• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ပွဲအလိုမရှိ ပြဇာတ်ကသူ ကျောင်းသား ၈ ဦးအမှု ပုသိမ်ခရိုင်တရားရုံး၌ ထပ်မံစစ်ဆေးမည်

by ဆလိုင်းသန့်စင်
7 July 2018
in သတင်း
A A
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ပုသိမ်ဟိုတယ်၌ စစ်ပွဲအလိုမရှိကြောင်းပြဇာတ်ကနေသည့် ကျောင်းသားများ  / ဆလိုင်းသန့်စင် / ဧရာဝတီ

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ပုသိမ်ဟိုတယ်၌ စစ်ပွဲအလိုမရှိကြောင်းပြဇာတ်ကနေသည့် ကျောင်းသားများ / ဆလိုင်းသန့်စင် / ဧရာဝတီ

10k
VIEWS
Share on FacebookShare on Twitter

“စစ်ပွဲအလိုမရှိ” ပြဇတ်၌ ပါဝင် ကပြသူများကို ပုသိမ်မြို့နယ် တရားရုံးက ပုဒ်မ ၅၀၀ဖြင့် ဒဏ်ငွေ အသီးသီးချမှတ်ခဲ့သော် လည်း တပ်မတော်မှ မကျေနပ်သည့်အတွက် အယူခံတက်ရာ အမှုအား ဇူလိုင်လ ၁၆ ရက်နေ့၌ ပြန်လည် ကြားနာ စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြဇတ်တွင် ပါဝင်ကပြသည့် ကျောင်းသား ၉ဦးကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က တပ်မ တော်နှင့် တပ်မတော် သား မိသားစုဝင်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဆိုကာ တရားလိုပြု လုပ်၍ တရားစွဲခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အနက် ၈ဦးကို ပုသိမ်မြို့နယ်တရားရုံးက ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ တွင် ပုဒ်မ ၅၀၀ (အသရေ ဖျက်မှု) ဖြင့် ဒဏ်ငွေများ အသီးသီးချ မှတ်ခဲ့ပြီးဖြစ်သည်။

RelatedPosts

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
261
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
933
တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

20 May 2025
14

ယင်းကျောင်းသား ၈ ဦးအပေါ် ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်မှ ချမှတ်သည့် ပြစ်ဒဏ်အား တပ်မတော် ဘက်မှ ကျေနပ်ခြင်းမရှိသည့်အတွက် ပုသိမ်ခရိုင် တရားရုံးသို့ အယူခံတက်ရောက် ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ကျောင်းသား ၈ ဦးကို ပုသိမ်မြို့နယ် တရားရုံးက အပြစ်ရှိတယ်ဆိုပြီး ဒဏ်ငွေတွေ ချ မှတ်ခဲ့တယ်။ အဲဒီအပေါ် မှာ တပ်မတော်ဘက်က ကျေနပ်ခြင်းမရှိတဲ့အတွက် ပုသိမ်ခရိုင်တရားရုံးကို အယူခံတက်ရောက်ခဲ့တာကြောင့် ဇူလိုင် ၁၆ ရက်နေ့မှာ ကျနော်တို့ ၈ ဦးစလုံး ခရိုင်တရားရုံးမှာ အမှုပြန်လည်ရင်ဆိုင်ရမှာပါ။ တရားရုံးကဆင့်ခေါ်တဲ့ သမ္ဗာန်စာ ကျနော် တို့ဆီ ရောက်နေပါပြီ”ဟု တပ်မတော်၏ တရားစွဲဆိုခြင်း ခံနေရသည့် ကျောင်းသား ကိုအောင်ခန့်ဇော်က ဧရာဝတီကို ပြောသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ပုသိမ်ဟိုတယ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ သဘော ထား ဆွေးနွေးပွဲ၌ ကျောင်းသားများ ကပြခဲ့သည့် ပြဇာတ်မှာ စစ်ပွဲထောက်ခံသူများအား အောက်စီဂျင် အမည်ရှိ သတင်းဌာနမှ အင်တာဗျူး မေးမြန်းသည့် ပုံစံဖြင့် တင်ဆက်ကပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြဇာတ်၏ ဇာတ်ဝင်ခန်းတချို့မှာ တပ်မတော်နှင့် တပ်မတော်သား မိသားစုဝင်များ၏ ဂုဏ် သိက္ခာထိခိုက်စေသည် ဟု ဆိုကာ တပ်မတော်ကိုယ်စား ဒု ဗိုလ်မှုးကြီး အောင်မျိုးခိုင်က တရားလို ပြုလုပ်၍ ကျောင်းသား ၉ ဦးကို ပုသိမ်မြို့နယ် တရားရုံးတွင် အသရေ ဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းပြဇာတ်ကို Facebook တွင် တိုက်ရိုက် ထုတ်လွှင့် ခဲ့သူ HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးကိုလည်း ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုအား ပုသိမ်မြို့နယ်တရားရုံးတွင် ၄ လခန့် ကြားနာစစ်ဆေးပြီးချိန်တွင် ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်း အောင်က ပြဇာတ်တွင် အဓိက သရုပ်ဆောင်သူ ၂ ဦးဖြစ်သည့် ကိုအောင်ခန့် ဇော်နှင့် ကိုမြတ်သူထက် တို့ကိုသာ အသရေ ဖျက်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ကျန်ကျောင်းသား ၇ ဦးကို အမှုမှ တရားရှင် လွှတ်ပေးကြောင်း ဆုံးဖြတ်ခဲ့၍ တပ်မတော်ဘက်မှ ပုသိမ်ခရိုင်တရားရုံးသို့ အယူခံတက်ခဲ့သည်။

ယင်းအယူခံအား ပုသိမ်ခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးပြီးနောက် ခရိုင်တရားသူကြီးက ပုသိမ်မြို့နယ် တရားရုံး၏ တရားရှင်လွှတ်သည့် အမိန့်ကို ပယ်ဖျက်ခဲ့သဖြင့် ၎င်းအမှုအား ပုသိမ်မြို့ နယ်တရားရုံးတွင် ဒုတိယအကြိမ် ပြန်လည်ကြား နာ စစ်ဆေးကာ ကျောင်းသားများအား အမိန့်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။

ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ကျောင်းသား ၈ ဦးအနက် ကိုအောင်ခန့်ဇော်နှင့် ကိုမြတ် သူထက် တို့ကို ဒဏ်ငွေ ၅ သောင်းကျပ်စီ ချမှတ်ခဲ့ကာ ကိုထက်ပိုင်ဖြိုးပါ ကျောင်းသား ၆ ဦးကို ဒဏ် ငွေ ၃ သောင်းကျပ်စီ ချမှတ်ခဲ့ပြီး တရားရင်ဆိုင်ရန် ပျက်ကွက်ခဲ့သည့် ကျောင်းသား မျိုးကိုကိုအား ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၀၀/၁၂ ဖြင့် တရားခံပြေး ကြေငြာခဲ့သည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးကိုမူ ပုဒ်မ ၆၆ (ဃ) ဖြင့် ယခုနှစ် ဇွန်လက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ကြောင်း သိရသည်။

“ကျူးလွန်တဲ့ကလေးတွေဟာ လူငယ်ပိုင်းတွေဖြစ်တယ်။ လူငယ်တွေဖြစ်တဲ့အတွက် ကလေးသူငယ် ဥပဒေရဲ့ ကာကွယ် မှုပေးရပါတယ်။ လူငယ်ဆိုတဲ့အတွက် ပြုပြင်ရေးသဘောဆောင်တဲ့ပြစ်ဒဏ်မျိုး ချမှတ်တာ ဖြစ်ပါတယ်”ဟု ကျောင်းသား များအား ချမှတ်ခဲ့သည့်ပြစ်ဒဏ်နှင့်ပတ်သတ်၍ ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ဧရာဝတီကို ယခုနှစ် ဇွန်လက ရှင်းပြခဲ့သည်။

ပုသိမ်မြို့နယ်တရားရုံးမှ ချမှတ်သည့်ငွေဒဏ်ကို မကျေနပ်၍ ခရိုင်တရားရုံးသို့ တပ်မတော်က အယူခံ တက်ခဲ့သည့် အဆိုပါအမှုအား မိမိတို့ ကျောင်းသား ၈ ဦးစလုံး သွားရောက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ကျောင်းသားများကိုယ်စား ကိုအောင်မျိုးမင်းက ပြောသည်။

“ကျနော့်ဆီကိုလည်း တရားရုံးကဆင့်ခေါ်တဲ့ သမ္ဗာန်စာရောက်နေပါပြီ။ ပုသိမ်မြို့နယ်တရားရုံးမှာ ပြစ်ဒဏ် ချခံခဲ့ရတဲ့ ဒီအမှု ကို ခရိုင်ရုံးမှာထပ်ရင်ဆိုင်ရဦးမှာပေါ့။ ပုသိမ်မြို့နယ်ရုံးက ကျနော်တို့ကို အပြစ်ရှိတယ်ဆိုပြီး ဒဏ်ငွေချတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ကျေနပ်မှုမရှိသော်လည်း အငြင်းပွား မနေတော့ဘဲ ဒဏ်ငွေ ဆောင်ခဲ့ကြတယ်။ အဲဒါကို တပ်မတော်ဘက်က ကျေနပ်မှုမရှိဘဲ ခရိုင်ရုံးကို အယူခံတက်တယ်ဆိုတော့ ကျနော်တို့ကျောင်းသားတွေ ထောင်ကျမှ သူတို့ ကျေနပ်မှာလားလို့ မေးခွန်းထုတ်ရမယ့်အခြေအနေမျိုး ဖြစ်နေတယ်”ဟု ကိုအောင်မျိုးမင်းက ပြောသည်။

Your Thoughts …
Tags: စစ်ပွဲ အလိုမရှိ ပြဇတ်အမှု
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
Laser Projector ပါဝင်တဲ့ Moviphone

Laser Projector ပါဝင်တဲ့ ဒေါ်လာ ၆၀၀ တန် Moviphone

ကိုယ့်အိမ်လို သဘောထားနော်

ကိုယ့်အိမ်လို သဘောထားနော်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate