သတင်း

ခြိမ်းခြောက်ငွေတောင်းသည့် မှုခင်းသတင်းထောက် ၄ ဦးအား ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ငွေတောင်းသည့် မှုခင်းသတင်းထောက်လေးဦး အား မတရားချုပ်နှောင်ကာ ခြိမ်းခြောက်ငွေတောင်းမှု၊ပူးပေါင်းကြံစည်မှုတို့ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးစစ် ဆေး လျှက်ရှိကြောင်းဗန်းမော က်မြို့နယ်ရဲစခန်းက သိရသည်။

ရဲစခန်းမှတာဝန်ရှိသူတဦးက “ ရွာကကျောင်းမှာ စာရေးခုံမရှိဘူး၊ ကြမ်းပြင်မှာရေးနေရလို့ ကျောင်းအုပ် ဆရာမကြီးက အကူအညီတောင်းတာကို ရွာကလူတွေက ရှိတဲ့သစ်ချောင်းလေးတွေစုပြီး ပရိဘောဂဆိုင်လာပို့တာ၊ ဒါကိုသူတို့က ခြိမ်းခြောက်ငွေတောင်းတာပေါ့၊ အခုဖမ်းထားပြီးပါပြီ” ဟုပြောသည်။

ဇွန်လ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်က ဗန်းမောက်မြို့နယ် အောင်သာကုန်းရွာနေ ဦးအောင်ထွန်းမှ နားတောနောက်ရွာမှ ဦးသိန်းရွှေပါ ၃ ဦးနှင့်အတူ အောင်သာယာကုန်းရွာရှိ ဦးဖိုးဖြူ ပရိဘောဂ ဆိုင်သို့ ပျဉ်တို/စများ လာရောက်ပို့ဆောင်စဉ် မှုခင်းသတင်းထောက်ဝတ်စုံဝတ်ဆင်ထားသူ ၄ ဦးရောက်ရှိလာကာ ၎င်းတို့ရုံးခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ခရိုင်မှုခင်းသတင်းထောက်အဖွဲ့ ဆိုင်းဘုတ်တပ်ထားသည့် ရုံးခန်းသို့ရောက်ရှိစဉ် အဖွဲ့ဥက္ကဋ္ဌ လင်းဇော်ထွန်းပါ ၄ ဦးမှ ဦးအောင်ထွန်း၏ လွယ်အိတ်များအား ရှာဖွေခဲ့ပြီး ပျဉ်တို/စ များသယ်ဆောင်လာခြင်း အတွက် ငွေ ၅ သိန်းပေးရန် တောင်းခံခဲ့ရာ ပရိဘောဂဆိုင်ရှင် ထံမှ ချေးယူ ပေးခဲ့ရကြောင်း သိရသည်။

ယင်းသို့တောင်းခံမှုနှင့်ပတ်သက်ပြီး ခရိုင်မှုခင်းသတင်းထောက် လင်းဇော်ထွန်း၊ မိုးကျော်ကျော်ဦး(ခ) ဥက္ကာမိုး၊ ရှိုင်းကိုကို(ခ) ကိုရှိုင်းနှင့် မြင့်သူ(ခ)မြမိုးဆိုသူတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆/၃၄၂/၁၁၄ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျှက်ရှိကြောင်း ဗန်းမောက်ရဲစခန်းကပြောသည်။

အမှုဖွင့်ခံရသည့် လူ ၄ ဦးနှင့်ပတ်သက်ပြီး အဖွဲ့မှ အပြီးအပိုင်ထုတ်ပယ်ကြောင်းနှင့် တရားရုံးမှပြစ်ဒဏ်ချမှတ်ခြင်း ခံရပါကလည်း အသင်းအဖွဲ့အား သိက္ခာကျအောင်ပြုမူဆောင်ရွက်မှုဖြင့် ထပ်မံတရားစွဲဆိုသွားမည်ဖြစ်ကြောင်းြ မန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း MCRA/SH အဖွဲ့ဗဟိုဥက္ကဋ္ဌ ဦးသက်နိုင်ဦး ၎င်း၏လူမှုကွန်ရက်စာမျက်နှာကတဆင့် ဇွန် ၂၅ ရက်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။

ရာဇသတ်ကြီးဥပဒေအရ တဦးတယောက်သောသူအား သေစေမည်ဟု (သို့) အပြင်းအထန်နာကျင်စေမည်ဟု ကြောက်အောင်ပြု၍ ခြောက်လှန့်တောင်းယူမှု ပုဒ်မ ၃၈၆ အား ကျူးလွန်ပါက ဆယ်နှစ်အထိထောင်ဒဏ် တမျိုးမျိုးချမှတ်ရမည်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂ တွင် ကျူးလွန်သူအား တနှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

အချို့သတင်းထောက်များအနေဖြင့် အထူးသတင်းထောက်၊ မှုခင်းသတင်းထောက်များ အမည်ခံကာ လောင်းကစားပြုလုပ်ခြင်း၊ မှုခင်းများတွင် အမှုလိုက်အကျိုးဆောင်အဖြစ် လုပ်ခြင်း၊ ဝင်ရောက်စွက်ဖက်၍ ငွေကြေးတောင်းခံခြင်း၊ အသင်းဝင်အဖြစ်လျှောက်ထားသူများထံမှ ဝင်ကြေးများကောက်ခံခြင်း၊ မြေယာကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း၊ ဒုစရိုက်သမားများထံမှ လစဉ်ကြေးများရယူခြင်းများရှိနေကြောင်း စိစစ်တွေ့ရှိရကြောင်းြ ပည်ထဲရေးဝန်ကြီးဌာနက ဇွန် ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သတင်းထောက်အချို့၏ ဥပဒေနှင့်မညီသည့် ပြုလုပ်မှုများကြောင့် တိုင်းနှင့် ပြည်နယ်အလိုက် တိုင်ကြားမှုများလည်း ၁၂ မှုရှိခဲ့ပြီး သတင်းထောက် ၁၅ ဦးနှင့် မီဒီယာအသင်းဝင် ၁ ဦးတို့အား အရေးယူခဲ့ကြောင်းလည်း ပြည်ထဲရေးက ဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading