• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Oriental Spa ပြည့်တန်ဆာခေါင်းအမှု စတင်စစ်ဆေး

by ဇူးဇူး
4 July 2018
in သတင်း
A A
Oriental Spa အမှု ယနေ့ တောင်ဥက္ကလာပ မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ်  / အဲမလီ  / ဧရာဝတီ

Oriental Spa အမှု ယနေ့ တောင်ဥက္ကလာပ မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ် / အဲမလီ / ဧရာဝတီ

8.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင်း Oriental Spa အမည်ရှိ အလှပြင်ဆိုင်၌ ပြည့်တန်ဆာခေါင်း လုပ်ကိုင်နေသည် ဆိုကာ ပုဒ်မ ၅ (၁) ဖြင့်တရားစွဲခံရသော ဆိုင်မန်နေဂျာအပါအဝင် ဝန်ထမ်း ၁၁ ဦးကို ယနေ့ တောင်ဥက္ကလာပ မြို့နယ် တရား ရုံး၌ စတင်စစ်ဆေးပြီဖြစ်ကြောင်း သိရသည်။

မန်နေဂျာ တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် ၁၁ ဦး (အမျိုးသား ၇၊ အမျိုးသမီး ၄) ကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅ (၁) ဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ် တင့်လွင်ဦးက တရားလိုပြု တိုင်တန်းထားခြင်း ဖြစ်သည်။

RelatedPosts

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
1
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
982
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
682

တရားစွဲ ခံထားရသည့် ပုဒ်မဖြင့် ပြစ်မှုထင်ရှားပါက တနှစ်အောက် မနည်းသော အလုပ်ကြမ်းနှင့် ထောင်ဒဏ် (သို့) သုံးနှစ် ထက် မပိုသည့် ထောင်ဒဏ် ချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

တောင်ဥက္ကလာပ မြို့နယ်စခန်းမှူး ဒုရဲမှူး ရွှေဌေး၏ ပြောဆိုချက်အရ မန်နေဂျာ တရုတ်နိုင်ငံသား ၂ ဦးသည် ဗီဇာ စည်းကမ်း ဖောက်ဖျက်မှုကြောင့် လဝကဥပဒေများဖြင့်လည်း ဆက်လက် တရားစွဲဆို ခံရနိုင်ဖွယ် ရှိကြောင်း သိရသည်။

“ပြည့်တန်ဆာခေါင်းမှု ဒီနေ့ စစစ်တယ်။ မနက်ပိုင်းမှာ တရားလိုရဲအုပ် တင့်လွင်ဦးကို အပြီးစစ်ပြီး ညနေပိုင်းကျတော့ ရဲ သက်သေ နှစ်ယောက်ကို စစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်သန်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်သန်းသည် ပုဒ်မ ၅ (၁) ဖြင့် တရားစွဲဆို ခံထားရသူများအနက် မြန်မာနိုင်ငံသား အမျိုးသမီး ၄ ဦး အတွက် အမှုလိုက်ပေးနေသူ ဖြစ်သည်။

၎င်း၏ပြောပြချက်အရ ယင်းအမျိုးသမီး ၄ ဦးသည် လားရှိုး၊ ကွတ်ခိုင်တို့မှ လာရောက်ခြင်းဖြစ်ပြီး အလုပ်ခေါ်စာကို အွန်လိုင်းမှတဆင့် တွေ့ရှိလျှောက်ထားကာ အစမ်းခန့်အဖြစ် လစာ ကျပ် ၂ သိန်းခွဲဖြင့် လာရောက် လုပ်ကိုင်နေစဉ် ရက်ပိုင်းအတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဦးမြင့်သန်းက “ကျနော့်အမှုသည် ကောင်မလေး ၄ ယောက်က အလုပ်သမား။ အလုပ်သမားဆိုတာ အလုပ်ရှင်ဆီကရတဲ့ လုပ်ခလစာပေါ်မှာ သူတို့က အသက်မွေးဝမ်းကြောင်းပြုတာ။ ပြည့်တန်ဆာလုပ်ငန်းက ရတဲ့ ပိုက်ဆံပေါ်မှာ အသက်မွေး ဝမ်းကြောင်းပြုတာ မဟုတ်ဘူး” ဟု ပြောဆိုသည်။

ပုဒ်မ ၅ (၁) ဖြင့် တရားစွဲခံထားရသူများ အနက်တွင် Oshin သန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျာ ၁ ဦးနှင့် သန့်ရှင်းရေးလုပ်သား ၂ ဦး စုစုပေါင်း အမျိုးသား ၃ ဦးပါဝင်ပြီး ၎င်းတို့အတွက် ကုမ္ပဏီက သီးသန့်ရှေ့နေ ငှားပေး ထားကြောင်း Oshin မှ စာရေးမ မနွယ်နွယ်စန်းက ပြောသည်။

ပြီးခဲ့သည့် မေ ၂၂ ရက်က တိုင်းရဲတပ်ဖွဲ့မှူးနှင့် တောင်ဥက္ကလာရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ဥက္ကလာပမြို့နယ် အမှတ် ၈ ရပ်ကွက်၌ Oriental Spa အမည်ဖြင့် လုပ်ငန်းလိုင်စင်မရှိဘဲ အလှပြင်ဆိုင်ဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိ၍ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

တရုတ်နိုင်ငံသား ၁၉ ဦး (ကျား ၂၊ မ ၁၇) အပါအဝင် စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးမိခဲ့ပြီး တရုတ်နိုင်ငံသူ ၁၇ ဦးကို ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃ (က)/(ခ)၊ ကျန် ၁၁ ဦးကို ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅ (၁) ဖြင့် ဇွန် ၆ ရက်က တောင်ဥက္ကလာ မြို့နယ်တရားရုံး၌ တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။

တရားခံပြေးအဖြစ် ကြေညာထားသည့် Oriental Spa ၏ ပိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသား မစ္စတာဝမ်ကို ယနေ့အချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါ။

Oriental Spa အမှုရုံးချိန်းများကို ၂ ပတ် ၁ ကြိမ် ပုံမှန်ရုံးထုတ် စစ်ဆေးမည်ဖြစ်သောကြောင့် နောက်လာမည့် ရုံးချိန်းသည် ဇူလိုင် ၁၈ ရက်နေ့တွင် ထပ်မံစစ်ဆေးမည်ဟု သိရသည်။

Your Thoughts …
Tags: Oriental Spa ပြည့်တန်ဆာခေါင်းမှု စတင်စစ်ဆေး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
“The Greatest Showman’” ရုပ်ရှင်

တနှစ်တာအတွင်း အရောင်းရဆုံး ဖြစ်ခဲ့တဲ့ “The Greatest Showman’” ရုပ်ရှင်ဇာတ်ဝင်တေး

Oriental Spa အမှု ပြည့်တန်ဆာခေါင်းများကို စတင်စစ်ဆေး (ရုပ်/သံ)

Oriental Spa အမှု ပြည့်တန်ဆာခေါင်းများကို စတင်စစ်ဆေး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate