ကမ္ဘာတဝှမ်းက ဘုရားကျောင်းတွေကို ဘာသာရေးအယူအဆနဲ့ ကိုးကွယ်ယုံကြည်မှုတွေကို အခြေပြုပြီး တည်ဆောက်ထားကြတာဖြစ်ပြီး ဒီထဲကမှ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာ့အကြီးမားဆုံးစာရင်းဝင် ဘုရားကျောင်း (၅) ကျောင်းကို ဧရာဝတီရဲ့စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) Angkor Wat

ခမာလူမျိုးတွေရဲ့ ဗိသုကာအတတ်ပညာနဲ့ ၁၂ ရာစုမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ခမာအင်ပါယာရဲ့ ဂုဏ်ယူဖွယ်ဘာသာရေးဆိုင်ရာ ပြယုဂ်တခုလည်းဖြစ်ပါတယ်။ မြေနေရာအကျယ်အဝန်းက ၆၁၄ x ၇၅၀ ပေရှိပြီး အလယ်ဗဟိုရဲ့ မျှော်စင်ဟာ ၂၁၃ ပေအမြင့်ရှိပါတယ်။
(၂) Baalbek

အရှေ့လက်ဘနွန်မှာတည်ရှိတဲ့ ရှေးဟောင်းဘုရား ကျောင်းတကျောင်းဖြစ်ပြီး ယခင့်ယခင်က ရောမလူမျိုးတွေရဲ့ အကြီးမားဆုံး ဘုရားကျောင်းတွေထဲမှာ Baalbek ဘုရားကျောင်းဟာ အကြီးမားဆုံးဖြစ်ခဲ့ပါတယ်။ စိတ်မကောင်း စရာကတော့ ယခုအခါမှာ တိုင်လုံးပေါင်း ၅၄ ခုမှာ ၆ ခုသာ ကျန်ရှိတော့တာဖြစ်ပြီး အေဒီ ၁၅၀ နဲ့ ၂၅၀ ကြားက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
(၃) Temple of Christ

မော်စကိုမှာ တည်ရှိတဲ့ဘုရားကျောင်းတကျောင်းဖြစ်ပြီး နပိုလီယံကျဆုံးပြီး ၁၈၁၅ ခုနှစ်မှာ တည်ဆောက်ဖို့စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၈၃၉ ခုနှစ်အထိ မတည်ဆောက်ရသေးဘဲ ၁၉၃၁ ခုနှစ်အထိ တည်ဆောက်ရန်ကြာမြင့်ခဲ့တဲ့ သမိုင်းကြောင်း များစွာနဲ့ ဘုရားကျောင်းဖြစ်ပါတယ်။
နှစ်ပေါင်း ၆၀ ကြာပြီးနောက်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှသာ အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရား ကျောင်းတခုလုံးရဲ့အမြင့်ဟာ ၃၄၄ ပေမြင့်ပြီး ရုရှားနိုင်ငံမော်စကိုရဲ့ အမြင့်မားဆုံးမျှော်စင်ပုံစံ ဘုရားကျောင်းအဖြစ် တည်ရှိနေပါတယ်။
(၄) Tikal

လေးကျောင်းမြောက်လို့ အဓိပ္ပါယ်ရတဲ့ Tikal ဘုရားကျောင်းဟာ သိပ်သည်းတဲ့ ပိရမစ် ၆ ခုပါဝင်ပြီး ပေ ၂၃၀ မြင့်တဲ့ ဘုရားကျောင်းတကျောင်းဖြစ်ပါတယ်။ အေဒီ ၂၀၀ နဲ့ ၉၀၀ ကြားမှာ Tikal ဟာ အကြီးဆုံးမြို့တမြို့ဖြစ်ပြီး လူဦးရေ ၁ သိန်းမှ ၂ သိန်းအတွင်း နေထိုင်ခဲ့ပါတယ်။
(၅) Sri Ranganathaswamy

သန်းပေါင်းများစွာသော ခရီးသွားတွေဟာ Sri Ranganathaswamy ဘုရားကျောင်းဆီကို နှစ်စဉ်နှစ်တိုင်း လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ ဟိန္ဒူဘာသာရေးဘုရားကျောင်းဖြစ်ပြီး ရှုပ်ထွေးပြီး လှပသေသပ်လွန်းတဲ့ ဗိသုကာ လက်ရာတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ပေ ၂၄၀ မြင့်မားတဲ့ ဘုရားကျောင်းရဲ့ အရိပ်အာဝါသအောက်မှာ ၁၇ ရာစုရဲ့လွမ်းမောဖွယ် ဒေသတွင်းပုံပြင်တွေနဲ့အတူ အတိတ်ဆီပြန်လည်ရောက်ရှိသွားသလို ခံစားကြရမှာ ဖြစ်ပါတယ်။ အိန္ဒိယမှာတည်ရှိတာ ဖြစ်ပါတယ်။
Ref. http://www.ba-bamail.com