သတင်း

ထိုင်းကလေးငယ်များ ပျောက်ဆုံးမှု၊ လိုဏ်ဂူပြဿနာနှင့် ဒဏ္ဍာရီလာမင်းသမီး ၏ဝိညာဉ်

Want create site? Find Free WordPress Themes and plugins.

ထိုင်း ကလေးငယ် ၁၂ဦးနှင့် ဘောလုံးနည်းပြ လူငယ်တဦး ထိုင်း- မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်က ထမ်လုံခွန်နမ် နန်နွန့် သစ်တောဥယျာဉ် အတွင်းရှိ ၆မိုင်ကျော်ရှည်သော ကျောက်ဂူအတွင်း ဝင်ရောက် ရင်း ပျောက်သွားသည်မှာ ၆ရက် ရှိပြီဖြစ် သည်။

နိုင်ငံတော်အဆင့် ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများကို လူပေါင်း ၁ထောင်ခန့်ဖြင့် ဆောင်ရွက်နေသော် လည်း အဆိုပါ ကလေးငယ် အုပ်စုကို မတွေ့သေးသဖြင့် တချို့လည်း ယင်းလိုဏ်ဂူအား စောင့်ရှောက် သည်ဆိုသော ထိုင်းလူမျိုးများ ယုံကြည်သည့် ဒဏ္ဍာရီလာ မင်းသမီး၏ နတ်ကွန်းတွင်လည်း ပူဇော် ပသမှုများ ပြုလုပ်နေကြသည်။

အဆိုပါ ဒဏ္ဍာရီလာ မင်းသမီးဟု ပုံဖော်ထားသည့် ထိုင်းရိုးရာ ပန်းရောင်ဝတ်စုံ ဆင်မြန်းထားသော အမျိုးသမီးငယ်တဦး၏ ရုပ်တုရှိရာ နတ်ကွန်းအောက် ဒူးထောက်၍ ဖယောင်းတိုင်၊ အမွှေးတိုင် များထွန်းကာ ပန်းများ၊ သစ်သီးဝလံနှင့် အခြား အရာများ တင်မြှောက်လျှက် ပူဇော်ပသနေကြသည်။

၎င်းတို့၏ ဆုတောင်းကား ရိုးရိုးရှင်းရှင်းပင်၊ “ကျနော်/ကျမတို့ရဲ့ ကလေးတွေကို အိမ်ပြန်ခွင့်ပေးပါ” ဟူ၍ ဖြစ်၏။

ကျောက်မယ့်နန်းနွန့် “လဲလျောင်းနေသော မင်းသမီး”ဟုအဓိပ္ပါယ်ရပြီး၊ ထိုအမည်ကို အစွဲပြု၍ လိုဏ်ဂူ ကို ထမ်လုံ နမ့်နွန့် ဟုခေါ်သည့်အပြင် ၎င်းပတ်ဝန်းကျင်ရှိ တောင်ကိုလည်း ဒွိုင်နမ့်နွန့်ဟု ခေါ်သည်။

အရှေ့တောင်အာရှရှိ ကျောက်ဂူများမှာ ဒဏ္ဍာရီလာ နတ်သမိုင်းနောက်ခံရှိကြရာ၊ အဆိုပါ လိုဏ်ဂူ သည်လည်း နတ်ကိုး ကွယ်မှုဆိုင်ရာ နောက်ခံဇာတ်လမ်းရှိသည့်အတွက် ထိုင်းနိုင်ငံတဝန်း ယင်းနတ် သမိုင်းနှင့် ပတ်သက်၍ နက်နက် ရှိုင်းရှိုင်း ယုံကြည် သက်ဝင်ကြသည်။

 

 

အဆိုပါ လိုဏ်ဂူနှင့် ပတ်သက်၍ ဒဏ္ဍာရီလာ ပါးစပ်ရာဇဝင်မှာ ရှေးအခါက လှပသော မင်းသမီးလေး တပါး ဖခင်ဘုရင်ကြီး သဘောမတူသည့် သာမန်လူငယ် မြင်းထိန်းနှင့် ချစ်ကျွမ်းဝင်၍ ကိုယ်လေးလက် ဝန်ရှိခဲ့ရာ၊ သူတို့ ချစ်ခြင်းကို ခွဲမည်စိုး၍ ထွက်ပြေးရင်း ယခုလိုဏ်ဂူသို့ ရောက်လာပြီးနောက် ချစ်သူ မှာ အစာရှာထွက်စဉ် နောက်မှလိုက်လာသည့် ဘုရင်ကြီး၏ တပ်များက သတ်ဖြတ်လိုက်သဖြင့် ယင်း သတင်းကြောင့် မင်းသမီးမှာ စိတ်မထိန်းနိုင်ပဲ၊ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ရာ သွေးများမှာ ရေအဖြစ် ပြောင်းသွားပြီး၊ လိုဏ်ဂူအတွင်းမှ ဖြတ်သန်းစီးဆင်းသွားသလို၊ သူ၏ ရုပ်ခန္ဓာမှာလည်း ပတ်ပတ် လည်ရှိ တောင်များဖြစ်သွားကာ အဝေးမှကြည်လျှင် အမျိုးသမီးတဦး အိပ်စက်နေပုံနှင့် တူသည်ဟု ဒေသခံများက ယုံကြည်ကြသည်။

မယ်ဆိုင်ဒေသခံနှင့်ကျောင်းသူတဦးဖြစ်သူ ရန်ချာနော့ နဂန်ဂျစ်က မင်းသမီးလေးဒဏ္ဍာရီမှာ သူတို့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့ပြီး ဒေသခံများက မင်းသမီး၏ ဝိညာဉ်မှာ ယင်းလိုဏ်ဂူကို စောင့်ရှောက်နေသည်ဟု ယုံကြည်ကြကြောင်း ပြောပြသည်။

“ကျမတို့အားလုံးက ဒီနေရာအကုန်လုံးကို အစောင့်အရှောက်နတ်ရှိတယ်လို့ ယုံကြည်ကြတယ်။ တောင်တွေ၊ လိုဏ်ဂူတွေ၊ အိမ်တွေကို နတ်တွေစောင့်ရှောက်တယ်လို့ ရိုးရာယုံကြည်မှုရှိတယ်။ ကျမတို့က သူတို့ကို မမြင်ရပေမယ့် သူတို့က ကျမတို့ ကို မြင်တယ်။ အဲဒါမို့ သူတို့နေရာတွေကို သွားရင် ကျမတို့ လေးလေးစားစားလုပ်ဖို့ လိုပါတယ်”ဟု သူက ပြောသည်။

မင်းသမီးလေးဝိညာဉ်မှာ ယခုလူငယ်များပျောက်ဆုံးနေမှုတွင် တခန်းတဏ္ဍအနေဖြင့် ပါဝင်သည်ဟု သူယုံကြည်သော် လည်း ဘယ်လိုပါဝင်သလဲဆိုတာ သူ့အနေဖြင့် ရေရေရာရာမသိကြောင်း ပြောပြ သည်။

လက်ရှိတွင် ပြီးခဲ့သည့် စနေနေ့က ဂူအတွင်းဝင်ရောက်ပြီး ပျောက်ဆုံးသွားသော ကလေးငယ်များ ထိုင်းရေတပ်မှ အဆင့် မြင့် ရေငုပ် သမားများ ပါဝင်သောအဖွဲ့က လိုဏ်ဂူအတွင်း မိုးသည်းထန် နေသည့်ကြားမှ ဝင်ရောက်ကာ ခဲယဉ်းစွာ ကြိုးစား ရှာဖွေသော်လည်း ကီလိုမီတာများစွာ အထိ မတွေ့သေးဘဲ ရှိနေသည်။

ယခုကဲ့သို့ ဘောလုံးသမားများ ကလေးငယ်များ ထူးဆန်းစွာပျောက်ဆုံးနေမှုမှာလည်း သဘာဝ လွန်ဖြေရှင်းရသော ဖြစ်စဉ် တခုဖြစ်လာခဲ့သည်။

Khaosad သတင်းတွင် ဖော်ပြသည် Spirit of Mythical Princess Looms Over Thai Cave Crisis ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်။

ဆက်စပ်ဖတ်ရှု့ရန်ပျောက်ဆုံးကလေးများ ရှာဖွေရေး ဂူအတွင်း ရေပြည့်လာ၍ ခေတ္တရပ်ဆိုင်းထား

ပျောက်ဆုံးနေသည့် ကလေးများ ကယ်တင်ရေး မိုးသည်းထန်၍ အခက်အခဲဖြစ်နေ

ဂူအတွင်းမှ ကလေးများကို ကယ်တင်ရန် ရေနှင့်ရွှံ့နွံများက တားဆီးပိတ်ဆို့ လျက်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading