သတင်း

ထိုင်းနိုင်ငံ၌ ၉နှစ်အတွင်း ပထမဆုံးအကြိမ် သေဒဏ်စီရင်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတွင် ၉နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသားတဦးကို ဇွန်လ ၁၈ရက်နေ့တွင် သေဒဏ်စီရင် လိုက်ရာ မိသားစုကို အကြောင်းကြားခြင်းမရှိသဖြင့် နောက်ဆုံးနှုတ်ဆက်ခွင့်ပင် မရ လိုက်ကြောင်း သေဒဏ်စီ ရင်ခံရသူ၏ ညီမက ပြောသည်။

“သူ့ကို စီရင်မယ်ဆိုတာကို ကြိုတင်အကြောင်းမကြားတာကို နားမလည်နိုင်ဘူး။ တကယ်တော့ မိသား စုတွေ နောက်ဆုံး နှုတ်ဆက်လို့ရအောင် အသိပေးသင့်တယ်” ဟု စီရင်ခံရသူ၏ ညီမ အသက် ၂၀ အရွယ် ကန်နီတာ လောင်ဂျီက ပြော သည်။

အကိုဖြစ်သူက ဘတ် ၂၀၀၀ လိုချင်ကြောင်း မိသားစုထံမကြာသေးမီက စာရေးခဲ့သောကြောင့် မိသားစု က ဇွန်လ ၁၉ ရက်နေ့တွင် သွားရောက်တွေ့ဆုံရန်စီစဉ်ထားစဉ် ထိုသို့ စီရင်ခံရခြင်းဖြစ်ကြောင်း၊ အကို ဖြစ်သူ၏ ပြစ်မှုသည် အချို့သော အမှုများလောက် ပြင်းထန်ခြင်းမရှိကြောင်းနှင့် မိန်းကလေးငယ်တဦး ကို အပိုင်းပိုင်း ခုတ်ဖြတ်သတ်သည့် လူနှစ်ဦးမှာ ထောင်ဒဏ် ၃၄ နှစ်သာကျကြောင်းလည်း၎င်းက ပြောသည်။

ကျန်ရစ်သူမိသားစုဝင်များ ကဲ့သို့ပင် ထိုင်းနိုင်ငံမှ သေ၏ဒဏ် ဆန့်ကျင်လှုပ်ရှားသူများလည်း အငိုက်မိသွားခဲ့သည်။

 

သေဒဏ်စီရင်ခံရသည့် အကျဉ်းသား တီရာ ရာဆက်လောင်ဂျီ၏ မိသားစုဝင်များ(The Nation)

 

သေဒဏ်စီရင်ခံရသူမှာ အသက် ၂၆နှစ်အရွယ်ရှိ တီရာ ရာဆက်လောင်ဂျီဆိုသူဖြစ်ပြီး ၂၀၁၂ခုနှစ်က အသက် ၁၇နှစ် အရွယ် အထက်တန်းကျောင်းသားတဦးကို ဓားဖြင့် ၂၄ ချက်ထိုးသတ်ကာ ဖုန်းနှင့် ငွေဘတ် ၂ထောင်ကို လုယူခဲ့သော ကြောင့် ရက်စက်စွာ သတ်ဖြတ်မှုအတွက် သေဒဏ်ကျခံရသူဖြစ်ပြီး ဘန်ကောက်မြို့ရှိ ဘန်ကွမ် ဗဟိုအကျဉ်းထောင်တွင် ဆေးထိုးစီရင်ခဲ့ခြင်းဖြစ်သည်။

ထိပ်တန်းသေဒဏ်စနစ်ဖျက်သိမ်းရေးတောင်းဆိုသူများက မမျှော်လင့်ဘဲ သေဒဏ်စီရင်ရန် ဆုံးဖြတ်မှု ရုတ်တရက် ဖြစ်လာ သောကြောင့် ဝမ်းနည်းတုန်လှုပ်သည်ဟု ကြေညာသည်။

“ဘာကြောင့် ရုတ်တရက်စီရင်လိုက်လဲမသိရဘူး” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထိုင်းနိုင်ငံဒါရိုက်တာ ပီယာနပ် ကော့ဆန်ကပြောသည်။

တရားရေးဝန်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ ဆွေးနွေးနေသော်လည်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာ ခွင့် အဖွဲ့ကို အလေးထား ခြင်းမရှိကြောင်းနှင့် ထိုင်းနိုင်ငံသည် နိုင်ငံ၏လူ့အခွင့်အရေး မဟာစီမံချက် အရ သေဒဏ်ဖျက်သိမ်းသော နိုင်ငံဖြစ်လာရေး ကတိကဝတ်ပေးထားသည်ဟု သာနားလည်ခဲ့ ကြောင်းလည်း သူဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် နောက်ဆုံးအကြိမ်သေဒဏ် စီရင်ခြင်းကို ၂၀၀၉ ခုနှစ်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူးယစ် ဆေးဝါးမှု ကျူးလွန်သူ နှစ်ဦးကို စီရင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော အောက်တိုဘာလက အစိုးရ လူ့အခွင့်အရေးဌာန အကြီးအကဲက ၂၀၀၉ ခုနှစ် ကစတင်ဆိုင်းငံ့ထားသော သေဒဏ်စနစ်ကို နောက်ဆုံးတွင် ဖျက်သိမ်းမည့်သဘောပြောခဲ့သေးသည်။

“ဒီစနစ်ကို ဘယ်တော့ဖျက်သိမ်းမယ်ဆိုတာတော့မပြောနိုင်ဘူး။ သေဒဏ်စီရင်ခြင်းမရှိတာ မကြာခင် ၁၀ နှစ်ပြည့် တော့ မယ်”ဟု အစိုးရ လူ့အခွင့်အရေးဌာန အကြီးအကဲ ပစ်တီကန်ဆစ်သီဒက်ဂျ်က အောက်တိုဘာလတွင်ပြောခဲ့သည်။

စံလုပ်ထုံးလုပ်နည်းမှာ ဘုရင်ထံအသနားခံပြီး သေဒဏ်ကို တသက်တကျွန်းသို့ပြောင်းလဲကျခံစေ ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထိုင်းနိုင်ငံဒါရိုက်တာ ပီယာနပ် ကပြောပြီး တီရာရာဆက်သည် ထိုသို့ဘုရင်ထံ အသနားခံခဲခြင်းရှိမရှိ မသိကြောင်းလည်းပြောသည်။

အကျဉ်းထောင်ဌာန အကြီးအကဲက ထုတ်ပြန်သောကြေညာချက်တွင်မူ “ထိုသေဒဏ် စီရင်ခြင်းသည် ဆိုးရွားသော ရာဇ ဝတ်မှုကျူးလွန်ရန် သို့မဟုတ် ဥပဒေချိုးဖေါက်ရန် စဉ်စားသူများ ပြစ်ဒဏ်ကို ထည့်သွင်းစဉ်းစားစေခြင်းဖြင့် ရပ်တန့် သွားစေ နိုင်မည်ဟု မျှော်လင့်သည်” ဟု ဖေါ်ပြထားသည်။

ခေတ်သစ် သေဒဏ်စီရင်သောစနစ် စတင်သော ၁၉၃၅ ခုနှစ်နောက်ပိုင်းတွင် သေဒဏ်စီရင်မှု ၃၂၅ ခု ပြုလုပ်ကြောင်း လည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထိုသို့စီရင်ခြင်းသည် စိတ်ထိခိုက်ဖွယ်ကောင်းပြီး ရာဇဝတ်မှုများကို လျှော့ချနိုင်မည်မဟုတ်ကြောင်း ကြေညာသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထိုင်းနိုင်ငံ၏ အဆိုအရ ၂၀၁၇ ခုနှစ်အထိ သေဒဏ်ချမှတ်ခံ ထားရသူ ၅၁၀ ရှိပြီး အမျိုးသမီး ၉၄ ဦးပါဝင်ကြောင်းနှင့် နောက်ဆုံးအယူခံ ကုန်ဆုံးသူ ၁၉၃ ဦးရှိကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading