• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မယ့်လိမ့်လုံဆိုင်ရှင်အမှု တရားလိုရှေ့နေများကို ပါဝါပြန်ရုပ်

by ထွန်းထွန်း
27 June 2018
in သတင်း
A A
လိင်တူပြုကျင့်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသည့် မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ် / မျိုးမင်းစိုး / ဧရာဝတီ

လိင်တူပြုကျင့်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသည့် မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ် / မျိုးမင်းစိုး / ဧရာဝတီ

12.3k
VIEWS
Share on FacebookShare on Twitter

မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်က ဓမ္မတာနှင့်ဆန့်ကျင့်သည့် လိင်တူပြုကျင့်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၃၇၇ ဖြင့် တရားစွဲဆိုထားမှုတွင် တရားလိုအမှုလိုက်ရှေ့နေများမှ ယနေ့ရုံးချိန်တွင် ပါဝါပြန်ရုပ်သိမ်းခဲ့သည်။

ပါဝါရုပ်သိမ်းခဲ့သည့်ရှေ့နေများသည် Legal Clinic Myanmar(ဥပဒေရေးရာကုစားရေး(မြန်မာ))အဖွဲ့မှ ရှေ့နေ များဖြစ်ပြီး ယင်းသို့ပါဝါရုပ်သိမ်းပေးရန် တရားလိုဘက်က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

RelatedPosts

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
1
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
976
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
681

တရားလိုအား ကူညီပေးနေသူ မနှင်းနုအေးက “ ခုလက်ရှိအခြေအနေက အမှုနဲ့ပတ်သက်ပြီး ကျမတို့သိပ်နားမ လည်နိုင်ဘူး၊ ကျမတို့နောက်ထပ်ရှေ့နေ ငှားဖို့အစီအစဉ်ရှိလို့ လက်ရှိ ရှေ့နေတွေကို ပါဝါရုပ်ဖို့ တောင်းဆိုခဲ့တာပါ”ဟုပြောသည်။

ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ဆေးရန်ဆင့်ခေါ်ထားသူများအနေဖြင့် တရားရုံးသို့လာရောက် သတင်းပို့ခြင်းမရှိခဲ့သည့်အတွက် အမှုအား စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ ဇူလိုင် ၁၁ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုခဲ့သည်။

တရားလိုဖြစ်သူ ကိုထွန်းထွန်း(အမည်လွဲ)က “ ကျနော့ရဲ့ ရှေ့နေမရှိသေးတဲ့အတွက် အမှုကို မစစ်ဆေးစေချင် ပါဘူး၊ ကျနော်တောင်းဆိုတာပါ”ဟု တရားခွင်အတွင်း ပြောဆိုသည်။

အမှုတွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၁၁ ဦးရှိသည့်အနက် ၂ ဦးသာစစ်ဆေးရသေးပြီး ဆက်လက်စစ်ဆေးရန်အတွက် တရားလိုဘက်က အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်မှုမှာ ရုံးချိန်းနှစ်ကြိမ်ဆက်ရှိပြီဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် တရားသူကြီးအနေဖြင့် လာမည့်ရုံးချိန်းတွင် အမှုအား ကြိမ်းသေစစ်ဆေးမည်ဖြစ်ပြီး တရားလိုပြသက်သေအဖြစ် လက်ရှိခေါ်ထားသူများအပြင် နောက်ထပ် ၃ဦးကိုလည်း ဆင့်ခေါ်စာထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ရုံးချိန်းတွင် မယ့်လိမ့်လုံဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ်၏ ရှေ့နေဖြစ်သူမှ အချုပ်လွတ်ထုချေခွင့်လျှောက် ထားမှုကိုလည်း တရားရုံးက ပယ်ချခဲ့သည်။

တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်မှုနေသည့်အတွက် စွပ်စွဲခံထားရသူ မယ့်လိမ့်လုံဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ် အနေဖြင့် နစ်နာရပြီး အမှုအား တရားလိုဘက်က အချိန်ဆွဲနေခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ၏ရှေ့နေ ဒေါ်အေးအေးသက်က ပြောသည်။

အဆိုပါ အမှုတွင် ရုံးတော်သို့တင်ပြထားသည့် ဆေးစစ်ချက်များအရ တရားလိုဖြစ်သူ၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာများ မတွေ့ရှိရကြောင်း၊ စအိုတွင် လတ်တလောဒဏ်ရာမတွေ့ရကြောင်း ဖော်ပြထားပြီး လတ်တလော(စအို)အား ပြုကျင့်ထားခြင်းရှိ၊ မရှိကို ဆေးပညာအနေဖြင့် ထင်မြင်ချက်အတိအကျမပေးနိုင်ကြောင်း ဖော်ပြထားသည်။

တရားလို၏ပြောကြားချက်အရ ပြုကျင့်ခံရသည်မှာ မတ်လ ၇ ရက်နေ့ညပိုင်းကဖြစ်ပြီး အမှုဖွင့်တိုင်ကြားကာ ဆေးစစ်ချိန်သည် မတ်လ ၉ ရက်နေ့ဖြစ်သည့်အတွက် နာရီ ၃၀ ကျော်ကြား ကွာခြားလျှက်ရှိသည်။
ထို့ပြင် စွပ်စွဲခံထားရသူမှာ HIV ဝေဒနာရှင်တဦးဖြစ်သည့်အတွက် ပြုကျင့်ခံရသည်ဆိုသည့် ကိုထွန်းထွန်းအနေဖြင့် ကူးစက်ခံထားရမှုရှိ၊ မရှိကို သိရှိနိုင်ရန် ဆေးစစ်မှုများ ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

မယ့်လိမ့်လုံဆိုင်ရှင်အား အမှုဖွင့်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ တွင် ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့် ဖြစ်စေ၊ တိရိစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြု လျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်ထားသည်။

Your Thoughts …
Tags: မယ့်လိမ့်လုံရုံးချိန်းလိင်တူသက်သေ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

MSF မှ ဒုတိယ ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာဘုန်းသစ် / သဇင်လှိုင် / ဧရာဝတီ

အသည်းအရောင် အသားဝါ စီပိုး ကုသမှုက အရမ်းကို ရိုးရှင်းလွယ်ကူနေပြီ

by သဇင်လှိုင်
9 August 2019
14.4k

အသည်းရောင် အသားဝါ စီပိုး တိုက်ဖျက်ရေးကို အားတက်သရောဆောင်ရွက်နေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ဒုတိယ ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာဘုန်းသစ် ကို ဧရာဝတီ သတင်းထောက်သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် / ဧရာဝတီ

ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှု ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုရန် အခက်ကြုံနေ

by ဧရာဝတီ
22 April 2022
11.3k

စစ်ကောင်စီခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာဇော်မြင့်မောင် အနေဖြင့် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသစရိတ်နှင့် ပါတီရုံး မြေနေရာကိစ္စ၊ စီမံကိန်းဧရိယာနှင့် ဆက်စပ်လက်ယာမြေများကို အခြားနည်းသုံးစွဲခွင့်ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ချက်များတွင် အဂတိ လိုက်စားမှု ရှိခဲ့သည်ဟုစွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှု...

ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြနေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ 

ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ချက်ပေးတဲ့အခါ

by ဧရာဝတီ
8 October 2021
20.5k

ဦးဖြိုးမင်းသိန်း ကိုယ်တိုင် လာရောက်သက်သေ ထွက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြောလာသောအခါ လူ တော်တော်များများ အံ့ဩတုန်လှုပ်သွားကြသည်။

လိင်တူပြုကျင့်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသည့် မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ်  / မျိုးမင်းစိုး  / ဧရာဝတီ

မယ့်လိမ့်လုံအမှု၌ လိင်တူချင်း အဓမ္မပြုကျင့်မှုဖြင့် စွပ်စွဲခံရသူကို လွှတ်ပေးသင့်/မသင့် အမိန့်ချမည်

by ထွန်းထွန်း
23 January 2019
39.1k

ဓမ္မတာနှင့်ဆန့်ကျင်သည့်ပြုကျင့်မှုဖြင့် တရားရင်ဆိုင်နေရသည့် မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် အောင်မျိုး ထွဋ် (ခ) အက်ဒီအား စွဲချက်မတင်မီလွှတ်ပေးရန် လျောက်ထားမှုကို တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် ဖေ ဖော်ဝါရီ ၆ ရက်နေ့ရုံးချိန်း၌ အမိန့်ချမည်ဖြစ်ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် ယနေ့ပြုလုပ်သည့် ရုံးထုတ် / ဇင်မိုးဝါ / ဧရာဝတီ

မယ့်လိမ့်လုံအမှု လိင်တူပြုကျင့်သူ တရားခံကို ထောင် ၅ နှစ်ချ

by ထွန်းထွန်း
11 March 2020
24.7k

တရားလိုဖြစ်သူက “အမှုနဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်၊ ကျန်းမာရေး အခြေအနေကလည်း ကောင်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အာရှမှာ ပထမဆုံး တရားဝင် လက်ထပ်ခဲ့တဲ့ ထိုင်ဝမ်က လိင်တူစုံတွဲ

အာရှရဲ့ ပထမဆုံး တရားဝင် လိင်တူထိမ်းမြားမှုကို ထိုင်ဝမ်နိုင်ငံမှာ ပြုလုပ်

by ရေဗန်
24 May 2019
5.2k

လက်ထပ်ပြီးသွားတဲ့ စုံတွဲတွေကတော့ တရားဝင်သွားပြီဖြစ်တဲ့ လက်ထပ်စာချုပ်တွေကို လေထဲ ဂုဏ်ယူစွာနဲ့ မြှောက်ပြခဲ့ကြတယ်လို့ ဒေသ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Next Post
Yoma Land က အကောင်အထည်ဖော်မည့် Yoma Central စီမံကိန်း ပုံစံ / FMI / Facebook

Yoma Land က တန်ဖိုးသင့် တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်မည်ဟု ဆို

သရုပ်ဆောင် ဥက္ကာမင်းမောင် / Ye Htoo Win's  / Facebook

“အခုချိန်မှာ ကျနော့်ကို ဆဲနေတဲ့သူတွေကိုလည်း အပြစ်မပြောပါဘူး” ဆိုတဲ့ ဥက္ကာမင်းမောင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate