နာမည်ကျော်လူငယ်အဆိုတော် Justin Bieber ရဲ့ အိမ်နီးချင်းဟောင်းက အဆိုတော် Justin အနေနဲ့ တရားရုံး မှာ ထွက်ဆိုချက်ပေးဖို့ ရောက်မလာခဲ့တာကြောင် ဖမ်းဝရမ်းထုတ်ပေးဖို့ တရားသူကြီးကို တောင်းဆိုလိုက်ပါတယ်။
Jeffrey နဲ့ Suzanne Schwartz ဆိုသူတို့က ‘Baby’ သီချင်းအဆိုတော် Justin ဟာ သူတို့ရဲ့ မိသားစုကို အုပ်စုလိုက် ခြိမ်းခြောက်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ Calabasas မြို့မှာရှိတဲ့ သူတို့အိမ်နားမှာ ဒေါသတကြီး ကားမောင်းနှင် နေခဲ့တယ်လို့ ဆိုပြီးတော့ ၂၀၁၅ ခုနှစ်မှာတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
တရားစွဲဆိုသူနှစ်ဦးဟာ ကြက်ဥနဲ့ပစ်ပေါက်ခံခဲ့ရတယ်လို့ ပြောဆိုခဲ့တာကြောင့် နစ်နာကြေးအနေနဲ့ အဆိုတော် Justin ထံကနေ ဒေါ်လာ ၈ သောင်း ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမှုကိုဖြေရှင်းပြီးခဲ့ပြီး ဖြစ်ပေမယ့် လူထုအခြေပြုအမှုကတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။
TMZ မီဒီယာရဲ့အဆိုအရ အဆိုတော် Justin ဟာ ဇွန်လ ၂၂ ရက်နေ့မှာ တရားရုံးမှာ ထွက်ဆိုချက်ပေးရမှာဖြစ်ပေမယ့် တရားခွင်ကြားနာမှုကို ရောက်မလာခဲ့ဘဲ နယူးယောက်မှာ ချစ်သူ Hailey Baldwin နဲ့ လျှောက်လည်နေခဲ့တာကို တွေ့မြင်ခဲ့ကြရပါတယ်။
ဒါကြောင့် တရားစွဲဆိုသူ Jeffrey က အဆိုတော် Justin ကို ဖမ်းဝရမ်းထုတ်ပေးဖို့နဲ့ ထွက်ဆိုချက်ပေးဖို့ ရောက်မလာတဲ့ တရက်ချင်းစီအတွက် ဒေါ်လာ ၁၀၀၀ စီဒဏ်တပ်ပေးဖို့ တရားသူကြီးထံတောင်းဆိုခဲ့ပါတယ်။
Schwartz ကတော့ Justin အနေနဲ့ နှစ်နှစ်အတွင်း ထွက်ဆိုချက်ပေးဖို့ ငါးကြိမ်ပျက်ကွက်ခဲ့တယ်လို့ ဆိုပြီး အမှုကို ရှုပ်ထွေးစေပြီး နှောင့်နှေးစေတယ်လို့ စွပ်စွဲထားပါတယ်။
Ref: aceshowbiz