သတင်း

ရခိုင်စီမံ/ဘဏ္ဍာဝန်ကြီးအား တာဝန်ရပ်စဲရေး အဆို လွှတ်တော်တွင် ရှုံးနိမ့်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး တပါးဖြစ်သူ စီမံ/ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား တာဝန်မှ ရပ်စဲနိုင်ရန် စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်ပြီး ယနေ့ ပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ သတ်မှတ်ထားသည့် မဲအရေအတွက် မရရှိ သောကြောင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်သို့ တက်ရောက်သည့် ကိုယ်စားလှယ် ၄၄ ဦး အနက် ဝန်ကြီး ဦကျော်အေးသိန်းအား တာဝန်မှ ရပ်စဲရန် စွပ်စွဲပြစ်တင်ချက်များနှင့် ပတ်သက်ပြီး လျှို့ဝှက် မဲပေး စနစ်ဖြင့် မဲခွဲဆုံး ဖြတ်ခဲ့ရ ာတွင် ထောက်ခံမဲ ၂၅ မဲ ၊ ကန့်ကွက်မဲ ၉ မဲ ၊ ပယ်မဲ ၁၀ အသီးသီး ထွက်ပေါ်ခဲ့ရာ ဆန္ဒမဲပေးသူ၏ မဲအရေအတွက် ၃ ပုံ ၂ ပုံ မရရှိသဖြင့် စွပ်စွဲချက်များမှာ မအောင်မြင်ခဲ့ပါ။

စုံစမ်းစစ် ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွေအေးက “ ဆန္ဒပြုတဲ့ မဲအားလုံးထဲမှာ ကန့်ကွက်မဲက ၉ မဲပဲရှိတယ် ။ လုံးဝဆန္ဒမပြုတဲ့ မဲက ၁၀ မဲ ဖြစ်နေတယ်။ ကျနော်တို့ ထောက်ခံမဲက ၂၅ မဲပါ ။ အဲဒီတော့ ကျနော်တို့ ပြည်သူ့ဘက်က ရပ်တည်တဲ့ ကိုယ်စားလှယ်တွေ ကတော့ ဒီ ၂၅ မဲကို ရဲရဲကြီး ထောက်ခံပြီးတော့ ပေးခဲ့ တယ် ဆိုတာကို လက်တွေ့ တွေ့မြင်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကိုယ်စား လှယ်တွေ အနေနဲ့ အစိုးရကို ဒီလိုမျိုး ထိမ်းကျောင်းလို့မရရင် ရှေးဆက်ပြီး တော့ ဘယ်လိုမျိုးထိန်းကျောင်းရမလဲဆိုတာ ကျနော်တို့ လည်း တော်တော်လေးစဉ်းစားရမှာ ဖြစ်ပါတယ် ” ဟု ယမန်နေ့က ကျင်းပသည့် လွှတ်တော်အပြီးတွင် သတင်းမီဒီယာများသို့ ပြောကြား သည်။

ဝန်ကြီးဦးကျော်အေးသိန်းအား တာဝန်မှရပ်စဲနိုင်ရန်အတွက် လိုအပ်သည့် ထောက်ခံမဲအရေအတွက်သည် ဆန္ဒမဲပေးသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ မဲပြား ရေအတွက် သုံး ပုံနှစ်ပုံ ရရှိ ရမည် ဖြစ်ရာ ယခု မဲခွဲရာတွင် ထောက်ခံမဲပြား ၃၁ မဲ မပြည့်မီ သဖြင့် ဝန်ကြီးအား စွပ်စွဲပြစ်တင်မှုမှာ မမှန်ကန် ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက လွှတ်တော်တွင် ကြေငြာခဲ့သည်။

“ အစိုးရနဲ့လွှတ်တော် ၊ လွှတ်တော်နဲ့အစိုးရဆိုတာ တခုကို တခုထိန်းကျောင်း ကြတဲ့အခါမှာ သဘော ထားကြီး ဖို့ အရမ်းလိုအပ်ပါတယ် ။ ငါတို့ကို ထိန်းကျောင်းရမလားဆိုပြီး အာဃာတ တရားတွေ မထားဖို့ တိုက်တွန်းလိုပါတယ် ။ နောက်ဆုံး ပြောချင်တာက ငါတို့ ပြည်နယ် ၊ ငါတို့ လူမျိုးဟာ အလွန်စိုးရိမ် စရာ ကောင်းတဲ့ စိန်ခေါ်မှုတွေကြားမှာ ရောက်နေပါသလားဆိုတာ အမြဲသိထားဖို့ လိုတယ် ” ဟုလည်း ဦးစံကျော်လှက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ / ဘဏ္ဍာဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်နေ သော ဦးကျော်အေးသိန်း သည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းနှင့် ဘဏ္ဍာရေးနှစ် အလိုက် ပြည်နယ်၏ ခွင်ြ့ပု ရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်မှု မရှိခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခံရသည့် အတွက်ကြောင့် လွှတ်တော်က စုံစမ်းစစ်ရေးအဖွဲ့ကို ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

၎င်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် အဖြစ် သံတွဲမဲဆန္ဒနယ်အမှတ် (၂ မှ NLD အမတ် ဦးနိုင်ကြွေအေး ၊ အဖွဲ့ဝင်များအဖြစ် ပါဝင်သော ANP ပါတီမှ စစ်တွေအမတ် ဦးအေးသိန်း ၊ ရသေ့တောင် အမတ် ဦးဦးသိန်းနိုင် ၊ ပုဏ္ဏားကျွန်းအမတ် ဦးအောင်သန်းတင် နှင့် ပြည်ခိုင်ဖြိုးပါတီမှ မောင်တော အမတ် ဦးထွန်းလှစိန် တို့ ပါဝင်ပြီး ယင်းတို့၏ စုံစမ်း စစ်ဆေးပြီး တွေ့ရှိချက်များကို ၂၀၁၈ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် ပြည်နယ် လွှတ်တော်ရုံးသို့ ပြန်လည် အစီရင်ခံ တင်ပြခဲြ့ခင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး တဦး ဲဖြစ်သူ ဦးမင်းအောင်ကို တာဝန်မှ ရပ်စဲရန် စွပ်စွဲပြစ်တင်ချက်များနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ အစည်းအဝေးသို့ တက်ရောက်သူ ကိုယ်စား လှယ် ၄၅ ယောက် ရှိခဲ့ရာတွင် ထောက်ခံမဲ ၃၇ မဲ ၊ ကန့်ကွက်မဲ ၈ မဲတို့ဖြင့် ၎င်း အား ဆက် လက်တာဝန်ထမ်းဆောင်ရန် မသင့်ကြောင့် ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မက တာဝန်မှ တာဝန်မှ ရပ်စဲခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading