• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လာဘ်ပေးသူတွေလည်း အရေးယူခံရတော့မည်

by မျိုးပပစန်း
3 July 2018
in သတင်း
A A
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို ဆွေးနွေးပွဲတခုတွင် မြင်ရစဉ်  / The Global New Light of Myanmar

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို ဆွေးနွေးပွဲတခုတွင် မြင်ရစဉ် / The Global New Light of Myanmar

20.6k
VIEWS
Share on FacebookShare on Twitter

၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်လိုက်သည့် ၂၀၁၈ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ လာဘ်ပေးသူများမှာပါ အန္တရာယ်များသည့် အခြေအနေတွင် ရှိနေကြောင်း အဂတိ တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) ၌ ဇူလှိုင် ၂ ရက်တွင် ပြုလုပ် သော အဂတိလိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်ရေးထိုးပွဲ အခမ်းအနား နှင့် စီးပွားရေး လုပ်ငန်း များဆိုင်ရာ ကျင့်ဝတ်များ ဖွံ့ဖြိုးလာစေခြင်းဆွေးနွေးပွဲတွင် “ဥပဒေ ပုဒ်မ ၃၊ က မှာ ကျနော်တို့ပြုပြင်ထားတာ ရှိပါတယ်။ အဲဒါက ပေးခြင်း ယူခြင်းဆိုတဲ့ အပိုင်းကို ပိုမိုပြီး ထင်ရှားအောင်ဖော်ပြထားပါတယ်။ မူလတုန်းကတော့ ပေးခြင်း၊ ယူခြင်းဆိုတဲ့ အချက်အလက်တွေပါပါတယ်။ ဒါပေမယ့် ပေးသူ၊ ယူသူနဲ့ ပတ်သက်လို့ သိပ်ပြီးတော့ သည်းသည်းကွဲကွဲမရှိဘူး။ အခုကျတော့ မည်သူမဆိုလို့ သတ်မှတ်ထားတဲ့ အတွက် အကုန်လုံးပါဝင်လာတာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
19
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
19
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
29

ပြင်ဆင်လိုက်ပြီဖြစ်သည့် ပုဒ်မ ၃ (က)တွင် အဂတိလိုက်စားမှုဆိုသည်မှာ မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ ယင်းတို့နှင့် သက်ဆိုင်မှု ရှိသော သဘောတူစာချုပ်တခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း ပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်း တရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေးပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရူံးစေခြင်း ရှိလျှင် အဂတိလိုက်စားမှုမြောက်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြီးခဲ့သည့် သတ္တမအကြိမ် အမျိုးသားလွှတ်တော်တွင် ဥပဒေပါ အချက် ၂၄ ချက်ကို ပြင်ဆင်ပေးပို့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ဇွန်လ ၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အတည်ပြုဆုံးဖြတ်ပေးခဲ့သည်။

“မြန်မာလူမျိုးတွေရဲ့ သဘာဝအရ ပေးကမ်းခြင်းက အောင်မြင်ရာ၏ ဆိုတဲ့ ဆိုရိုးစကားကလည်း ရှိနေတော့ တချို့ကိစ္စ တွေမှာ စေတနာအလျောက်ပဲဖြစ်ဖြစ် ပေးကမ်းလိုတဲ့ စိတ်စေတနာ ရှိတတ်တယ်။ ဒါပေမယ့် ဥပဒေအရ ဆိုရင်တော့ ဒါက အလွန်အန္တရာယ်များတဲ့ အနေအထားရောက်နေပြီ ဆိုတာ သိစေလိုပါတယ်”ဟု အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

ဆက်လက်၍ ၎င်းက “လက်ဆောင် ပေးတယ်ဆိုတဲ့ နေရာမှာလည်း အဓိက တံစိုးလက်ဆောင်လို့ ကျနော်တို့ သတ်မှတ် တာပေါ့လေ။ ဒီမှာ ငွေကြေးမှ တန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းမှ မဟုတ်ပါဘူး။ ဝန်ဆောင်ခတွေ၊ ပြုစုတာတွေ ဝန် ဆောင်ခပေးတာတွေပါ အကျူံးဝင်ပါတယ်။ ဒါတွေကို ကျနော်တို့က သတိထားလိုက်မယ် ဆိုရင် အဂတိလိုက်စားမှုမှာ သေချာပေါက် လျော့နည်းသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဂတိလိုက်စားမှုမှာ ကိုယ်ကျင့်သိက္ခာနှင့် သက်ဆိုင်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များသာမက အများပြည်သူ မိတ်ဖက်အဖွဲ့အစည်းများ နှင့် အရပ်ဖက်အဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်းပြီး နိုင်ငံသားတိုင်း အဂတိလိုက်စားမှုကို ဆန့်ကျင် လုပ်ဆောင်မှသာ အောင်မြင်ဟုလည်း ၎င်းကသုံးသပ်သည်။

ထို့ကြောင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရဌာနများတွင် ဌာနအလိုက်၊ အဖွဲ့အစည်းအလိုက် ကိုယ်တိုင် တာဝန်ယူမှုရှိစေရန်အတွက် အသင်းအဖွဲ့ ဖွဲ့စည်းရန်ဆွေးနွေးနေပြီး အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲပြဌာန်းကာ သင်တန်းများပေးနိုင်အောင်လည်းဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် နည်းဥပဒေရေး ဆွဲရန် လိုအပ်နေပြီး ယင်း နည်းဥပဒေကို လာမည့် သုံးလအတွင်း ထွက်နိုင်ရန်မျှော်လင့်ထားကြောင်း၊ နည်းဥပဒေ ရေးဆွဲပြီးလျှင် အဂတိတိုက်ဖျက်ရေး လုပ်ဆောင်မည့် လုပ်ငန်းများမှာ ပို၍ အသက်ဝင်လာနိုင်မည်ဟု ကော်မရှင်မှ သိရသည်။

Your Thoughts …
Tags: ကော်မရှင်လာဘ်အဂတိလိုက်စားမှု
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
40.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
26.8k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.1k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

Next Post
ကမ္ဘာပေါ်က အနက်ရှိုင်းဆုံး လှိုဏ်ဂူများ

ကမ္ဘာပေါ်က စိတ်ဝင်စားဖွယ် အနက်ရှိုင်းဆုံး လိုဏ်ဂူ ၁၀ ခု

ရန်ကုန် မြန်မာ့ ဂုဏ်ရည် လမ်းပေါ်ရှိ ဈေးဆိုင်များကို တာဝန်ရှိသူများ စစ်ဆေး ကြည့်ရှုနေစဉ်  / အောင်ကျော်ထက် / ဧရာဝတီ

လမ်းဘေး ဈေးသည်များ စနစ်ကျရေး စီစဉ်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate