သတင်း

လိုဏ်ဂူထဲရောက် လူငယ်များ ကမ္ဘာ့ဖလားဗိုလ်လုပွဲ လာကြည့်ရန် FIFA ဖိတ်ခေါ်

Want create site? Find Free WordPress Themes and plugins.

လိုဏ်ဂူအတွင်း ပိတ်မိနေသော လူငယ်ဘောလုံးသမားများကို အချိန်မီကယ်တင်နိုင်ပါက ကမ္ဘာ့ဖလား ဗိုလ်လုပွဲလာ ရောက် ကြည့်ရှု့ရန် ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ဖိတ်ခေါ် ကမ်းလှမ်းလိုက်သည်။

“ကျနော်တို့ အားလုံး မျှော်လင့်ထားတာက တကယ်လို့ သူတို့မိသားစုတွေနဲ့ နောက်ရက်တွေမှာ ပြန်ဆုံ စည်းမိပြီး ခရီးထွက် ဖို့ ကျန်းမာရေးအခြေအနေ ခွင့်ပြုတယ်ဆိုရင် သူတို့လေးတွေကို ဧည့်သည် တော်များအနေနဲ့ ကမ္ဘာ့ဖလားပွဲ တက်ရောက် ကြည့်ရှုဖို့ ဖီဖာက ဝမ်းမြောက်ဝမ်းသာနဲ့ ဖိတ်ပါတယ်” ဟု ဖီဖာဥက္ကဋ္ဌက ထိုင်းဘောလုံးအသင်းအဖွဲ့ခေါင်းဆောင်ထံ ပေးပိ့ု သည့် စာတွင် ရေးသားထား သည်။

ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်က လိုဏ်ဂူအတွင်း ရေအတိဖုံးလွှမ်း၍ ပိတ်မိနေခဲ့သော တောဝက်အသင်း အနေဖြင့်မော်စကို ၌ ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အချိန်မီကြည့်ရှု့ နိုင်ရန် ကယ်တင်နိုင်မည်ဟု မိမိမျှော်လင့် ကြောင်း အင်ဖန်တီနိုက ပြောသည်။

“သူတို့လေးတွေ ဗိုလ်လုပွဲကျရင် ကျနော်တို့ဆီ လာမယ်လို့ ကျနော် ရိုးသားစွာမျှော်လင့်မိပါတယ်။ ဒါဟာ အံ့သြဖွယ်ရာ မိတ်သဟာယဖြစ်မှုနဲ့အထိမ်းအမှတ်တခုဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ ဘူး”ဟုလည်း သူကဆက်ပြောသည်။

အသက် ၁၁ နှစ်မှ အသက် ၁၆ အထိရှိကြသည့် ထိုင်းဘောလုံးသမားလေးတစုသည် ဇွန်လ ၂၃ ရက် ဘောလုံးကန် လေ့ကျင့်ပြီးချိန် ၎င်းတို့၏ အသက် ၂၅ နှစ်ရှိ နည်းပြနှင့်အတူ မြေအောက်တွင် မှောင်မည်းနက်ရှိုင်း သည့်လိုဏ်ဂူ အတွင်းသို့ ဝင်ရောက်လေ့လာခဲ့ကြသည်။

ထို့နောက် ရာသီဥတုဆိုးရွားကာ မိုးသည်းထန်စွာ ရွာသည့်အတွက် ဂူအတွင်း ၉ရက်ခန့် ပိတ်မိနေခဲ့ရာ စတင်တွေ့ရှိ ချိန် မှတ်တမ်းဗီဒီယိုရိုက်ကူးခဲ့ရာ ၎င်းတို့မှာ အားနည်းဖျော့တော့နေသော်လည်း တည် တည်ငြိမ်ငြိမ်ရှိနေခဲ့ပြီး အချို့မှာ ဘောလုံး ကန်ဝတ်စုံနှင့်ပင် တွေ့ရသည်။

၎င်းတို့၏တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ရပ်မှာ ရုရှားနိုင်ငံ၌ ကျင်းပနေဆဲ ကမ္ဘာ့ဖလားပွဲနှင့် တိုက်ဆိုင် ခဲ့ပြီး အားကစားများ ၏စိတ်ဝင်စားမှုလည်း ခံခဲ့ရသည်။

အင်္ဂလန်ခံစစ်သမား ဂျွန်စတုန်းကလည်း “ကျနော် လူငယ်တချို့နဲ့ ဒီကိစ္စပြောပြီးပါပြီ၊ “သူတို့ရောက် တဲ့ နေရာကို ကြည့်ရတာ ဝမ်းနည်းစရာပါ။ သူတို့ ဘေးကင်းရန်ကင်းနဲ့ ပြန်ထွက်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဗြိတိသျှမီဒီယာများကို ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading