• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ တဆင့် ဖွဲ့စည်းပုံ ပြင်ရေး ကြိုးပမ်းမည်ဟု NLD ပြော

by ကျော်မျိုး
2 July 2018
in သတင်း
A A
NLD ၏ ပထမ အကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး လုပ်ငန်း ကော်မတီများ စုံညီတွေ့ဆုံပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

NLD ၏ ပထမ အကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး လုပ်ငန်း ကော်မတီများ စုံညီတွေ့ဆုံပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအား တပ်မတော် ပါဝင် ဆွေးနွေးနေသည့် ၂၁ ရာစု ပင်လုံ ညီလာခံမှ တဆင့် လွှတ်တော်သို့ သယ်ဆောင်ကာ ပြင်ဆင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း NLD က ပြောသည်။

နေပြည်တော် MICC-2 ခန်းမ၌ ဇွန်လ ၃၀ ရက်က ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ၏ ပထမ အကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး လုပ်ငန်း ကော်မတီများ စုံညီတွေ့ဆုံပွဲ ခေတ္တနားချိန်တွင် NLD ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခြင်း ဖြစ်သည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
315
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
10
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
364

“အစုအဖွဲ့ ၆ ဖွဲ့ ဆွေးနွေးနေကြတယ်။ နိုင်ငံရေးအစုအဖွဲ့ ကိုယ်စားလှယ် အစု အဖွဲ့ပါတယ် တပ်မတော်သား အစုဖွဲ့ ပါနေ တယ်။ အဲဒီမှာ ဘုံသဘောတူညီချက် ရသွားရင် အဲဒီသဘောတူညီချက်ကို အခြေခံပြီး လွှတ်တော်ထဲမှာ ဆွေးနွေး ပြင်မှာ ပါ”ဟုလည်း ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင် ဆုံးဖြတ်မည်ဆိုပါက လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းကျော်က သဘောတူရမည် ဖြစ်၍ တပ်မတော် ပါဝင်မှသာ အောင်မြင်မည် ဖြစ်သဖြင့် ပြင်ဆင်ရေး အခက် အခဲ များနှင့် ရင်ဆိုင်နေရကြောင်း ဒေါက်တာ မေဝင်းမြင့် က ဆိုသည်။

၎င်းက ဆက်လက်၍“ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြည်သူတွေလည်း မထိခိုက်စေရဘူး။ တိုင်းပြည်လည်း မနစ်နာ စေရဘူး။ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ ၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းရမည် ဖြစ်ပြီး ယင်း ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင် နှုန်း ကျော် ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ အားလုံး ၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် ရည်ရွယ်ချက်ကို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ချိန်မှ လက်ရှိ အချိန်အထိ စွန့်လွှတ်ခြင်း မရှိသေးကြောင်း၊ ယင်းကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစားပေး ဆောင်ရွက်နေသည့် ကိစ္စတခု ဖြစ်ကြောင်း NLD ၏ နာယက ဦးဝင်းထိန်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ အနေနဲ့ အစဉ်တစိုက် နှလုံးသွင်း လျက် ရှိတယ်။ နည်းလမ်းတွေ ရှာလျက်ရှိတယ်”ဟုလည်း ဦးဝင်းထိန် က ဆိုသည်။

ယင်း အခမ်းအနားသို့ အမျိုးသမီး ခေါင်းဆောင် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ အမှာစကား ပြောကြား သင့်သော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ကန့်သတ်ထားသည့် အတွက် တက်ရောက်နိုင်ခြင်း မရှိဟု ဦးဝင်းထိန်က အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားသည်။

၎င်းက “အမျိုးသမီးတွေရဲ့ပွဲမှာ စကားပြောသင့်တာက အမျိုးသမီး၊ ဘယ်အမျိုးသမီးလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်။ ဘာဖြစ်လို့ မပြောရလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံက ကိုးလို့ကန့်လန့် ခံထားလို့။ အဲဒီတော့ အမျိုးသမီးတွေကိုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို နှိုးဆော်တာ”ဟု ပြောဆိုသည်။

NLD အစိုးရ၏ မျှော်လင့်ချက်ဖြစ်သည့်် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် မဖြစ်လာနိုင်စရာ မရှိဟုလည်း ၎င်းက ဆိုသည်။

“NLD အဖျက်ခံရတဲ့ ဘဝကနေ ဒီအခြေအနေ ဖြစ်လာအောင် ဒေါ်စုက လုပ်လာခဲ့တာ။ ဘာလို့ မဖြစ်နိုင်ရမှာလဲ” ဟု ဦးဝင်းထိန် က ပြောသည်။

ရခိုင် အမျိုးသား ပါတီမှ အတွင်းရေးမှူး ဦးဖေသန်း ကမူ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ သဘောတူညီချက် အနည်း ငယ် ရရှိရုံဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည် ဆိုပါက အကြိမ်ကြိမ် ပြင်ဆင်နေရမည် ဖြစ်ပြီး အလွဲလွဲ အချော်ချော် ဖြစ်နိုင်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု နှင့် ပတ်သက်၍ တိကျသည့် ဆုံးဖြတ်ချက် ထွက်ပေါ်မှသာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခိုင်မာ တိကျစွာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။

“အခုအချိန် ပြင်ဆင်လည်း ဘာမှထူးခြားတဲ့ အဖြေရမှာ မဟုတ်ဘူး။ ပြင်ဆင်တယ် ဆိုရုံလောက်ပဲ ဖြစ်မယ်။ တကယ်တမ်း တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ အခုအချိန်မှာ ပြင်လို့ ဘယ်လိုမှ မရနိုင်သေးဘူး။ နည်းနည်း ကြန့်ကြာလိမ့်မယ် ထင်တယ်”ဟု ဦးဖေသန်းက ပြောသည်။

NLD ပါတီအနေဖြင့် အာဏာမရခင်က ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိက ဆောင်ရွက်မည်ဟု ကတိပြုထားပြီး အကောင်အထည် ဖော်နိုင်ခြင်း ရှိမရှိကို နိုင်ငံရေး လေ့လာ သုံးသပ်သူများက စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး လုပ်ငန်း ကော်မတီများ စုံညီတွေ့ဆုံပွဲ ကို ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ ကျင်းပခြင်း ဖြစ်ပြီး တွေ့ဆုံပွဲသို့ သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီးဖြစ်သူ ဒေါ်စုစုလွင်၊ ပါတီ ဗဟို အလုပ်မှုဆောင်များ တက်ရောက်ခဲ့ကြ သလို ဒေါက်တာ တင်မျိုးဝင်းက တိုင်းပြည်၏ ငြိမ်းချမ်းရေး အခြေအနေ၊ ဒေါက်တာ မြင့်ထွေးနှင့် ဒေါက်တာ ဝင်းမြတ်အေး တို့က အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ကျန်းမာရေး အခြေအနေများကို တက်ရောက် ရှင်းလင်းခဲ့ကြသည်။

Your Thoughts …
Tags: ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် တိုက်ခိုက်ခံရအပြီး လုံခြုံရေး အကာအရံများ ချနေစဉ်  / ချမ်းစွန်း / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် နေအိမ် ဓာတ်ဆီပုလင်းနှင့် ပစ်သူ ထောင် ၅ နှစ်ကျ

၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုမှာ တွေ့ရတဲ့ အဆိုတော် အစ္စဏီ / ထက်ဝေ / ဧရာဝတီ

"အမှန်တရားကို ဆက်လက် ဖော်ထုတ်သွားမှာပါ"လို့ဆိုတဲ့ အဆိုတော် အစ္စဏီရဲ့ ရှေ့နေ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate