သတင်း

ကံမမြို့၌ ဖမ်းမိသည့် ဘင်္ဂါလီ ၁၁ ဦး လဝက ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်း ကံမမြို့နယ် မီးပေါက်ကျေးရွာအနီး တောအုပ်အတွင်းမှ ရခိုင်တိုင်းရင်းသား ၃ ဦးနှင့် ဗမာအမျိုးသားတဦးတို့ လမ်းပြခေါ်ဆောင်လာသည့် ဘင်္ဂါလီ ၁၁ ဦးအား ဇွန်လ ၂၁ ရက်နေ့ ညနေ ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဇွန်လ ၂၂ ရက်နေ့က ကံမမြို့နယ်တရားရုံးမှ လဝကဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ဘင်္ဂါလီ ၁၁ ဦးတွင် အသက် ၁၈ နှစ်မပြည့်သေးသူ ၄ ဦးပါဝင်ပြီး အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦး တို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့အား လဝကဥပဒေဖြင့် ဇွန်လ ၂၂ ရက်နေ့က ကံမမြို့နယ် တရားရုံးတွင် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ကြောင်း ကံမမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းကပြောသည်။

“ ရခိုင်ပြည်နယ်နဲ့ ကျနော်တို့ ကံမနဲ့က ဆက်နေတာကို သူတို့က ရခိုင်းရိုးကနေဆင်းလာပြီး ပုသိမ်-မုံရွာလမ်းရဲ့ အနောက် ဘက်တောထဲမှာ ပြည်သူတွေနဲ့ ရဲတွေဝိုင်းဖမ်းလိုက်တာပေါ့။ မနေ့တုန်းက (ဇွန်လ ၂၂) တရားရုံးမှာ လုပ်ထုံးလုပ်နည်းနဲ့ အညီပေါ့ ထောင်ဒဏ် ၂ နှစ်စီချတယ်လို့ သိရတယ်” ဟု ဦးဇော်ဝင်းကပြောသည်။

အဆိုပါ ဘင်္ဂါလီများအား ပေါက်တောမြို့နယ် သဝဏ်ချောင်းကျေးရွာနှင့် တောင်ကုတ်မြို့နယ် ကျောက် မောင်နှမကျေးရွာ နေ ရခိုင်တိုင်းရင်းသား ၃ ဦးနှင့် ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ကြို့ပင်အိုင်ကျေး ရွာနေ ဗမာလူမျိုးတဦးတို့မှ ဇွန်လ ၂ ရက် နေ့က စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းမှ ဘင်္ဂါလီ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ရေကြောင်းလမ်း အတိုင်း စက်လှေဖြင့် ခေါ်ဆောင်၍ တောင်ကုတ်မြို့သို့ ဇွန်လ ၅ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး ထိုမှတဆင့် ခြေလျင်ဖြင့် ရခိုင်ရိုးမ တောတွင်း လမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ရာ ဇွန်လ ၂၁ ရက်နေ့တွင် ကံမမြို့နယ် ကြို့ပင်ကျေးရွာ အနီး တောအုပ် အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိ ဒုရဲအုပ်အောင်ကျော်စိုးထံမှ သိရသည်။

“ဟိုလူတွေ(ဘင်္ဂါလီ)ကိုတော့ လဝကကဆွဲတာခင်ဗျ။ နောက်လမ်းပြ ၄ ယောက်ကိုတော့ ပုဒ်မ ၃၆၇ နဲ့ ရဲကစွဲပါတယ်။ ၃၆၇ ဆိုတာ သူတို့ကို လမ်းပြခေါ်ဆောင်လာလို့ ဆွဲတာပါ။ ကျွန်ပြုခံဖို့ လူခိုးမှု ရာဇသတ်ကြီး ပုဒ်မပေါ့ဗျာ။ အဲဒီလူ ၄ ယောက်ကိုတော့ ချုပ်ရမ္မန် ယူထားပါတယ်” ကြိုပင်နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်စိုးကပြောသည်။

စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှ ဦးဆောလ်၊ မောင်မောင်(ခ)အာမီနှင့် ဦးရော်ဖိန်ဆိုသူတို့မှ ၎င်းတို့အား ရန်ကုန်မြို့ သို့ ပို့ဆောင်ပေးရန် ကျပ်ငွေ သိန်း ၁၆၀ ဖြင့်လက်ခံခဲ့ပြီး ၎င်းတို့မှတဆင့် တဦးလျှင် ကျပ် ၈ သိန်းဖြင့် ယခုလမ်းပြ ခေါ်ဆောင်သူ ၄ ဦးအား ထပ်မံငှားရမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၄ ဦးအား ကျွန်ပြုခံစေရန် လူခိုးမှု ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading