သတင်း

တရုတ်နှင့်ညီညွတ်မှုကို ကင်ဂျုံအန်း ချီးကျူးဂုဏ်ပြု

Want create site? Find Free WordPress Themes and plugins.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲအပြီး မဟာမိတ် တရုတ်နိုင်ငံသို့ တတိယအကြိမ်သွား ရောက်လည်ပတ်စဉ် ကင်ဂျုံအန်းက တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားတို့၏ မတွန့်ဆုတ်သော ချစ်ခင်မှု၊ ညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို ထုတ်ဖေါ်ကြေညာလိုက်သည်။

ဇွန်လ ၁၉ ရက်နေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန် သမ္မတထရမ့်နှင့် အောင်မြင်သောထိပ်သီးဆွေးနွေးပွဲကို အပြုသဘော ဆောင်ရိုးသားသည့် ထောက်ခံကူညီမှုများအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်ဟု မြောက်ကိုရီးယား အစိုးရ သတင်းဌာန KCNA ၏ အဆိုအရ သိရ သည်။

ပြည်သူ့ခန်းမဆောင်တွင် ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုဧည့်ဝတ်ပြုခံရသော မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက နှစ်နိုင်ငံအကြား မကြာသေးမီက ပိုမိုခိုင်မာလာသည့် သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားကြောင်းပြော သည်။

“တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယား ပါတီနှစ်ခုနှင့် ပြည်သူနှစ်ရပ်အကြား ချစ်ခင်၊ ညီညွတ်၊ ပူးပေါင်းဆောင်ရွက်သော ဆက် ဆံရေးကို ပိုမိုတိုးတက်စေရန် ဆုံးဖြတ်ချက်နှင် ဆန္ဒကို ကင်ဂျုံအန်းကဖေါ်ပြခဲ့သည်” ဟု KCNA ကကြေညာသည်။

တရုတ်နိုင်ငံကလည်း ကင်ဂျုံအန်းနှင့် ထရမ့်တို့၏ ထိပ်သီးဆွေးနွေးပွဲကို ချီးကျူး ဂုဏ်ပြုကြောင်းနှင့် စင်္ကာပူတွင် ရရှိခဲ့ သော သဘောတူညီချက်များကို ဝါရှင်တန်နှင့် ပြုံယမ်းတို့ အကောင်အထည်ဖေါ် ရန်တိုက်တွန်းကြောင်း၊ နျူကလီးယား သံတမန်ရေးရာများတွင် ဘေ့ဂျင်းသည် အပြုသဘောဆောင် သော အခန်းမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်းလည်း သမ္မတ ရှီကျင့်ဖျင်က ကတိပြုပြောကြားသည်။

ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူတွင်ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံပါဝင်ခြင်း မရှိသော် လည်း ကင်ဂျုံအန်း စင်္ကာပူသို့ သွားရန် လေယာဉ်တစင်းငှားပေးခဲ့ပြီး တရုတ်နိုင်ငံသည် ထို သံတမန် ရေးကစားကွက်တွင် သြဇာကြီးမား သော အင်အားစုအဖြစ် ဆက်လက်တည်ရှိနေသေးကြောင့် အထင်အရှားပြသလိုက်ခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို မြင်တွေ့လို သော်လည်း ဝါရှင်တန်နှင့် ပြုံယမ်းတို့ ခင်မင်မှုက ဘေဂျင်း၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေမည်ကို တရုတ်နိုင်ငံက စိုးရိမ်နေသလို၊ ဒေသတွင်းရှိ တရုတ်၏ စီးပွားရေးနှင့် လုံခြုံရေးအကျိုးစီးပွားများကို ထိခိုက်လာနိုင်ခြေရှိနေသည်။

ကင်ဂျုံအန်းသည် သူ၏ပထမဆုံး တရားဝင်ပြည်ပခရီးအဖြစ် ပြီးခဲ့သည့် မတ်လက ဘေ့ဂျင်းသို့ သွားရောက်ခဲ့ပြီး မေလ တွင်လည်း အရှေ့မြောက်ပိုင်း ဒါလီယန်းမြို့တွင် ရှီနှင့်တွေ့ဆုံခဲ့သည်။

မြောက်ကိုရီးယား စီးပွားရေးကို ချိနဲ့စေသော ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးရေးကို ကင်ဂျုံအန်းနှင့် ရှီကျင့်ဖျင်တို့ ဆွေးနွေးခြင်းရှိမရှိ နှစ်နိုင်ငံသတင်းဌာနများက ပြောကြားခြင်းမရှိသော် လည်း ထိုအကြောင်းအရာသည် ခရီးစဉ်၏ အစိတ်အပိုင်းဖြစ်နိုင်သည်ဟု သုတေသီများကပြောသည်။

၁၉၅၀-၅၃ ကိုရီးယာားစစ်ပွဲကာလက အမေရိကန်ဦးဆောင်သည့် ကုလသမဂ္ဂနှင့် တောင်ကိုရီးယား တပ်များကို ပူးပေါင်း တိုက်ခဲ့သော စစ်အေးတိုက်ပွဲခေတ် မဟာမိတ် တရုတ်နှင့် မြောက်ကိုရီးယားတို့ သည် ပြုံယမ်း၏ နျူကလီးယား စမ်းသပ်မှု များနှင့် ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုကို ဘေ့ဂျင်းက ထောက်ခံခဲ့ခြင်းတို့ကြောင့် ပေါ်ပေါက်ခဲ့သည် တင်းမားမှုများကို ပြုပြင်ကြိုးစားနေကြသည်။

ဘေဂျင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး စစ်ပွဲဆင်နွဲရမည့် အလားအလာရှိ နေသောကြောင့် မြောက် ကိုရီးယားသည် တရုတ်နိုင်ငံအတွက် အရေးပါသော ဝှက်ဖဲဖြစ်လာနိုင် သည်ဟု Asan Institute for Policy Studies မှ ဝါရင့် သုတေသီ ရှင်ဘီယွမ်ချူး သုံးသပ်ပြောဆို သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading