• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို အဂတိလိုက်စားမှုဖြင့် ဖမ်းလိုက်ပြီ

by ဧရာဝတီ
3 July 2018
in သတင်း
A A
အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က နာဂျစ်၏နေအိမ်သို့ သွားရောက်၍ ဖမ်းဆီးခဲ့သည် / Reuters

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က နာဂျစ်၏နေအိမ်သို့ သွားရောက်၍ ဖမ်းဆီးခဲ့သည် / Reuters

12.2k
VIEWS
Share on FacebookShare on Twitter

မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ဆယ်စုနှစ်တခုကျော် ၎င်းတည်ထောင်ခဲ့သော နိုင်ငံတော်ပိုင်ရံပုံငွေတရပ်တွင် အဂတိလိုက်စားခဲ့မှုဖြင့် ဖမ်းဆီးလိုက်ပြီး ၎င်းကို ဗုဒ္ဒဟူးနေ့၌ တရားရုံးတွင် စစ်ဆေးမည်ဟု မလေးရှားအာဏာပိုင်များက ပြောကြောင်း သိရသည်။

မေလတွင် ၎င်း၏လမ်းညွှန်သူအဖြစ်မှ ရန်သူဖြစ်သွားခဲ့သည့် မဟာသီယာမိုဟာမက်ကို ရွေးကောက်ပွဲတွင် တုန်လှုပ်ဖွယ်ရာ ရှုံးနိမ့်ခဲ့ရပြီးနောက် တိုင်းပြည်ပြင်ပ ထွက်ခွာခွင့် ပိတ်ပင်တားဆီးခံခဲ့ရသည့်အပြင် နာဂျစ်၏ ပိုင်ဆိုင်မှုများနှင့်ဆက်စပ်နေသည့် ဒေါ်လာသန်းပေါင်းများစွာကို စောင့်ကြည့်စစ်ဆေးခဲ့သည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

19 June 2025
75
သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

19 June 2025
115
ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

19 June 2025
85

နာဂျစ်ကို ဖမ်းဆီးရန် ရမန်အော်ဒါယူပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က နာဂျစ်၏နေအိမ်သို့ သွားရောက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နာဂျစ်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူတဦးက ချက်ချင်း သဘောထား မှတ်ချက်မပေးဘဲ နာဂျစ်သည် အမှားအယွင်း ဘာမှမလုပ်ခဲ့ဟုသာ ဆိုသည်။

၂၀၀၉ ခုနှစ်က နာဂျစ် တည်ထောင်ခဲ့သော 1MDB ကို ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှု စွဲချက်များဖြင့် အနည်းဆုံးနိုင်ငံပေါင်း ၆ နိုင်ငံတွင် စုံစမ်းစစ်ဆေးနေသည်။

အမေရိကန်တရားရေးဌာနက တင်သွင်းသော အရပ်ဘက်တရားစွဲမှုတွင် 1MDB မှ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံနီးပါးကို ရှုပ်ထွေးသည့်ငွေလွှဲကွန်ရက်နှင့် ကုမ္ပဏီ အကာအကွယ်ယူလျက် ငွေကြေးခဝါချမှု ကျူးလွန်ခဲ့ကြောင်း စွဲချက်တင်ထားသည်။

သို့သော် မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(MACC) ၏ စုံစမ်းစစ်ဆေးမှုတွင် ကနဦး အာရုံစိုက်ထားသည့်အချက်မှာ SRC International ထံမှ နာဂျစ်၏ဘဏ်စာရင်းထဲသို့ ရင်းဂစ်ငွေ ၄၂ သန်း(ဒေါ်လာ ၁၀ ဒသမ ၆ သန်း) မည်သို့မည်ပုံရောက်ရှိသွားသည်ဟူသော အချက်ဖြစ်သည်။

SRC ကို ၂၀၁၁ ခုနှစ်တွင် စွမ်းအင်ရင်းမြစ်များအတွက် နိုင်ငံရပ်ခြားမှ ရင်းနှီးမြှပ်နှံမှုများ ဆွဲဆောင်နိုင်စေရန် နာဂျစ်အစိုးရက တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီးဌာနသို့ မလွှဲပြောင်းမီအထိ SRC သည် 1MDB ၏ ယူနစ်တခုအဖြစ် ရှိနေခဲ့သည်။

မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က SRC ထံမှ ငွေကြေး စီးဆင်းသည့် လမ်းကြောင်းကို ခြေရာခံနိုင်ခဲ့ပြီဖြစ်သည်။

အာဏာပိုင်များက 1MDB နှင့်ပတ်သက်နေသော ဘဏ်စာရင်း ၄၀၀ ထက်မနည်းကို ထိန်းချုပ်လိုက်ပြီးနောက် ယင်းဘဏ်စာရင်းထံမှ ဒေါ်လာ ၂၇၅ သန်းနီးပါးတန်ဖိုးရှိသည့် လက်ဝတ်ရတနာများ၊ လက်ဆွဲအိတ်များ၊ လက်ပတ်နာရီများ၊ ငွေသားများမှာ နာဂျစ်နှင့်ဆက်စပ်နေသဖြင့် သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

နာဂျစ်ကို ဖမ်းဆီးကြောင်း သတင်းထုတ်လိုက်ချိန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က နာဂျစ်၏ဇနီး ရို့စ်မက်ကိုလည်း မေးမြန်းစစ်ဆေးနေသည်။ နာဂျစ်၏သား ရီဇာအဇစ်ကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သို့ ကြေညာချက်တစောင် ထုတ်ပြန်ပေးပို့ခဲ့ရသည်။

Your Thoughts …
Tags: မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်အဂတိလိုက်စားမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.4k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
26.8k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.1k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

Next Post
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို ဆွေးနွေးပွဲတခုတွင် မြင်ရစဉ်  / The Global New Light of Myanmar

လာဘ်ပေးသူတွေလည်း အရေးယူခံရတော့မည်

ကမ္ဘာပေါ်က အနက်ရှိုင်းဆုံး လှိုဏ်ဂူများ

ကမ္ဘာပေါ်က စိတ်ဝင်စားဖွယ် အနက်ရှိုင်းဆုံး လိုဏ်ဂူ ၁၀ ခု

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate