သတင်း

ကလေးများ၏ မိဘများကို ထိုင်းဝန်ကြီးချုပ် အားပေးနှစ်သိမ့်

Want create site? Find Free WordPress Themes and plugins.

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာသည် မယ်ဆိုင်မြို့နယ်ရှိ ထမ်လုံခွန်နမ်ဂူသို့ ယနေ့ နံနက်က ရောက်ရှိ လာပြီး ပျောက်ဆုံးနေသည့် ကလေးငယ်များ၏ မိဘများနှင့် တွေ့ဆုံကာ အားပေး ခဲ့သည်။

“ခင်ဗျားတို့ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စွမ်းပကားကို ခင်ဗျား တို့အနေနဲ ယုံကြည် စိတ်ချဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီးပရာယွဒ်က ကယ်ဆယ်ရေး စီမံဌာနတွင် စုဝေးနေကြသောမိသားစုများကို ပြောကြား ခဲ့သည်။

ပျောက်ဆုံးနေသည့် ကလေးငယ်များ၏ မိဘများ မိသားစုဝင်အများအပြားသည် ပြီးခဲ့သည့် တနင်္ဂနွေ နေ့ ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိကတည်းက ဂူပြင်ပတွင် စုရုံးရောက်ရှိနေခြင်းဖြစ်သည်။

ပျောက်ဆုံးနေဆဲ ကလေးများနှင့် ဆယ်ကျော်သက်လူငယ်များသည် ဘောလုံးအားကစားသမားများ ဖြစ်ကြခြင်းကို ထောက်ရှု၍ ၎င်းတို့အနေဖြင့် အသက်ရှင်ရပ်တည်ရန် ရင်ဆိုင်ရသောအခက်အခဲများကို ရုပ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်ရှိမည်ဟု မှန်းဆရသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ်သည် ကလေးငယ်များ၏ မိဘများ၊ မိသားစုများကို မနှစ်သိမ့်မီ ကယ်ဆယ်ရေး လုပ်ဆောင်နေမှု နောက်ဆုံးအခြေအနေ အစီရင်ခံခြင်းကို နားထောင်သည်။

စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေကြသော မိဘများကို ဝန်ကြီးချုပ်က မိမိအနေဖြင့်လည်း စိတ်ထိခိုက်ခံစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ “ကျနော်မွေးထားတဲ့ကလေးတွေလိုပဲ ကျနော်လည်း ခံစားရပါတယ်”ဟု ပြောသည်။

ထမ်လုံခွန်နမ် နန်နွန့်အမျိုးသားဥယျာဉ်သို့ ထိုင်းဝန်ကြီးချုပ် ယနေ့နံနက်ပိုင်းက ရောက်ရှိလာစဉ် ကယ်ဆယ်ရေးအဖွဲ့က ကလေးငယ်များကို ကယ်ထုတ်နိုင်မည်ဟုယုံကြည်ထားသော လိုဏ်ဂူ အတွင်းအခန်းကျယ်တခုကို ထွင်းဖောက်ရောက်ရှိရန် ကြိုးစားနေဆဲဖြစ်သလို၊ ကြမ်းတမ်းသည့် ရေမြေသဘာဝနှင့် မိုးသည်းထန်ခြင်းက အဟန့်အတားပြုနေသည်။

ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် မိသားစုဝင်တချို့က ကလေးငယ်များသည် လိုဏ်ဂူအတွင်းရှိ ပတ္တယား ကမ်းခြေဟု တင်စား ခေါ်ဝေါ်နေသည့် နေရာတွင် ရှိနိုင်ကြောင်း တင်ပြရာ ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာက “လုပ်ကြတာပေါ့။ သူတို့ အကုန်လုံး ဘေးကင်းရန်ကင်းထွက်လာပြီဆို ကျနော်တို့က သူတို့ကိုခေါ်ပြီး ပတ္တယားကမ်းခြေ သွားလည်ကြမယ်” ဟု နာမည်ကျော်ပတ္တယားကမ်းခြေကို ရည်ညွှန်း၍ ပြောဆိုသည့်အတွက် စိတ်ဝေဒနာခံစားနေရ သည့် မိဘများထံမှ အပြုံးများထွက်ပေါ်ခဲသည်။

ယင်းနောက် ဝန်ကြီးချုပ် ပရာယွဒ်က မိသားစုဝင်များအား စိတ်တင်းကျပ်မှုလျှော့ချရန် တရားထိုင်သင့်ပုံများကို ပြောပြကာ နှစ်သိမ့်ခဲ့ရာ လက်ခုပ်သံများဖြင့် သောင်းသောင်းဖျဖျ သြဘာပေး၍ ရယ်မောခဲ့ကြသည်။

ဝန်ကြီးချုပ်သည် ယခုခရီးစဉ်တွင် ဝိုင်းဝန်းကူညီကြသည့် နိုင်ငံခြား ကျွမ်းကျင်ပညာရှင်များကို ကျေးဇူူးစကားပြောကြား သည်။

ယနေ့နေ့လည်ပိုင်းကမူ လိုဏ်ဂူအတွင်းရှိ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများမှ တဆင့် ဓာတ်လိုက်မှုဖြစ်ပွားသည့် အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များတချို့ ဒဏ်ရာရရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading