• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်းစိန် နှင့် မန္တလေးထောင် ဆယ်တန်းဖြေမည့် အကျဉ်းသားဦးရေး တိုး

by ထွန်းထွန်း
21 June 2018
in သတင်း
A A
ဇွန်လ ၁၉ ရက်က ကျင်းပသည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အင်းစိန်ထောင်က တက္ကသိုလ်ဝင်တန်း အောင်မြင် သော ကျောင်းသားများ ဆုချီးမြှင့်ပွဲ အခမ်းအနား  / ထက်ဝေ / ဧရာဝတီ

ဇွန်လ ၁၉ ရက်က ကျင်းပသည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အင်းစိန်ထောင်က တက္ကသိုလ်ဝင်တန်း အောင်မြင် သော ကျောင်းသားများ ဆုချီးမြှင့်ပွဲ အခမ်းအနား / ထက်ဝေ / ဧရာဝတီ

7k
VIEWS
Share on FacebookShare on Twitter

၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် ရန်ကုန် အင်းစိန်ထောင်နှင့် မန္တလေး အိုးဘိုထောင်တို့မှ တက္ကသိုလ် ဝင်တန်း ဖြေဆို ရန် စာရင်းပေးထားသည့် အကျဉ်းသား အရေအတွက် ယခင်နှစ်ထက် ပိုမိုများလာကြောင်း သိရသည်။

ယမန်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အင်းစိန်ထောင်တွင် ဖြေဆိုသူ အကျဉ်းသား အကျဉ်းသူ ၃၃ ဦး ရှိခဲ့ရာမှ ယခု နှစ် ဖြေဆိုရန် ၇၅ ဦးစာရင်းပေးထားကြောင်း၊ မန္တလေး အိုးဘိုထောင်တွင်လည်း ယမန်နှစ်က ဖြေဆိုသူ ၅၄ ဦး ရှိခဲ့သော် လည်း ယခုနှစ်တွင် ၇၃ ဦး စာရင်းပေးထားကြောင်း အကျဉ်းဦးစီး ဌာန က ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
539
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.8k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
420

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက “ထောင်ထဲကနေ အောင်ပြီး တက္ကသိုလ်တက်နေသူတွေ ရှိပါတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်ကလည်း မျှော်လင့်ချက်လို ဖြစ်နေတော့ ပိုကြိုးစားကြတာပေါ့၊ လူကပိုတိုး လာဖို့ပဲရှိပါတယ်၊ ဘယ်လောက်ပဲ လူများလာပါစေ အောင်မြင်အောင် ဆက်လုပ်သွားရမှာပါ”ဟု ပြောပြသည်။

သမ္မတ ဦးထင်ကျော် လက်ထက် ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ သည့် အကျဉ်းသား အကျဉ်းသူ ၇ ဦး(အင်းစိန် ၂ ဦး၊ မန္တလေး ၅ ဦး) တို့ကို ပြစ်မှုကြွေးကျန်ထားကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ယမန်နှစ် စာမေးပွဲတွင်လည်း အင်းစိန်ထောင်၊ မန္တလေးထောင်၊ ဘားအံထောင်၊ စစ်တွေထောင်၊ မြိတ်ထောင်၊ မြောင်းမြ ထောင်၊ တောင်ငူထောင်နှင့် ရွှေဘိုထောင်တို့မှ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား စုစုပေါင်း ၁၀၄ ဦးဝင်ရောက် ဖြေဆို ခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၉ ဦး ရှိခဲ့သည်။

အကျဉ်းဦးစီး ညွန်ကြားရေးမှူးချုပ် ဦးသိန်းဦးက “အရင်နှစ်က လွတ်ငြိမ်းပေးတယ်ဆိုတာက ထူးချွန်တဲ့ ကျောင်းသားတွေကို အားပေးတဲ့ အနေနဲ့ ပေးခဲ့တာ၊ ဒီနှစ်လည်း ကိုယ်ကတော့ မျှော်လင့်တာပေါ့၊ အောင်မြင်တဲ့သူတွေ စာရင်းလည်း ပေးပို့ထား တယ်၊ ဘာမှတော့ မသိရသေးဘူး၊ ဒါက နိုင်ငံတော်အဆင့်ဖြစ်တော့ ပြောလို့တော့မရဘူး” ဟု ပြောသည်။

အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ ပြစ်မှုအပေါ် မူတည်ကာ ကြည့် ရမည် ဖြစ် ပြီး လူ့အဖွဲ့အစည်း အပေါ်တွင် ဒုက္ခမပေးသည့် အခြေအနေဖြစ်ပါက တက္ကသိုလ်ဝင်တန်း အောင်မြင်သည်အထိ ကြိုးပမ်းခဲ့ သူများကို လွတ်ငြိမ်းခွင့်အတွက် စဉ်စားသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ဦးဘိုကြည်က ဧရာဝတီကို ပြောထားသည်။

အင်းစိန်ထောင်မှ ဂုဏ်ထူး သုံးဘာသာဖြင့် အောင်မြင်ခဲ့သည့် ကိုဉာဏ်လင်းမောင်က “ကျနော်ကတော့ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာ ပေးတာကို မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကြိုးစားနေကြပါပြီ၊ ဒီအထဲမှာထက် စာရင် အပြင်မှာက ဒီထက်အဆင့်မြင့်တဲ့ ပညာတွေကို သင်ယူနိုင်မှာပါ၊ ကျနော်တို့ကိုလည်း ပေးစေချင်ပါတယ်။ အပြင်မှာ သင်ကြားခွင့် မရခဲ့ရင်လည်း ဒီကနေပဲ အဝေးသင်နဲ့ ကျောင်းဆက်တက်သွားမှာပါ”ဟု ပြောသည်။

ပညာရေး တပိုင်းတစဖြင့် အကျဉ်းကျခံရသူများ ပညာဆက်လက် သင်ယူနိုင်ရေးနှင့်ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီး ဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ အင်းစိန်ထောင်တွင်၂၀၀၈ -၂၀၀၉ ခုနှစ်ကစတင်၍ သူငယ်တန်းမှ အတန်း အဆင့်အလိုက် သင်ကြားပေးခဲ့ကြောင်း ဦးသိန်းဦးက ဇွန် ၁၉ ရက်နေ့က ပြုလုပ်သည့် ဆယ်တန်းအောင် အကျဉ်းသားများ ဂုဏ်ပြုပွဲတွင် ပြောကြားသည်။

အင်းစိန်ထောင်တွင် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား အကျဉ်းသား အကျဉ်းသူ ၄ ဦး ဝင်ရောက် ဖြေဆိုရာတွင် အောင်မြင်သူမရှိခဲ့ဘဲ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၇ ဦးဖြေဆိုရာ ၂ ဦး ရိုးရိုးအောင်ခဲ့ကြောင်း သိရသည်။

ယင်းပြင် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၁၉ ဦးဖြေဆိုရာမှ ၁ ဘာသာ ဂုဏ်ထူးဖြင့် ၂ ဦး၊ ရိုးရိုးအောင် ၉ ဦး ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁ ဘာသာ ဂုဏ်ထူးရှင် ၁ ဦးနှင့် ရိုးရိုးအောင်သူ ၈ ဦးရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာန က ပြောသည်။

လက်ရှိတွင် အင်းစိန်ထောင်မှ တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနေသည့် အကျဉ်းသား အကျဉ်းသူ ပထမ နှစ် ၁၂ ဦး၊ ဒုတိယနှစ် ၈ ဦး၊ တတိယနှစ် ၄ ဦးနှင့် အင်္ဂလိပ်စာ နောက်ဆုံးနှစ် တဦးတို့ရှိပြီး မန္တလေးထောင်မှ ၂ ဦး ရှိကြောင်းလည်း သိရ သည်။

Your Thoughts …
Tags: အကျဉ်းသား ပညာရေး
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး နိုင်ငံရေးအရလည်း ခိုင်မာတဲ့ မဟာမိတ်တွေလို့ ဆိုလို့ ရပါတယ် / ထက်နိုင်ဇော်

သူရ ဦးရွှေမန်း ပါတီ အသစ်ထောင်မှာလား

ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ  / သဇင်လှိုင် / ဧရာဝတီ

"အစိုးရကထိန်းကျောင်းဖို့ လိုနေလို့ လွှတ်တော်ကပြောရတာ"

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.2k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate