ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ အမေရိကန်ပြည်ထောင်စုက နုတ်ထွက်ကြောင်း နိုင်ငံခြား ရေးဝန်ကြီး မိုက်ပွန်ပီ ကမနေ့က သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။
အမေရိကန်ဟာ မဟာမိတ် အစ္စရေးနှင့် ပတ်သက်ရင် မတရားဘက်လိုက်တယ်ဆိုသော စွပ်စွဲချက် ကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများကို ကြောင်သူတော်များဟု တုံ့ပြန် ပြောဆိုပြီး နုတ်ထွက်လိုက်ခြင်းဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေး ဝါရှင်တန်ကို ပြန်လာပြီးနောက်မှာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။
နိုင်ငံရေးခိုလှုံခွင့်တောင်းခံတဲ့ မက္ကစီကိုမှ ရွှေ့ပြောင်းလာတဲ့ ကလေးသူငယ်တွေကို မိဘများနဲ့ ခွဲထား ခြင်းကိစ္စမှာ ကုလ သမဂ္ဂ ထိပ်တန်းလူ့အခွင့်အရေး တာဝန်ရှိသူက ဝါရှင်တန်အပေါ် ပြစ်တင်ဝေဖန် ခဲ့ပြီးနောက် အခုကြေညာချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါတယ်။
“လူ့အခွင့်အရေးကောင်စီဟာ ကာလရှည်ကြာစွာနဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေ ရန်က ကာကွယ် ပေးခဲ့ပါတယ်။ အခု တော့ နိုင်ငံရေးဘက်လိုက်မှု ရေဆိုး(မိလ္လာ)ကန်ဖြစ်နေပါပြီ။ ဝမ်းနည်းစရာကောင်း တာက ပြုပြင်ပြောင်းလဲဖို့ ကျမတို့ တိုက် တွန်းတာကို လျစ်လျူရှုနေတာက သိသာနေလို့ပါပဲ”ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေးက ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဦးဆောင်မှုကဏ္ဍမှာ ဆက်ရှိနေမယ်လို့ ၎င်းတို့နှစ်ဦးလုံးက အလေးအနက် ထပ်တလဲလဲ ပြောကြားပေမယ့် အခုဆုံးဖြတ်ချက်က ကမ္ဘာနှင့်ရော အထွေထွေကဏ္ဍစုံ သံခင်းတမန်ခင်း အပေါ်မှာပါ သမ္မတထရမ့်၏ ယေဘူယျ ရန်လိုမုန်းတီးမှုကို ထင်ဟပ်စေမည်ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ် ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ကမ္ဘာတလွှား လူ့အခွင့် အရေးကာကွယ်မြှင်တင် ရန် ထုတ်ပြန်ချမှတ်ခဲ့သော်လည်း ကောင်စီရဲ့ ကြေညာချက်များ၊ အစီရင်ခံစာများက အမေရိကန်ဦးစားပေးကိစ္စရပ်များမှာ မကြာခဏ ထိပ်တိုက်မကျေလည်မှုများ ရှိခဲ့ပါတယ်။
အထူးသဖြင့် အနောက်ဘက်ကမ်းနှင့်ဂါဇာတွင် နယ်မြေယူထားသော ပါလက်စတိုင်းတို့အပေါ် အစ္စရေးလုပ်ရပ်အပေါ် ကောင်စီ၏ အာရုံစိုက်မှုက ဝါရှင်တန်၏ဒေါသဆွပေးခဲ့သည်။
အမေရိကန်၏ ယခုအရွေ့ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကြိုဆိုလိုက်ပြီး ကောင်စီကို လူ့အခွင့်အရေး ကာကွယ်မှုလုပ်ရမည့်အစား ရန်လိုဘက်လိုက်သည့် အစ္စရေး ဆန့်ကျင်ရေးအဖွဲ့အစည်းဟူ၍ သူက ကင်ပွန်းတပ်လိုက်သည်။