သတင်း

ဘူးသီးတောင်၌ ကျပ်ငွေ ၃ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ကျပ်ငွေ ၃ ဘီလီယံ ( ကျပ် ၃,၁၉၈,၀၀၀,၀၀၀ ) တန်းဖိုး ရှိ WY နှင့် R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးများကို ဖမ်းဆီးရမိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဇူလိုင်လ ၄ ရက် ညနေပိုင်းက ထုတ်ပြန်သည်။

စိတ်ကြွဆေးပြား (၁၅၉၉၀၀၀)ပြားများကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ယင်းမြို့နယ် အမှတ်(၃) နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ၊ စစ်ကြောင်း(၂)၊ ဒုတိယတပ်ဖွဲ့ခွဲမှူး ဦးစီးသည့် တပ်ဖွဲ့ဝင် များသည် နယ်မြေ စိုးမိုးရေးလှည့် ကင်းနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်နေစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ ရဲတပ်ဖွဲ့၏ စစ်ကြောချက်များ အရ တဘက်နိုင်ငံသို့ ရောင်းဝယ်ဖောက်ကားရန် သွားရောက်ခြင်း ဖြစ်ကြောင်းကိုတွေ့ရှိရကြောင်း သိရသည်။

ရဲမှူး ကျော်သူရဝင်းက “မနေ့က ကျနော်တို့ ဖမ်းမိတဲ့ ပိုင်ရှင်မဲ့ မူယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မြို့နယ် အုပ်ချုပ် ရေး အဖွဲ့ ဝင်တွေ ၊ စခန်းမှူးတွေနဲ့ ပူးပေါင်းပြီးတော့ ဆက်စပ်မှုရှိတဲ့ နေရာတွေကို လိုက်ပြီး တော့ မူးယစ်ဆေးဝါးဖမ်းမိ နိုင်ရေး ဖိဖိစီးစီး ဆောင်ရွက်လုပ်ဆောင်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးရမိသည့် မူးယစ်စိတ်ကြွဆေးများ

ဘူးသီးတောင်အမတ် ဦးထွန်းအောင်သိန်းကတော့ ၎င်းမြို့နယ်အတွင်း မူးယစ်ဆေးဝါရောင်း ဝယ် ဖောက်ကားမှုများမှာ ကျောင်းသား လူငယ်များအထိ ပျံ့နှံ့ကာ ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိ နေသည့်အတွက် အစိုးရအနေဖြင့် ပြင်းထန်သည့် စီမံကိန်း ၊ စီမံချက်များဖြင့် ဖမ်းဆီးနှိမ်နင်းရန် လိုအပ်ကြောင်း ပြောဆိုသည်။

ဦးထွန်းအောင်သိန်းက “အစိုးရအနေနဲ့ စီမံကိန်း၊ စီမံချက် တရပ် ရေးဆွဲပြီးတော့ ပြင်းပြင်းထန်ထန် လုပ်သင့် တယ်။ ကျနော်တို့ မြို့နယ်ထဲမှာ တပ်ရင်းပေါင်း မြောက်များစွာ ၊ ရဲစခန်းပေါင်း မြောက်များ စွာရှိနေတဲ့ကြားထဲမှာ ဒီမူးယစ် ဆေးဝါးတွေက အများ အပြား ပျံ့နှံနေတာဟာ တရားဥပဒေ စိုးမိုးမှု အားနည်းချက်ရှိလို့ ဖြစ်နေတာလို့ ယူဆလို့ ရပါ တယ်။ ဒီကိစ္စတွေမှာ ထဲထဲဝင်ဝင် ကျနော်တို့ ပါဝင် ဖို့ဆိုတာကလည်း မလွယ်ဘူး၊ ကိုယ်ဆီကို ပြန်လည်ရိုက် ခတ်လာနိုင် လာပြီး အသက်အန္တရာယ် ကျ ရောက်နိုင်တဲ့ အနေအထားမှာရှိတယ်” ဟု ဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်သည် အဆိုပါ ပိုင်ရှင်မဲ့ ဖမ်းမိသည့်စိတ်ကြွဆေးပြားများကို မေယုမြစ် ကြောင်းအတွင်း နယ်မြေ လုံခြုံရေးကိစ္စများကိုဆောင်ရွက်စဉ် လိုင်ရှည်ပြင်ကျေးရွာအဝင် ချောင်း ကွေ့အစပ်အနီးရှိ လမုတောအား ရှင်းလင်း ခဲ့ရာ လမုတောတွင်း၌ ဝှက်ထားသည့် အရှည်(၃၂)ပေခန့်၊ အနံ(၅)ပေခန့်၊ ရေစူး(၂)ပေခန့်ရှိ အင်ဂျင် စက်ဖြုတ်ထားသော လောင်း လှေတစ်စင်းအား မိုးကာဖြင့် အုပ်ထားသည်ကို မသင်္ကာဖွယ် တွေ့ရှိ ရသဖြင့် သက်သေများအားခေါ်ယူ၍ ဖွင့်ဖောက်စစ်ဆေး ခဲ့ရာခဲ့ခြင်းဖြစ်ပြီး ဆေးပြားများမှာ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထုတ်ထားသည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများကို နှိမ်နင်းရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မေယုအမည်ရှိ စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွဲကာ ဖမ်းဆီးခဲ့မှုများ ပြုလုပ်ခဲ့သော်လည်း မူးယစ် ဆေးဝါးရောင်း ဝယ်မှုများမှာ လက်ရှိအချိန်ထိ တွင်ကျယ်နေဆဲ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading