• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သာပေါင်းရဲစခန်း၌ တပ်ဖွဲ့ဝင်အချင်းချင်း ဓားဖြင့်ထိုး၍ ရဲတပ်သားတဦး သေဆုံး

by ဆလိုင်းသန့်စင်
6 July 2018
in သတင်း
A A
ပုသိမ်ခရိုင် သာပေါင်းမြို့  / ဆလိုင်းသန့်စင်

ပုသိမ်ခရိုင် သာပေါင်းမြို့ / ဆလိုင်းသန့်စင်

9k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့ရှိ မြို့မရဲစခန်း၌ ရဲတပ်ဖွဲ့ဝင် အချင်းချင်း စကား များ၍ ဓားဖြင့်ထိုးသည့် ဖြစ်စဉ်တရပ် ယမန်နေ့က ဖြစ်ပွားခဲ့ရာ ရဲတပ်သားတဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သာပေါင်းမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား အေးချမ်းစိုးနှင့် ရဲတပ်သား ချစ်ပိုင်ထူးတို့မှာ ယမန်နေ့ ညပိုင်းတွင် အရက်မတိုက်သည့်ကိစ္စဖြင့် တယောက်တခွန်း စကားများရာမှ ချစ်ပိုင်ထူးမှ ဓားဖြင့်ထိုးသည့်အတွက် ရဲတပ် သား အေးချမ်းစိုး သေဆုံးသွားခြင်းဖြစ်ကြောင်း သာပေါင်းမြို့မရဲစခန်းထံမှ သိရသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
124
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
109
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
954

“ရဲတပ်သားအချင်းချင်း ဓားထိုးမှုဖြစ်လို့ တပ်သားတဦးသေဆုံးသွားခဲ့ပါတယ်။ ဓားနဲ့ထိုးတဲ့ ရဲတပ် သား ချစ်ပိုင်ထူးကို ကျနော်တို့ ဖမ်းဆီးထားပြီး သက်သေခံပစ္စည်းလည်း သိမ်းဆည်းထားပါတယ်။ ပြီးတော့ လူသတ်မှုနဲ့လည်း အမှုဖွင့် အရေးယူထားပါတယ်” ဟု သာပေါင်းမြို့မ စခန်းမှူး ဒုရဲမှူး မြင့်လွင်က ဧရာဝတီကိုပြောသည်။

ရဲတပ်သား အေးချမ်းစိုးမှာ သာပေါင်းမြို့မရဲစခန်း အချုပ်ခန်း ဗဟိုကင်း၌ ကင်းတာဝန်ထမ်းဆောင် နေစဉ် ရဲတပ်သား ချစ်ပိုင်ထူးရောက်ရှိလာပြီး ၎င်းအားအရက်မတိုက်သည့်ကိစ္စ တယောက်တခွန်း စကားများခဲ့ရာ ရဲစခန်းမှ တပ်ကြပ် ၂ ဦးက ဝင်ရောက်ဖျန်ဖြေပေးခဲ့ကြောင်း၊ ချစ်ပိုင်ထူးအား လှည့် ကင်းလှည့်ရန် ယူနီဖောင်းပြန်လဲခိုင်းပြီးနောက် ပြန်ရောက်လာချိန်တွင် ကင်းရုံအတွင်း ဝင်ရောက်ကာ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား အေးချမ်းစိုးကို အသင့်ယူဆောင်လာသည့် အရိုးအသွား ၇ လက္မခွဲခန့်ရှိဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သာပေါင်းမြို့မရဲစခန်း၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။

ချစ်ပိုင်ထူးမှ ဓားဖြင့်ထိုးသည့်အတွက် အေးချမ်းစိုး၏ ဝမ်းဗိုက်တွင် ဓားဒဏ်ရာ ၂ ချက်ရရှိခဲ့ရာ သာပေါင်းမြို့နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် သာပေါင်း ဆေးရုံမှ ပုသိမ်ဆေးရုံသို့ ညတွင်းချင်း လွှဲပြောင်းပို့ဆောင်ခဲ့ပြီး ပုသိမ်ဆေးရုံသို့ ည ၁၀ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် ရောက်ရှိခဲ့ကြောင်း၊ ပုသိမ်ဆေးရုံရောက်ပြီး ၅ မိနစ်ခန့်အကြာ တွင် ရဲတပ်သား အေးချမ်းစိုး သေဆုံးသွားခဲ့ကြောင်း သာပေါင်းမြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ရဲတပ်သား ချစ်ပိုင်ထူးအား သာပေါင်းမြို့မရဲစခန်း၌ ပြစ်မှုနံပါတ် ၂၆၁/၂၀၁၈၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု)၊ ၃၂၄ (လက်နက်ကိရိယာတစ်ခုခုဖြင့် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

Your Thoughts …
Tags: ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

လူမှု ကွန်ရက် Facebook တွင် ပျံ့နှံ့နေသည့် ဒဏ်ရာ ရထားသော ရဲအုပ် ဘစံ ဓာတ်ပုံ

ပုဏ္ဏားကျွန်းတွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်၍ တဦး သေဆုံး

by မင်းအောင်ခိုင်
30 March 2018
38.3k

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာတွင် မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရဲ တပ်ဖွဲ့ဝင် အချင်းချင်း စကားများ ရန်ဖြစ်ရာမှ သေနတ်ပစ်ခတ်မှု ဖြစ်ပွားကာ တဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

Next Post
တင်မောင်ဆန်းမင်းဝင်း၊ မင်းရွှေရောင်တင် တို့ မိသားစု /  ချစ်ပိုး / ဧရာဝတီ

တင်မောင်ဆန်းမင်းဝင်းတို့ သားအဖ ဖျော်ဖြေမယ့် မိုးရာသီအထူးပွဲ လာတော့မည်

ရန်ကုန်မြို့တွင်း အမှိုက်သိမ်းနေသည့် စည်ပင် ဝန်ထမ်းများ / အောင်ကျော်ထက် / ဧရာဝတီ

စည်ပင်ဝန်ထမ်းများ အဂတိကင်းရန် အရေးကြီး ဟုဆို

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate