သတင်း

ပျောက်ဆုံးနေသည့် ကလေးများ ကယ်တင်ရေး မိုးသည်းထန်၍ အခက်အခဲဖြစ်နေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ထမ်လုံခွန်နမ် လိုဏ်ဂူအတွင်း ပျောက်သွားသည့် ကလေး ၁၃ဦးအား ကယ်ဆယ်ရန် အခြေ အနေမှာ သည်းထန်စွာ ရွာသွန်းသည့် မိုးကြောင်း ဂူအတွင်းရေများ ပြည့်လာ သည့် အခက်အခဲနှင့် ရင်ဆိုင် နေရကြောင်း ဒုဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ်က ယနေ့မနက် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောဆိုသည်ဟု Thai PBS သတင်းက ဆို သည်။

ရာသီဥတုမှာ အုံ့မှိုင်းကာ မိုးသည်းထန်နေခြင်းတို့က အဓိက အခက်အခဲဖြစ်နေပြီး၊ ရဟတ်ယာဉ် များ ဖြင့် တောင်၏တဖက် ခြမ်းသို့ ကယ်ဆယ်ရေးသမားများအား ချထားမည့် အစီအစဉ်မှာလည်း မိုးနှင့် မြူများကြောင့် မဆောင်ရွက်နိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

ကယ်ဆယ်ရေးသမားများ အနေဖြင့်မူ ဂူအတွင်းနှင့် ဂူအမိုးရှိ ၎င်းတို့ခိုအောင်းနေနိုင်သော နေရာများ ကို ရှာဖွေနေဆဲဖြစ်ပြီး၊ ထိုင်းရေတပ်မှ ရေငုပ်အုပ်စုကလည်း ရွှံထူသော ရေများနှင့် ၁၀ကီလိုမီရှည် သော ဂူ၏ အမှောင်ထုကို ကြိုးစားဖြတ်သန်းနေရဆဲဖြစ်သည်။

မြင်တွေ့ရသည့် ရာသီဥတုအခြေအနေ

ပျောက်ဆုံးနေသောဘောလုံးသမားလေးများ၏ ကစားဖော်ကလေးများက ၎င်းတို့အသက်ရှင်နေဆဲဟု ယုံကြည်ထားပြီး၊ သူတို့မှာ အဆိုပါလိုဏ်ဂူနှင့် အကျွမ်းတဝင်ဖြစ်သူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် လိုဏ်ဂူအဆုံးအထိ အခေါက်ခေါက်အခါခါ သွားခဲ့ကြဖူးကြောင်း ပြောပြသည်။

မနေ့ကမူ ဂူအတွင်း လျှပ်စစ်မီးများ သွယ်တန်းပြီး ရေစုပ်စက် ၈လုံးဖြင့် ရေစုပ်ထုတ်ရန် လုပ်ဆောင်ခဲ့ သော်လည်း မိုးကြီး၍ ရေဝင်ရောက်မှုကြောင့် ရေမျက်နှာပြင်ကို လျော့ကျသွားစေရန် မလုပ်ဆောင်နိုင် သည့်အတွက် ပိုမိုကြီးမား သည့် ရေစုပ်စက်ကြီးများ အရေးပေါ်လိုအပ်နေကြောင်းလည်း Thai PBS သတင်းကဆိုသည်။

ယနေ့မှာတော့ ကယ်ဆယ်ရေး ဌာနချုပ်အနေဖြင့် ဂူအတွင်း ပိတ်မိနေသူများ၏ ခန္ဓာကိုယ်မှ ထွက်လာသည့် အပူကို ထောက်လှမ်းရန် ရဟတ်ယာဉ်များ၊ အနီအောက်ရောင်ခြည်သုံး အပူအာရုံခံ ကင်မရာတပ်ဆင်ထားသည့် မောင်းသူမဲ့ လေယာဉ်များဖြင့် တောင်ပေါ်ကို ဖြတ်ကျော် ပျံသန်းရန် စီစဉ်ထားသည်။

အကယ်၍ မိုးရွာပါက၊ တခြားကယ်ဆယ်ရေးအဖွဲ့မှ နေ၍ ဖမီးတောင်စောင်းရှိ ရည်မှန်းထားသည့် ဂူပေါက်ငယ် နေရာသို့သွားရောက်မည်ဖြစ်ပြီး၊ အဆိုပါ ဂူပေါက်သည့် ဘောလုံးအသင်း ပိတ်မိနေသည့် နေရာသို့ သွားရောက်နိုင်မည်ဟု ယူဆထားသည်။

အဆိုပါ ကျောင်းသား ၁၂ဦးနဲ့ နည်းပြ ၁ဦးဟာ ဇွန်လ ၂၃ရက်နေ့ မနက်ပိုင်းက မယ်ဆိုင်မြို့မှာ ဘောလုံးလေ့ကျင့်မှုများ ပြုလုပ်ပြီးတဲ့နောက်မှာ အဆိုပါ ထမ်လုံခွန်နမ် ရေထွက်ဂူကို သွားရောက် ခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေး ပစ္စည်းများ ဂူအတွင်းသို့ သယ်ဆောင်နေစဉ်

“ကျနော့်သူငယ်ချင်းတွေ အသက်ရှိနေတုန်းပဲဆိုတာ ကျနော့်နှလုံးသားထဲကယုံကြည်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နည်းပြဟာ ဒီလိုဏ်ဂူအကြောင်း ကောင်းကောင်းသိတဲ့သူပါ။ လိုဏ်ဂူထဲမှာ အခန်းကျယ်ကြီးတွေ ရှိတယ်။ လူတွေ ရေလွတ်တဲ့နေရာ ပုန်းရှောင်စရာလည်း အများကြီး။ ကျနော်တို့ ဝင်ခဲ့တဲ့လမ်းကြောင်းတယောက်လည်း ဆေးအဖြူတွေ ဖျန်းခဲ့ပြီး အမှတ် အသား လုပ်ခဲ့တယ်။ အဲဒါမို့ ကျနော်တို့ လမ်းပျောက်အကြောင်းမရှိဘဲ ဂူအဝကို အတူတကွ ပြန်ရောက်တာချည်းပါပဲ” ဟု ၎င်းတို့နှင့်အတူ ယခင်က ဂူအတွင်း ဝင်ရောက်ခဲ့ဖူးသည် ပနန်းဘူလောင်က ဆိုသည်။

ပျောက်ဆုံးနေဆဲ ဆယ်ကျော်သက်များကို ရှာဖွေရန် ထိုင်းဓာတ်သတ္တုရင်းမြစ်ဝန်ကြီးဌာနအနေဖြင့် စစ်ဆင်ရေးတခုအဖြစ် သတ်မှတ်လုပ်ဆောင်ပေးနေကြောင်း ဌာန အကြီးအကဲ တော်စပွန်နုချာနွန်က ဘန်ကောက်မြို့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading