• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖြိုးကိုကိုတင့်ဆန်း အမှု ပြန်လည်စစ်ဆေး

by မိုးမိုး
28 June 2018
in သတင်း
A A
ဇန်နဝါရီ ၁၇ ရက်က တွေ့ရသည့် ဖြိုးကိုကိုတင့်ဆန်း အမှု နေပြည်တော် ရုံးထုတ် မြင်ကွင်း

ဇန်နဝါရီ ၁၇ ရက်က တွေ့ရသည့် ဖြိုးကိုကိုတင့်ဆန်း အမှု နေပြည်တော် ရုံးထုတ် မြင်ကွင်း

10.6k
VIEWS
Share on FacebookShare on Twitter

နေပြည်တော် လေဆိပ်တွင် လက်နှက်များ ဖမ်းဆီးရမိသဖြင့် အမှုရင်ဆိုင်နေရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုတွဲများကို နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးတွင် ဇွန်လ ၂၇ ရက်နေ့တွင် စစ်ဆေးမှုများပြန်လည် စတင်ခဲ့သည်။

ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုတွဲများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တောင်းယူစစ်ဆေးရာတွင်အချိန် ၂ လနီးပါး ကြာမြင့်ပြီး ယင်းကာလ တွင်တရားခွင် စစ်ဆေးမှုများကို ရပ်ဆိုင်းထားခဲ့ရာမှ ယမန်နေ့က ပြန်လည် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

RelatedPosts

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

20 June 2025
1k
စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

20 June 2025
28
မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
158

ပြန်ကြားရေး အရာရှိ ဒုတိယ ခရိုင်တရားသူကြီး ဦးခင်မောင်ထွေးက “ဒီနေ့ပြန်စပြီး စစ်တယ်။ ဒီမှာ ရှိနေတဲ့ အမှုကိုပဲ ပထမဆုံး အကြိမ်အနေနဲ့ ပြန်စစ်တာပေါ့။ ဟိုက အမှုတွေကိုတော့ တရားခံရော သက်သေခံပစ္စည်းတွေပါ စုံမှ စစ်လို့ ရမှာ ဖြစ်ပါတယ်” ဟု တရားခွင် စစ်ဆေးမှု အပြီး မီဒီယာများကိုပြောသည်။

စစ်ဆေးခြင်း ပြန်လည် စတင်သည့် နေ့တွင် တရားစွဲဆိုထားသည့် ပုဒ်မ များအတွက် လိုပြသက်သေ ၃ ဦးကို စစ်ဆေးပြီး၊ ယင်းစစ်ဆေးမှုတွင် ထူးရှားသည့် အကြောင်းအရာများပါရှိခြင်း မရှိပဲ ဖမ်းဆီးစဉ် အချိန်က တွေ့ရှိမှုများကိုသာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဧပြီ ၁၉ ရက်နေ့ကတောင်းခံထားသည့် အမှုတွဲမှာ ဇွန်လ ၁၂ ရက်နေ့တွင် နေပြည်တော် ဒက္ခိဏသီရိ ခရိုင်တရားရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ရန်ကုန်တိုင်းမှ အမှုတွဲ ၁၁ ခုကို နေပြည်တော်တွင် တပေါင်းထဲ စစ်ဆေးသွားမည်ဟုလည်းသိရသည်။

ဦးခင်မောင်ထွေးက “အားလုံးကျနော်တို့ဆီကို လွှဲတာက ရာဇဝတ် အထွေထွေ အမှုက ၄ မှု၊ ရာဇဝတ်ကြီးမှုက ၇ မှု ဆိုတော့ အားလုံး ၁၁ မှု ကို ရန်ကုန်ကနေ ကျနော်တို့ဆီကို လွှဲပါတယ်” ဟုပြောသည်။

ရန်ကုန်မှ အမှုတွဲများကို တပေါင်းထဲ စစ်ဆေးရန် အမိန့်ချမှတ်လိုက်သော်လည်း ယခု အချိန်အထိ စွပ်စွဲခံရသူများနှင့် အမှုတွဲများမှာ နေပြည်တော် တရားရုံးသို့ မရောက်သေးကြောင်း၊ လွှဲပေးလိုက်သည်မှာ အမှုတွဲပေါင်း ၁၁ မှု နှင့်စွပ်စွဲခံရသူ တရားခံ ၄ ဦးတို့ ဖြစ်ကြောင်း ဦးခင်မောင်ထွေးက ရှင်းပြသည်။

၂၀၁၇ ခုနှစ်အောက်တိုဘာလ ၅ ရက်နေက နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း ၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆံများ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ်၎င်းက ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေးကဲ့သို့သော အဖွဲ့အစည်းတံဆိပ် စသည့် ပစ္စည်းများကိုတွေ့ရှိခဲ့သဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နှက်မှု ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်တုပ သုံးစွဲမှု ၊ ပို့ကုန်သွင်းကုန် ဥပဒေ ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာ နိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မ တို့ဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်-ဖြိုးကိုကိုတင့်ဆန်း အမှုတွဲအား ဗဟိုတရားရုံးချုပ် တောင်းယူထား၍ ဆက်မစစ်နိုင်သေး
  ဖြိုးကိုကိုတင့်ဆန်းအမှု လူ ၁၅ ဦးကို ပုဒ်မ ၁၇ ခု ဖြင့် အရေးယူထားဟုဆို
ဖြိုးကိုကိုတင့်ဆန်း အမှုများ ပေါင်းစစ်ရန် သင့်၊ မသင့် လာမည့် ရုံးချိန်းတွင် ဆုံးဖြတ်မည်

Your Thoughts …
Tags: ဖြိုးကိုကိုတင့်ဆန်းလက်နက်
မိုးမိုး

မိုးမိုး

...

Similar Picks:

ကွတ်ခိုင်တွင် လက်နက်ဝယ်လာသော PDF များ ပြန်လွှတ်ပေးပြီးဟု TNLA ပြော

ကွတ်ခိုင်တွင် လက်နက်ဝယ်လာသော PDF များ ပြန်လွှတ်ပေးပြီးဟု TNLA ပြော

by ဧရာဝတီ
22 March 2025
5.3k

စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်အချို့ ကွတ်ခိုင်မြို့သို့ လက်နက်လာရောက်ဝယ်ယူစဉ် ငွေပေးချေမှု အဆင်မပြေ ဖြစ်ရာ ရောင်းသူဘက်မှ TNLA ကြားဝင်ညှိနှိုင်းဖြေရှင်းပေးရန် အကူအညီတောင်းခံမှုကြောင့် ယင်း PDF အဖွဲ့ဝင်များအား မန်တုံမြို့နယ်၌ မတ်လ ၁၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်...

၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်

၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်

by ဧရာဝတီ
14 December 2024
4.3k

ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်သူ့စစ်မှုထမ်း အင်အား၁ သောင်းကိုလည်း အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ထိုအထဲမှ စစ်သင်တန်းဆင်း ၇ ထောင်ကို ကျဉ်စက်နှင့် ရာဘာတုတ်ကဲ့သို့ လုံခြုံရေး လက်နက်များ ကိုင်ဆောင်ခိုင်းမည် ဖြစ်ပြီး ကျန် ၃ ထောင်အား...

မင်းအောင်လှိုင်သည် MAI လေယာဉ်များကို လက်နက်ဝယ်ယူသည့် ရုရှားအပါအဝင်  နိုင်ငံတကာခရီးစဉ်များအတွက် သုံးသည်။

MAI လေကြောင်းလိုင်း ငွေစာရင်းကို စင်္ကာပူ UOB ဘဏ်က ပိတ်သိမ်း

by ဧရာဝတီ
11 July 2023
7.3k

စင်္ကာပူမှ United Overseas Bank သည် မြန်မာစစ်ကောင်စီနှင့် ပတ်သက်နေသော Myanmar Airways International ၏ ငွေစာရင်းများကို သြဂုတ်လ ၁၅ ရက်နေ့တွင် ပိတ်သိမ်းတော့မည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ အတွဲလိုက်ပစ် ဒုံးတွေပါ သိမ်းဆည်းရရှိ (ရုပ်/သံ)

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ အတွဲလိုက်ပစ် ဒုံးတွေပါ သိမ်းဆည်းရရှိ (ရုပ်/သံ)

by ဘုန်းအောင်
25 July 2024
486

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင်(၂၄)ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီရဲ့ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံကိုသိမ်းပိုက်ရရှိခဲ့ပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF စခန်းများသို့ ဇွန်လ ၇ ရက်က သွားရောက်ခဲ့စဉ် / NUG

ဝယ်ထားသည့် လက်နက် ၆ ပုံ ၁ ပုံသာ PDF ထံ ပို့နိုင်သေးကြောင်း NUG ပြော

by ဧရာဝတီ
22 June 2022
17.6k

အာဏာသိမ်းစစ်ခေါင်းဆောင် သိမ်းပိုက်ရယူထားသည့် ရန်ကုန်မြို့ရှိ အိမ်နှင့်ခြံရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၇ သန်းကျော်နှင့် ငွေတိုက် စာချုပ်များရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်ခန့်ရရှိထားရာတွင် ၎င်းတို့ထဲမှ ၉၅ ရာခိုင်နှုန်းအား ကာကွယ်ရေး အသုံးစရိတ်အဖြစ် အသုံးပြုထားကြောင်းလည်း

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

by ဧရာဝတီ
24 April 2025
276

ဗိသုကာ လက်ရာတွေနဲ့ ထည်ထည်ဝါဝါ တည်ဆောက် ထားတဲ့နေပြည်တော်က လွှတ်တော် အဆောက်အအုံ တွေဟာ အင်အားပြင်း ငလျင်ဒဏ်ကိုမခံနိုင်ခဲ့ဘဲ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

Next Post
အမျိုးသမီးတွေအိပ်ချိန်မလုံလောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပေါ်စေနိုင်ပါတယ်

အမျိုးသမီးတွေက အမျိုးသားတွေထက် ဘာကြောင့်ပိုမိုအိပ်စက်သင့်တာလဲ

မြန်မာ့စီးပွားရေး

မြန်မာ့စီးပွားရေး

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

1 day ago
6k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate