သတင်း

ထိုင်းကလေးငယ်များ မိသားစုဝင်များနှင့် တယ်လီဖုန်းပြောခွင့်ရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်ရှိ ထမ်လုံခွန်နမ့် ကျောက်ဂူအတွင်း ပိတ်မိနေသည့် ကလေးငယ် ၁၂ဦးနှင့် နည်းပြတို့သည် ၎င်းတို့ ၏ မိသားစုဝင်းများနှင့် ပထမဆုံးအကြိမ် တယ်လီဖုန်းနှင့် အပြန်အလှန် ပြောဆိုဆက်သွယ်ခဲ့ကြသည်။

ထမ်လုံလိုဏ်အတွင်း ထိုင်းရေတပ်က တပ်ဆင်ပေးသော ဖုန်းလိုင်းများသုံး၍ ကလေးများနှင့်မိဘများ ဖုန်းပြောခဲ့ကြ ကြောင်း ချင်းရိုင်အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်ကို ကိုးကား၍ Khaosad သတင်းကဆိုသည်။

“ဒီနေ့ဆိုရင်ပဲ လိုဏ်ဂူထဲက ရေတပ်အခြေစိုက်ထားတဲ့ အခန်းနံပါတ် ၃ ကနေ မိဘအုပ်ထိန်းသူတွေနဲ့ ကလေးတွေကို ဖုန်းပြောလို့ရအောင် ချိတ်ဆက်ပေးတာဖြစ်ပါတယ်” ဟု ချင်းရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

၎င်း၏ ထုတ်ပြန်ချက်တွင် လိုဏ်ဂူအတွင်း ရေမှာ ဒူးဆစ်မြှပ်ရုံသာရှိသော်လည်း ဥမင်လိုဏ်ခေါင်း အတွင်းကျကျ အခန်း တွင်မူ လည်ပင်းအထိ မြှပ်နေပြီး၊ ရေငုပ်သမား ၇ ဦးသည် လိုဏ်ဂူအတွင်း အခြေစိုက်နေရာ ပြန်ရောက်ရန် ၆ နာရီကြာ ကူးခတ်အချိန်ယူရကြောင်း ပါရှိသည်။

ထိုင်းဘုရင့်တပ်မတော်မှ ဗိုလ်ချုပ်ကြီးအပါ ကွန် ကယောက်က လိုဏ်ဂူ၏အဓိက ဝင်ပေါက်တွင် ကျဉ်းမြောင်းသော နေရာ များစွာရှိနေပြီး ရေဖုံးလွှမ်းနေမှုကြောင့် ရေငုပ်ကျွမ်းကျင်သူများမှသာ ထိုးဖောက်ဝင်ရောက်နိုင်ကြောင်း ပြောသည်။

လိုဏ်ဂူထဲမှ ရေများကို လတ်တလော စုပ်ထုတ်နေဆဲဖြစ်ပြီး ပြန်ထွက်သည့်လမ်းတွင် ရှင်းနိုင်သမျှရှင်း စေရန် ဆောင်ရွက် နေကြောင်း၊ ထမ့်လုံနမ့်နွန် ဥမင်လိုဏ်၏ ၁၀ ကီလိုမီတာအတွင်းအစိတ်အပိုင်း နေရာများတွင် လက်ရှိ ရေဖုံးလွှမ်းနေ ဆဲဖြစ်ပြီး နှစ်စဉ် မုတ်သုံရာသီတွင် ရေဝင်နေကျဖြစ်သည့် အတိုင်း အောက်တိုဘာလအထိ ရေဆက်ရှိနေမည်ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

ထိုင်းအာဏာပိုင်များက ၎င်းတို့တို့ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ရန် လများစွာ အချိန်ယူရနိုင် ကြောင်း၊ ကယ်ထုတ်ရေး ကြိုးပမ်းမှုတွင် အဆင့်သုံးဆင့်ပါဝင်ပြီး၊ ပထမအဆင့်တွင် ရေငုပ်သမား များက အစားအသောက်နှင့်ပရိုတင်းဂျယ်များယူ၍ လိုဏ်ဂူအတွင်း လူ ၁၃ ယောက်ကို လှည့်ပတ်ခြေ ရာခံခြင်း ဖြစ်ပြီး၊ နောက်တဆင့်တွင် ရေငုပ်သမားများ ထပ်မံအားဖြည့်ပြီး ဆရာဝန်များ လိုက်ပါ လျက် ပိတ်မိနေသူများကို ညင်ညင်သာသာဖြင့် ကျန်းမာရေးဆေးစစ်ကာ အခြေစိုက်စခန်းသို့ ခေါ် ဆောင်လာရန်၊ တတိယအဆင့်မှာ ၎င်းတို့ကို လေးလစာရိက္ခာပေး၍ ရေငုပ်နည်း သင်ကြားပေးရန်ဖြစ် ကြောင်း ရေတပ်တာဝန်ရှိသူများက သတင်းထောက်များကို ပြောသည်။

ရွှံနွံထူထပ်နေသော လိုဏ်ဂူအတွင်းရှိ ရေပြင်ထဲကျော်ဖြတ်ရသည်မှာ ၃ နာရီကြာမြင့်ပြီးမှ ပိတ်မိနေသူ ၁၃ ဦးရှိနေ သည့်နေရာသို့ ရောက်ခဲ့ကြောင်းနှင့် ယင်းနှင့်အနီးဆုံးနေရာတွင် ယခုရှေ့တန်းအခြေစိုက် စခန်းဖွင့် ထားကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး နာရစ်ပရာတွန်စုဝမ်က သတင်းထောက်များ ကိုပြောသည်။

ယင်းနေရာရောက်နေသည့် Khasod သတင်းထောက်အဆိုအရ အာဏာပိုင်များက ယင်းဧရိယာထဲသို့ ဝင်ခွင့်တား မြစ်ထားပြီး မိဘများ စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ အကြောင်းမှာ ယခင်နှစ်က ဓာတ်ပုံ တပုံ ညကပျံ့နှံသွားခဲ့၍ဖြစ်ကြောင်း သိရသည်။ ယင်းဓာတ်ပုံနှင့်ပတ်သက်၍လည်း မီဒီယာအသိုင်း အဝိုင်းကြား အငြင်းပွားမှုနေဆဲဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading