သတင်း

EU က ဒဏ်ခတ် အရေးယူမည့် ဗိုလ်ချုပ် မောင်မောင်စိုးကို တပ်မတော်မှ ထုတ်ပယ်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်များ၌ ကွပ်ကဲစီမံဆောင်ရွက်မှု အားနည်းချက်များ ကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို တပ်မတော်က ထုတ်ပယ်လိုက်ကြောင်း တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ရုံးက ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်လိုက်သည်။

ဥရောပသမဂ္ဂက ဗိုလ်ချုပ်မောင်မောင်စိုး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော အပါအဝင် တပ်မ (၉၉) တပ်မ မှူး ဗိုလ်မှူးချုပ် သန်းဦး၊ တပ်မ(၃၃) တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင် ၊ ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) စစ်ဆင် ရေး ကွပ်ကဲမှူးဌာနချုပ် (စကခ)မှူး ဗိုလ်ချုပ် ခင်မောင်စိုး ၊ နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရ စန်းလွင်နှင့် အမှတ်(၈) လုံခြုံရေး ရဲတပ်ဖွဲ့ မှူး သန့်ဇင်ဦးတို့ကို ဒဏ်ခတ်အရေးယူမည်ဟု ကြေညာပြီးနောက် ထိုသို့ အရေးယူကြောင်း တပ်မတော် က ကြေညာခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်စိုးကို တပ်မှ ထုတ်ပယ်ရခြင်းမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန် ထမ်းဆောင်ခဲ့စဉ် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ၌ ဖြစ်ပွားသည့် ၂၀၁၆ ခုနှစ် အောက်တို ဘာ ၉ ရက်နေ့ အကြမ်းဖက်ဖြစ်စဉ် နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းမှုဖြစ်စဉ်တို့တွင် ကွပ်ကဲဆောင်ရွက်မှု အားနည်းချက်များရှိခြင်း၊ သတင်းလက်ဦးမှု ရယူ၍ စီမံဆောင်ရွက်နိုင်မှု အား နည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

၎င်းအား အဆိုပါအားနည်းချက်များနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းက အရန်အင်အား စာရင်း တင်သွင်းခဲ့ကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်မောင်မောင်စိုးမှာ တိုင်းမှူးတဦး၏ တာဝန်ဝတ္တရားများကို သာမန်အချိန်တွင် မူဝါဒနှင့်အညီ အကောင်အထည် ဖော် နိုင်သော်လည်း ARSA အဖွဲ့၏ အကြမ်းဖက်မှု ဖြစ်စဉ်များ၌ ရခိုင်တိုင်းရင်း သားများ၊ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး တာဝန် ထမ်းဆောင်နေသော တပ်မတော်သား၊ မိသားစု ဝင်များနှင့် ပတ်သက်၍ လည်းကောင်း၊ တာဝန်ထမ်းဆောင်နေသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ အပါ အဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပတ်သက်၍ လည်းကောင်း၊ အင်အားသုံး၍ ဥပဒေမဲ့ လုပ် ရပ်များ ပြုလုပ်နေမှုအပေါ် သတင်းလက်ဦးမှု ရယူ၍ လိုအပ်သလို စီမံဆောင် ရွက်နိုင်မှု အားနည်းခြင်း ၊ ချပြသတင်းအပေါ် လက်အောက်ခံ တပ်၊ ရဲ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် နယ်မြေရှင်းလင်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်း ခြင်း စသည့် စွမ်းဆောင်မှု အားနည်ချက်တို့ကြောင်း ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

အလားတူ အဆိုပါ မောင်တော ဖြစ်စဉ်များအတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော အားလည်း အထက်ဌာနများ၏ မူဝါဒများကို အနီးကပ် ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားမှုအပေါ် စီမံ ဆောင်ရွက်ရာ၌ လိုအပ်ချက် များရှိခဲ့သည့်အပြင် ကျန်းမာရေး ဆိုင်ရာချို့ယွင်းမှုကြောင့် မူလ ပေးအပ်ထားသည့် တာဝန်မှ အခြားတာဝန်တစ်ခုသို့ လွှဲပြောင်းထမ်းဆောင်စေခဲ့သော်လည်း ၎င်းမှ မိမိသဘော ဆန္ဒအလျောက် နှုတ်ထွက်ခွင့်တင်ပြလာသဖြင့် ၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် တပ်မတော်မှ မိမိသဘော ဆန္ဒ အလျောက် နုတ်ထွက်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading