သတင်း

အမေရိကန်ထိပ်တန်း ကောလိပ်ရဲ့ ပညာသင်ဆု ရာခိုင်နှုန်းအပြည့်ရခဲ့တဲ့ အိန္ဒိယ မိန်းကလေး

ကံကြမ္မာဟာ တကြိမ်တခါမှာတော့ မျက်နှာသာပေးစမြဲပါ။ သင်တို့အနေနဲ့ မှန်ကန်တဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ပဲ လိုအပ်ပါတယ်။

ဒီအဖြစ်အပျက်က အိန္ဒိယမှာ ဖြစ်ခဲ့တာပါ။ Sudeeksha Bhati ဆိုတဲ့ မိန်းကလေးဟာ ပညာရေးမှာ ထူးချွန်သူတယောက် ဖြစ်ပါတယ်။ သူမရဲ့မိသားစုက လူလတ်တန်းစားတွေ ဖြစ်ကြပြီး ဖခင်ဖြစ်သူက လက်ဖက်ရည် ရောင်းပြီး အသက်မွေး ဝမ်းကြောင်း ပြုပါတယ်။ သူတို့ရဲ့သမီးငယ်လေးဟာ ပညာရေးမှာထူးချွန်ပေမယ့် ဒီလိုမျိုးဖြစ်လာမယ် မထင်ထားမိဘူးလို့ ဆိုပါတယ်။ Sudeeksha ဟာ သူတု့ိရဲ့ မြို့နယ်မှာ ထိပ်ဆုံးစာရင်းဝင်သလို CBSE Board စာမေးပွဲကိုလည်း ၉၈ ရာခိုင်နှုန်းနဲ့ အောင်မြင်ထားသူပါ။ အခုတော့ သူမက အမေရိကနိုင်ငံကို သူမရဲ့ ပညာရေးအတွက် သွားရောက်ရတော့မှာ ဖြစ်ပါတယ်။

သူမတက်ရောက်ရမယ့် ကျောင်းကတော့ Babson College ဖြစ်ပြီးအမေရိကန်နိုင်ငံမှာ နာမည်ကြီး ကောလိပ်တွေထဲက တခုပါ။ Semester တခုကို အမေရိကန် ဒေါ်လာ ၇၀၄၂၈ ချီးမြှင့်တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Babson College ဟာ စွန့်ဦးတီထွင်သူတွေအတွက် အကောင်းဆုံးကျောင်းလို့လည်း ပြောလို့ရပါတယ်။ Sudeeksha ဟာ သူမဘဝနဲ့ ပတ်ဝန်းကျင်အတွက် သေချာတဲ့ရည်မှန်းချက် တခု ချပြီးပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင်သူမက မိန်းကလေးတွေအနေနဲ့ ကျောင်းတက်ခွင့်ရဖို့နဲ့ အခြားလူမှုရေး ပြသနာတွေမှာလည်း အမျိုးသမီးတွေဘက်က ရပ်တည်ပြီး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါသေးတယ်။

 

 

သူမက ”အမေရိကားမှာ ကျောင်းသွားတက်ရမယ်ဆိုတော့ ပျော်ပါတယ်။ ကြိုးစားမှုက အရာထင်တယ်ဆိုတာ သိလိုက်ရပါပြီ။ ဒီနေ့ကျမရဲ့ အောင်မြင်မှုဟာ ့ မိသားစုနဲ့ ကျောင်းအတွက်ပါ ပျော်ရွှင်မှုတွေယူဆောင်ပေးခဲ့ပါတယ်။ ရှေ့ဆက်ပြီး မိသားစုနဲ့ကျောင်းက ဂုဏ်ယူရတဲ့သူဖြစ်အောင်ကြိုးစားသွားပါ့မယ်” လို့ပြောပြခဲ့ပါတယ်။

မိသားစုနဲ့ပတ်သက်ပြီးတော့လည်း ”အဖေက သမီးတယောက်တည်း တခြားနိုင်ငံကိုလွှတ်ရမယ်ဆိုတော့ စိတ်ပူတာပေ့ါ။ အမေကတော့ သူ့ရဲ့ဆုတောင်းတွေပြည့်လို့ ပျော်နေပါတယ်။ သမီးအကြီးဖြစ်တဲ့အတွက် ကျန်တဲ့ မောင်နှမတွေ အတွက်လည်း ကြိုးစားသွားပါ့မယ်လို့” ဆိုပါတယ်။

ဒီလို သာမန် မိသားစုကနေ နာမည်ကြီးကောလိပ်မှာ ပညာသင်ဆုအပြည့်နဲ့ ကျောင်းတက်ခွင့်ရတယ် သူမကတော့ မိဘများရဲ့ ဂုဏ်ယူစရာ သမီးတဦး ဖြစ်နေပါတယ်။

Ref ; laughingcolours.com

Loading