• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ပွဲ ရပ်တန့်ရေး ဆုတောင်းသူ၂ ဦး ထောင် ၃ လ ချမှတ်ခံရ

by ဒီလှိုင်းဝင်း
5 July 2018
in သတင်း
A A
စစ်ပွဲရပ်တန့်ရေးဆုတောင်းမှုကြောင့် ဖမ်းဆီးခံထားရသူ ၂ ဦးကို ဇွန်လ ၂၇ ရက်နေ့ ရုံးထုတ်စဉ်  / ဒီလှိုင်းဝင်း /  ဧရာဝတီ

စစ်ပွဲရပ်တန့်ရေးဆုတောင်းမှုကြောင့် ဖမ်းဆီးခံထားရသူ ၂ ဦးကို ဇွန်လ ၂၇ ရက်နေ့ ရုံးထုတ်စဉ် / ဒီလှိုင်းဝင်း / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသား ဒေသများ၌ ထိုးစစ်များ ရပ်ဆိုင်းရေးနှင့် စစ်နယ်မြေ အတွင်း ပိတ်မိနေသော ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဖယောင်းတိုင် ထွန်းညှိ ဆုတောင်းမှုတွင် ပါဝင်ခဲ့သူ၂ ဦးအား ဇူလိုင်လ ၅ ရက်က ထောင်ဒဏ် ၃ လ ကျခံရန် အမိန့် ချမှတ်လိုက်ကြောင်း အောင်မြေသာစံ မြို့နယ် တရားရုံးကသိရသည်။

“လူထုကို ပြောချင်တာကတော့ ပြည်သူကို ဖိနှိပ်ထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အသစ်ပြန်ပြင်မှ အဆင်ပြေမှာ ဖြစ် တယ်။ ခုလို ထောင်ဒဏ် သုံးလချတာကိုလည်း ဘာမှ မပြောချင်ဘူး။ တရားစီရင်ရေးကို သပိတ်မှောက်ထားတဲ့ အတွက် လည်း ဘယ်တရားရုံးမှ အယူခံဝင်မှာ မဟုတ်ဘူး” ဟု ကိုသန်းထိုက်(ဗကသ-ဗဟို ကော်မတီဝင်ဟောင်း) က ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
128
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
168
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
543

ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့သည့် လက်ရှိ ကျင့်သုံးနေသည့် တရားစီရင်ရေးကို အယုံအကြည် မရှိဟု ဆိုကာ တရားရုံးအား သပိတ်မှောက်ထားကြပြီး အမိန့်ချမှတ်ပြီးသည် အထိ တရားသူကြီး၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားမှု မပြုကြပါ။

“လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ပိတ်ပင် တားမြစ်တဲ့ ဥပဒေတခု ဖြစ်တယ်။ ဒါကြောင့် တရားရုံးအပေါ်မှာရော တရားစီရင် ရေး အပေါ်မှာရော အယုံအကြည်မရှိဘူး။ အမိန့်ချတဲ့ အပေါ်မှာ ဘာမှမပြောချင်ပါဘူး” ဟု ကိုနှင်းအောင် (ဗကသ အဖွဲ့ချုပ်) က ပြောသည်။

ဖြစ်စဉ်မှာ မေလ ၈ ရက် ညပိုင်းက ၂၆ လမ်း၊ မန္တလေး စည်ပင်သာယာရုံးရှေ့ ကျုံးဘေးတွင် တိုင်းရင်းသား ဒေသ ထိုး စစ်တွေ ရပ်၊ စစ်ရေး အကြမ်းဖက်မှု အလိုမရှိ၊ စစ်ဖြစ်ဒေသ ပိတ်မိ ပြည်သူများ လွတ်မြောက်ရေးနှင့် STOP WAR စာတန်း ပါ ပိုစတာများ ထောင်ပြီး ဖယောင်းတိုင် မီးများ ထွန်းညှိကာ ဆုတောင်းခဲ့ကြသဖြင့် အမှတ် ၅ မြို့မ ရဲစခန်းက (ပ)၂၄၄/ ၂၀၁၈၊ ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ ဖြင့် ကိုသန်းထိုက်၊ ကိုနှင်းအောင်နှင့် ကိုရဲရင့်ကျော်တို့ ၃ ဦးကို အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အမှုဖွင့် ခံရသူများ အနက် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်ကို မေ ၁၂ ရက်၌ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ဒိုင်းမွန်းပလာဇာတွင် ပြည်တွင်း ငြိမ်းချမ်းရေး အပေါ် လူထုအမြင်သဘောထား ကောက်ခံမှု ပြုလုပ်နေစဉ် အမှတ်(၅) မြို့မရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ကိုသန်းထိုက်နှင့် ကိုနှင်းအောင် တို့သည် အောင်မြေသာစံမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေကြရခြင်း ဖြစ်ပြီး ၉ ကြိမ် မြောက် ရုံးချိန်းအပြီး၌ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပြီး ကိုရဲရင့်ကျော် (ဗကသ-ဗဟိုကော်မတီဝင်ဟောင်း)ကိုမူ ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

မန္တလေးတွင် စစ်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများကြောင့် မေလ ၆ ရက်နေ့က ပြုလုပ်သည့် ပထမ အကြိမ် ဆန္ဒပြ တောင်းဆိုမှုမှ ကိုအောင်မှိုင်းဆန်း၊ ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင်တို့ကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ သလို ငြိမ်းချမ်းရေးကဗျာကို ရွတ်ဆိုခဲ့သူ ကဗျာဆရာ ကလင့်(မန္တလေး)အား မေလ ၁၀ ရက်က ထောင်ဒဏ် ၂ လ ချမှတ် ခဲ့ရာ ယခုအခါ အဆိုပါ ဖမ်းဆီးထောင်ချခံရသူများ ပြန်လည ်လွတ်မြောက်လာပြီ ဖြစ်သည်။

Your Thoughts …
Tags: စစ်ပွဲရပ်တန့်ရေး ဆုတောင်းသူ ၂ ဦး အမှု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

စစ်ပွဲရပ်တန့်ရေးဆုတောင်းမှုကြောင့် ဖမ်းဆီးခံထားရသူ ၂ ဦးကို ဇွန်လ ၂၇ ရက်နေ့ ရုံးထုတ်စဉ်  / ဒီလှိုင်းဝင်း / ဧရာဝတီ

စစ်ပွဲရပ်တန့်ရေးဆုတောင်းသူ ၂ ဦး အမှု ဇူလိုင်တွင် အပြီးသတ်အမိန့်ချမည်

by ဒီလှိုင်းဝင်း
28 June 2018
5.5k

မန္တလေးတွင် စစ်ပွဲများရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများကြောင့် မေလ ၆ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ်ဆန္ဒပြတောင်းဆိုမှုမှ ကိုအောင်မှိုင်းဆန်း ၊ ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင်တို့ကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂ လစီချမှတ်

Next Post
--

ရှမ်းမြောက်ဒေသ မူးယစ်သားကောင် အမျိုးသမီးများ

ရန်ကုန်တိုင်း အတွင်းရှိ အထည်ချုပ် လုပ်ငန်းခွင်တခု  / ဧရာဝတီ

ယခုနှစ်အတွင်း အထည်ချုပ်နှင့် ဖိနပ် စက်ရုံများ ပိတ်သိမ်းရန် ရှိနေဟု လုပ်ငန်းရှင်များ ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate