးပြောင်း စစ်ဆေးရန် အမိန့်ချမှတ်

Want create site? Find Free WordPress Themes and plugins.

ရခိုင့်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဖြစ်စဉ်တခုတည်းအပေါ် အမှု ၃ ခုဖွင့်ကာ တရားစွဲဆိုထားခြင်းနှင့် ပတ်သက်ပြီး ရုံးပြောင်း စစ်ဆေးခွင့်လေ ျှက်ထားခဲ့ရာ ယနေ့ ဇွန်လ ၂၀ ရက်နေ့က ရုံးပြောင်း စစ်ဆေးရန် စစ်တွေခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို ရသေ့တောင်မြို့ စာပေဟောပွဲနှင့်ပတ်သက်ပြီး စစ်တွေခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့တွင် အမှု များကို ခွဲပြီး တရားစွဲဆိုထားခြင်း အပေါ် စစ်တွေခရိုင်တရားရုံး တခုတည်းတွင် အမှု ၃ မှုလုံးကို တပေါင်းတည်း စစ်ဆေးခွင့် လေ ျှာက်ထားခြင်းအပေါ် ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အကျိုးဆောင် ရှေ့နေများက ပြောသည်။

စာရေးဆရာဝေဟင်အောင်အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ ခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးမှာ သူတို့ကိုစွဲထားတဲ့အမှု ၃ ခုကို တပေါင်းတည်း စစ်ဆေးဖို့ ရုံးပြောင်း လျောက်ထားချက်ချက်ကို ခရိုင်တရားရုံးမှာပဲ စစ်ဆေးဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။ ဒီနေ့ ရုံးချိန်း ကတော့ ဒီလောက်ပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ၁၄ ကြိမ်မြောက်ရုံးချိန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ချထားသလို လာရောက်ဝန်းရံသည့် ပြည်သူများလည်း များပြားခဲ့ပြီး လာမည့် ၁၅ ကြိမ်မြောက်ရုံးချိန်းကိုတော့ ဇွန်လ ၂၇ ရက်နေ့ကို ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

“ ရုံးပေါင်းလိုက်တော့ မြန်သွားတာပေါ့။ ကျနော်တို့ကလည်း မြန်မြန်လေး စစ်ဆေး ချင်တယ်။ မြန်မြန်လေး စစ်တော့ မြန်မြန် အဖြေရတာပေါ့ ” ဟု တရားရုံး မှထွက်ခွာ လာစဉ် ဒေါက်တာအေးမောင်က သတင်း မီဒီယာ များသို့ ပြောကြားခဲ့သည်။

မတ်လ ၂၈ ရက်နေ့ ၇ ကြိမ်မြောက် ရုံးချိန်းတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့အမှုနှင့် ပတ်သက်၍ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့တွင် အမှုများကို ခွဲပြီး တရား စွဲဆိုခြင်းမှာ အချိန်ကုန်ပြီး စွပ်စွဲခံရသူများအနေဖြင့် နစ်နာ မှုများ ရှိသဖြင့် တရားစွဲဆိုထားသည့် အမှု ၃ ခုလုံးကို ခရိုင်တရားရုံးသို့ ပြောင်းရွေ့ ပြီး တပေါင်းတည်း စစ်ဆေးရန် ရုံးပြောင်း လျှောက်ထား ခဲ့ကြောင်းလည်း မိသားစု ဝင်များနှင့် အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။

ယင်း ၇ ကြိမ်မြောက်ရုံးချိန်းအပြီးတွင်ပင် ရခိုင်နိုင်ငံရေးသမားဒေါက်တာအေးမောင်အား ဖြစ်စဉ်တခု တည်းအပေါ် အမှု ၃ ခုဖွင့်၍ တရားစွဲဆိုခဲ့ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု မရှိဟုဆိုကာ ဒေါင်တာအေးမောင်၏ ရှေ့နေများက ပြည်နယ်တရားလွတ်တော်သို့ အမှုချေဖျက်ပေးရန် လေ ျှာက်ထားခဲ့မှု ရှိသော်လည်း မေလ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်က လျှောက်ထားချက်ကို ပယ်ချခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့ ၌ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာ ဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်းဟုဆိုကာ အစိုးရက စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံ တော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ စစ်တွေမြို့နယ် တရားရုံးတွင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ ( ၁ ) ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ ( ခ ) ၊တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading