• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရိုးရာရွှေဆိုင်းလုပ်ငန်းများ ပျောက်ကွယ်နိုင်ဟု လုပ်ငန်းရှင်များပြော

by ဒီလှိုင်းဝင်း
4 July 2018
in သတင်း
A A
မန္တလေးမြို့ရှိ ရိုးရာရွှေဆိုင်းလုပ်ငန်းတခု/ / ဒီလှိုင်းဝင်း / ဧရာဝတီ

မန္တလေးမြို့ရှိ ရိုးရာရွှေဆိုင်းလုပ်ငန်းတခု/ / ဒီလှိုင်းဝင်း / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ ဘုရား၊ စေတီများတွင် အသုံးပြုလာကြသော စက်လုပ်ရွှေဆိုင်းများကို ဈေးကွက်ခွဲဝေ ပေးရသည့်အတွက် မြန်မာ့ရိုးရာ လက်မှု ရွှေဆိုင်းလုပ်ငန်းရှင်များ အခက်အခဲရှိနေပြီး ပျောက်ကွယ်သွားနိုင်ခြေ ရှိနေကြောင်း ရွှေဆိုင်းလုပ်ငန်းရှင်များထံမှ သိရသည်။

“စက်လုပ်ရွှေဆိုင်းနဲ့ လက်နဲ့လုပ်တဲ့ရွှေဆိုင်းက တဆိုင်းကို ငါးထောင်လောက်ကွာနေတယ်။ စက်လုပ်ရွှေတွေက အရည် အသွေး မပြည့်ဝပေမယ့် အခုနောက်ပိုင်း လက်လုပ်ရွှေဆိုင်းနဲ့ ဈေးနှုန်းကွာဟ လာတာကြောင့် ဂေါပက တော်တော်များများက မှာယူ သုံးစွဲလာကြတယ်။ အဲဒီမှာ သူတို့ကို မယှဉ်နိုင်ဖြစ်သွားတယ်၊ လက်နဲ့လုပ်တဲ့ရွှေက ၁၆ ပဲရည်ပြည့်မှ လုပ်လို့ရတာ” ဟု အောင်တံခွန် ရွှေဆိုင်းလုပ်ငန်းရှင် ဦးဇော်မင်းအောင်က ပြောသည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
861
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
628
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
181

ယခုအခါ ပြည်တွင်းရွှေဈေးကွက်တွင် ၁ ကျပ်သားလျင် ငွေကျပ် ကိုးသိန်းကျော်အထိ ရှိနေမှုကြောင့်လည်း မြန်မာ့ လက်မှု ထုတ်ကုန်ဖြစ်သည့် မန္တလေးမြို့မျက်ပါးရပ်မှ ရွှေဆိုင်းလုပ်ငန်းများ အရှုံးနှင့်ရင်ဆိုင်နေရပြီး လုပ်ငန်းတချို့ ရပ်နားထားရသည်ဟု သိရသည်။

“ရွှေဆိုင်းလုပ်ငန်းကို လက်ခံတဲ့အခါ ပေါက်ဈေးနဲ့ လက်ခံလို့မရဘူး။ ရွှေဈေးတွေ မြင့်တက်နေတော့ လုပ်ငန်းရှင်တချို့ ရပ်နားရတဲ့အထိ ဖြစ်ကုန်တယ်။ တင်ဒါစနစ်ဆိုတော့ မူလလက်ခံထားတဲ့ ဈေးနှုန်းတွေအတိုင်းပဲ လုပ်ပေးရတယ်။ ဒီကြား ထဲ စက်လုပ် ရွှေဆိုင်းတွေ ကလည်း ဈေးကွက်ဝေစုကို ခွဲဝေယူလာတော့ ပိုဆိုးတယ်။ လုပ်ငန်းတွေ နားရတော့ အလုပ်သမားတွေပါ ထိကုန်ရောပေါ့” ဟု မျက်ပါးရပ်မှ ရွှေနှင်းဆီ ရွှေဆိုင်းလုပ်ငန်းရှင် ဦးအောင်ကျော်မြင့်က ပြောသည်။

ရွှေဆိုင်းလုပ်ငန်း၏ အဓိကဈေးကွက်သည် နိုင်ငံတစ်ဝှမ်းလုံးရှိ ဘုရား၊ စေတီပုထိုးများဖြစ်ပြီး အဆိုပါဘုရား၊ စေတီပုထိုးများ၏ ဂေါပကအဖွဲ့က လေလံစနစ်ဖြင့် တင်ဒါခေါ်ယူကာ လိုအပ်သည့်ရွှေဆိုင်းများကို ဝယ်ယူကြကြောင်း၊ တင်ဒါခေါ်ယူရာတွင် သုံးလ တကြိမ်၊ ခြောက်လတကြိမ်၊ တနှစ်တကြိမ် ခေါ်ယူလေ့ရှိပြီး ရွှေဆိုင်းထုတ်လုပ်သူ အများစုက တင်ဒါခေါ်ယူစဉ် ရွှေပေါက်ဈေးနှင့် တင်ဒါ ပြီးဆုံးမည့်ကာလ ဖြစ်ပေါ်လာနိုင်မည့် ရွှေဈေးကို ခန့်မှန်တွက်ချက်၍ လက်ခံလေ့ရှိကြောင်း၊ တင်ဒါခေါ်ယူရာတွင် စက်လုပ်ရွှေဆိုင်းနှင့် လက်မှုရွှေဆိုင်းဟူ၍ ၂ မျိုးခေါ်ယူပေးသင့်ကြောင်း၊ စက်လုပ်ရွှေဆိုင်း ဈေးကွက်တွင် နေရာယူလာမှုသည် ၅ နှစ်ခန့်သာ ရှိသေးသော်လည်း ဈေးကွက်ခွဲဝေ ပေးနေရသည့်အတွက် နောင်အခါ မြန်မာ့ရိုးရာ လက်မှု ရွှေဆိုင်းလုပ်ငန်းများ ပျောက်ကွယ် သွားနိုင်ကြောင်း သိရသည်။

“တင်ဒါမှာ စက်ရွှေနဲ့ မြန်မာ့လက်မှုရွှေ နှစ်မျိုးခေါ်သင့်တယ်။ ဈေးနှုန်းကိုလည်း ခွဲခြားသတ်မှတ်ပေးသင့်တယ်။ အခုတင်ဒါ ခေါ်ပြီဆိုရင် ၂ မျိုးကိုရောပြီး ခေါ်တော့ ဈေးနှုန်းမယှဉ်နိုင်တော့ဘူး။ နောက် စက်ရွှေတွေကိုပဲ ဘုရားဂေါပကတွေက ဝယ်တော့မယ်ဆိုရင် ကျနော်တို့ လက်မှု ရွှေဆိုင်းလုပ်ငန်းတွေ ပျောက်ကွယ်သွားမှာပဲ” ဟု ဦးအောင်ဇော်မင်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံတွင် ရွှေဆိုင်းလုပ်ငန်းကို မန္တလေးမြို့ရှိ မျက်ပါးရပ် တခုတည်းမှသာ ထုတ်လုပ်ပြီး မြန်မာ့လက်မှုပညာရပ် တခုဖြစ်ကာ မျက်ပါးရပ်၌ ရွှေဆိုင်းထုတ်လုပ်သူ လုပ်ငန်းရှင် ၁၀၀ ကျော်နှင့် တပိုင်တနိုင်လုပ်ကိုင်သူ ၅၀ ကျော်ရှိကြောင်း၊ ယခုအခါ ရွှေဈေးမြင့်တက်ခြင်း အပြင် တရုတ်နိုင်ငံမှ အဓိကဝင်ရောက်သည့် စက်ဖြင့်ပြုလုပ်သော ရွှေဆိုင်းများ ဈေးကွက် ထိုးဖောက် ဝင်ရောက်လာခြင်းသည်လည်း လက်မှုရွှေဆိုင်း ထုတ်လုပ်သူများအတွက် ထိခိုက်မှု တခုဖြစ်ကြောင်း သိရသည်။

“ရွှေဆိုင်းလုပ်ငန်းက ဘုရား၊ စေတီပုထိုးတွေကို မှီခိုပြီး လုပ်ရတဲ့လုပ်ငန်းဖြစ်တယ်။ ဘုရားတဆူရဲ့ တင်ဒါကို တယောက်တည်း မလုပ်နိုင်ရင် ရှစ်ယောက်လောက်စုပြီး ဆွဲတယ်။ ရွှေကို ကြိုဝယ်ပြီး လုပ်တဲ့သူတွေ အရှုံးပေါ်နေရင် ပေါက်ဈေးနဲ့ ဝယ်ပြီး ရွှေဆိုင်း လုပ်သူတွေ ပိုဆိုးတယ်။ မကိုက်ရင် မဖြစ်မနေလုပ်ရမယ့် သူလောက်က ဆက်လုပ်ပြီး လုပ်ငန်းရှင်တချို့က ရပ်ထား ကြမှာပဲ။ ရွှေဈေးက အဓိကဖြစ်နေတယ်” ဟု ရွှေပြားခတ်သူ ကိုဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် ရွှေဆိုင်းအများဆုံး အသုံးပြုသည့် ရွှေတီဂုံစေတီတော်ကြီးတွင် ယခင်အစိုးရလက်ထက်က တရုတ်နိုင်ငံမှ ပြုလုပ်သည့် စက်လုပ် ရွှေဆိုင်းများကို ပြည်တွင်းလုပ်ငန်းရှင်များ မပေးနိုင်သည့်ဈေးမျိုးဖြင့် လေလံပေးခဲ့ခြင်းမှစ၍ စက်လုပ် ရွှေဆိုင်းများ ဝင်ရောက် လာခြင်းဖြစ်ပြီး စက်လုပ်ရွှေဆိုင်းနှင့် လက်မှုရွှေဆိုင်းသည် ကာလတန်ဖိုးအားဖြင့် တဆိုင်းလျှင် ၃၀၀၀ ကျပ်နှင့်အထက် ကွာဟကာ စက်လုပ် ရွှေဆိုင်းသည် အဖြူရောင်ဘက်သန်း၍ လက်ရွှေသည်ပို၍ ဝင်းဝါကြောင်း သိရသည်။

ပြည်တွင်း ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ငွေကြေးလဲလှယ်မှုအပေါ် မူတည်နေပြီး ဒေါ်လာငွေ လိုအပ်မှု (ဒေါ်လာနှင့် မြန်မာငွေလဲလှယ်အား) နည်းပါက ကမ္ဘာ့ရွှေဈေးမြင့်သော်လည်း ပြည်တွင်း ရွှေဈေးမှာ ငြိမ်နေတတ်ကြောင်း၊ ပြည်တွင်း ရွှေ ဈေးကွက်တွင် ဇူလိုင် ၃ ရက်နေ့ ဈေးနှုန်းများအရ ကမ္ဘာ့ရွှေဈေး (၁ အောင်စ = ၁၂၄၆-ဒေါ်လာ) နှင့် ပြည်တွင်းအခေါက် ရွှေဈေးနှုန်း ၁ ကျပ်သားလျင် ငွေကျပ် ၉၃၅၀၀၀ ရှိကြောင်း သိရသည်။

မြန်မာ့ရွေဆိုင်းများ ပြုလုပ်ရာတွင် ၁၆ ပဲရည် အခေါက်ရွှေကို အပြားခပ်၍ အသုံးပြုရပြီး ရွှေ ၁ ကျပ်သားလျှင် ၂ လက်မ ပတ်လည် ရွှေဆိုင်း ၂၂၀၀ ခန့် ရရှိကြောင်း၊ ယခုအခါ စက်လုပ်ရွှေဆိုင်းမျာဖြင့် ဈေးနှုန်းမယှဉ်ပြိုင်နိုင်ခြင်း၊ ပြည်တွင်းရွှေဈေးနှုန်းများ မြင့်မား နေခြင်းတို့ကြောင့် ရွှေဆိုင်းလုပ်ငန်းရှင် ၈၀ ခန့် ရပ်နားထားရကြောင်း သိရသည်။

“ရွှေဆိုင်းလုပ်ငန်းရှင်တွေ ဘက်ကလည်း ပုံမှတ်သတ်မှတ်ထားတဲ့ စံထက် လျှော့ခပ်တာမျိုးတွေ ပြုလုပ်လာတဲ့အတွက် ရွှေဆိုင်းတွေ ပါးပြီး မှုန့်ကြေတာမျိုးတွေ ရှိလာတယ်။

သတ်မှတ်ထားတာက ရွှေဆိုင်းတခုမှာ ၂ လက်မပတ်လည် သတ်မှတ် ထားတာကို ၂ လက်မ မတ်တင်းတို့၊ ၁ လက်မခြောက်မူးတို့အထိ ဝိတ်တွေကို လျှော့၊ ဆိုဒ်တွေကို လျှော့ပြီး တင်သွင်းတာ မျိုးတွေ လုပ်တာမျိုးတွေ ရှိတယ်။ တင်ဒါခေါ်တဲ့အခါမှာ သတ်မှတ်စံနှုန်းပြည့်မီရန် ဆိုတာကို ထည့်သွင်းထားပါတယ်” ဟု မန္တလေးမြို့ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဘုရား၊ စေတီပုထိုးများအတွက် မန္တလေးမြို့ရှိ မျက်ပါးရပ်တခုတည်းမှ ရွှေဆိုင်းများ ထုတ်လုပ်၍ ဖြန်ဖြူး ရောင်းချခဲ့သဖြင့် ရွှေဆိုင်းလုပ်ငန်းအား မှီခိုနေသည့် အလုပ်သမားများစွာ အဆင်ပြေသည့်အပြင် ရွှေဆိုင်းလုပ်ငန်းကို နိုင်ငံခြား ခရီးသွား ဧည့်သည်များပါ စိတ်ဝင်စားမှုရှိသဖြင့် မြန်မာရွှေဆိုင်းပညာရပ်သည် ကမ္ဘာ့အသိအမှတ်ပြုခံခဲ့ရသော လုပ်ငန်းတခုဖြစ်ခဲ့သည်။ မြန်မာ့ လက်မှုရွှေဆိုင်းများကို ဘုရား၊ စေတီပုထိုးများတွင် ရွှေချကပ်လှူပူဇော်ခြင်းအပြင် မြန်မာ တိုင်းရင်းဆေးဖော်စပ်ရာနှင့် Beauty Spa လုပ်ငန်းများ တွင်လည်း အသုံးပြုမှု ရှိကြောင်း သိရသည်။

Your Thoughts …
Tags: ရိုးရာရွှေဆိုင်းလုပ်ငန်းများ ပျောက်ကွယ်နိုင်ဟု လုပ်ငန်းရှင်များပြော
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
၂၀၁၇ နှစ်ဆန်းပိုင်းက တွေ့ရသော ကချင် ပြည်နယ်ရှိ ဒုက္ခသည် စခန်းတခု / ဧရာဝတီ

ပြည်တွင်းစစ်၊ လူမျိုးစုရေးရာ အမျိုးသမီးတို့ အခန်းကဏ္ဍ

ဗိုလ်ချုပ် ပြောမယ့် စကား

ဗိုလ်ချုပ် ပြောမယ့် စကား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate