• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လှိုဏ်ဂူထဲက ထိုင်းလူငယ် ၁၃ ဦး ကယ်ထုတ်ရေး အစီအစဉ် စပြီ

by ကျော်ခ
8 July 2018
in သတင်း
A A
ထိုင်းလူငယ် ၁၃ ဦး ကယ်ထုတ်ရေး အစီအစဉ် စပြီ

ထိုင်းလူငယ် ၁၃ ဦး ကယ်ထုတ်ရေး အစီအစဉ် စပြီ

25.7k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့အပြင်မှာရှိတဲ့ ထမ့်လုံလှိုဏ်ဂူထဲက ထိုင်းလူငယ် ၁၃ ဦးကို ကယ်ထုတ်မယ့် အစီအစဉ်ကို ဒီကနေ့ မနက် ၁၀ နာရီက စတင်လိုက်ပြီဖြစ်ကြောင်း ချင်းရိုင်ခရိုင်မှူး နရွန်နဆက်အိုဆတ်ချနခွန် (Mr. Narongsak Osatchanakorn) က ဒီကနေ့မနက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လူငယ် ၁၃ ဦးကို ကယ်ဆယ်ဖို့အတွက် နိုင်ငံတကာ ရေငုပ်ကျွမ်းကျင်သူ ၁၃ ဦးနဲ့ ထိုင်းရေတပ် က အထူးလေ့ကျင့်ပေးထားတဲ့ ရေငုပ်သမား ၅ ဦးဟာ ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့မနက်ပိုင်း ၁၀ နာရီက ဂူထဲကို ဝင်သွားပြီဖြစ်ပါတယ်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
33
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
31
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
443

နရွန်နဆက်အိုဆတ်ချနခွန် က “ကျနော်တို့ ဖြည်းဖြည်းချင်း ယူထုတ်လာမယ်။ လူတယောက်ကို ရေငုပ်သမား ၂ ယောက်ရှိမယ်။ ဝင်သွားတဲ့ အချိန်နဲ့ ပြန်ထွက်လာမယ့်အချိန်ဟာ အစောဆုံးက ည ၉ နာရီဖြစ်မယ်” လို့ သတင်းထောက်တွေကို ရှင်းလင်းပါတယ်။

တယောက်ချင်းခေါ်ထုတ်လာမှာဖြစ်ပြီး သယ်ဆောင်လာမယ့် အစီအစဉ်ကို ဇူလိုင် ၇ ရက်နေ့က ကြိုတင်ဇာတ်တိုက်မှုတွေ ပြုလုပ်ပြီး လေ့ကျင့်ထားပြီးသားဖြစ်တယ်လို့သိရပါတယ်။ မနေ့က လမ်းကြောင်းတလျှောက်လုံးကို ဝင်ရောက် စစ်ဆေးခဲ့တဲ့ သြစတြေးလျှ ရေငုပ်အဖွဲ့ကလည်း ခေါ်ထုတ်နိုင်ကြောင်း မှတ်ချက်ပေးတယ်လို့ဆိုပါတယ်။

ထိုင်းတပ်မတော်ရေကလည်း သူတို့ရဲ့ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာကတဆင့် လွန်ခဲ့တဲ့ တနာရီလောက်က “ထိုင်းရေတပ်နဲ့ နိုင်ငံတကာ ရေငုပ်အဖွဲ့တွေပူးပေါင်းပြီးတော့ တောဝက်ဘောလုံးအသင်းကို အိမ်ပြန်ခေါ်လာခဲ့မယ်” လို့ မှတ်ချက်တခု ထုတ်ပြန်လိုက်တာလည်း တွေ့ရပါတယ်။

လက်ရှိမှာ လူငယ် ၁၃ ဦးဟာ ကျန်းမာရေး ကောင်းမွန်နေသလို ၁၀ ရက်ကြာ စုပ်ထုတ်ထားတဲ့ ရေဟာလည်း နေရာ အတော် များများအထိ လမ်းလျှောက်လာလို့ရတဲ့ အနေအထားအထိ ကျနေပြီဖြစ်လို့ ကယ်ထုတ်ဖို့ အချိန်ကောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ရက်တွေ မိုးများလာရင် ရေပြန်ဝင်လို့ ကယ်ဆယ်ရေးတွေ ရပ်တန့်လိုက်ရမှာလည်း အာဏာပိုင်တွေ စိုးရိမ်နေပါတယ်။ ထိုင်းလူငယ် ၁၃ ဦးရဲ့ မိဘတွေနဲ့ မိသားစုဝင်တွေကိုလည်း ဒီကနေ့ စတင်ကယ်ထုတ်မယ်ဆိုတဲ့ အကြောင်းကိုလည်း အသိပေး ပြောဆိုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လှိုဏ်ဂူထဲမှာ ရှိတဲ့ လူငယ် ၁၃ ဦးဟာ ဇူလိုင် ၇ ရက်နေ့ က မိဘတွေနဲ့ စာအဆက်အသွယ်ရရှိပြီး ကျန်းမာရေး ကောင်းမွန် ကြောင်းနဲ့ အထဲကနေ အမြန်ဆုံးထွက်လာချင်ကြောင်း စာပြန်ပို့ခဲ့ပါတယ်။

ကယ်ထုတ်ရေးနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ မဖြေကြားနိုင်သေးကြောင်း ချင်းရိုင်ခရိုင်မှူးက ဆိုပါတယ်။

ထိုင်းလူငယ် ၁၃ ဦး ရှိနေတဲ့ နေရာကို ရေငုပ်ကျွမ်းကျင်သူအနေနဲ့ ၆ နာရီကြာသွားရကြောင်း အဲဒီအထဲမှာ ၃ နာရီလောက်ဟာ ရေကူးပြီးသွားရတာဖြစ်တယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က အောက်စီဂျင်ဗူးတွေ သယ်ပို့တဲ့ ထိုင်းရေတပ်သားဟောင်း တဦး ဂူတွင်းရေလမ်းကြောင်းမှာ အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့မှုကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ထိုင်းလူငယ် ၁၃ ဦးဟာ ဇွန်လ ၂၃ ရက်နေ့က ထမ့်လုံလှိုဏ်ဂူထဲဝင်သွားပြီး ပြန်အထွက်မှာ ရေကြီးမှုဖြစ်ပြီး ဂူတွင်းလမ်ကြောင်းတွေ ရေပိတ်ဆို့သွားတာကြောင့် ပြန်မထွက်နိုင်ဘဲ ရေလွတ်ရာမှာ ပုန်းခိုခဲ့ရခြင်းဖြစ်ပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ ညမှာတော့ ကယ်ဆယ်ရေး သမားတွေနဲ့ ပြန်တွေ့ခဲ့တဖြစ်ပါတယ်။

Your Thoughts …
Tags: တောဝက်ဘောလုံးအသင်းထိုင်းတပ်မတော်
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဇွန်လအတွင်း ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့စဉ် /  Snr-Gen Min Aung Hlaing  / Facebook

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းတပ်မတော်နှင့် ဆက်ဆံရေး အကောင်းဆုံးဖြစ်

by ဧရာဝတီ
16 August 2018
10.4k

မြန်မာနှင့်ထိုင်း တပ်မတော်များကြားမှ ဆက်ဆံရေးက ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရာထူးသက်တမ်းအတွင်း အဆင့်သစ်တခုသို့ မြင့်တက်ရောက်ရှိခဲ့သည်။

ထိုင်း တောဝက်ဘောလုံး အသင်းသမားများ

ဂူထဲပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသားများအကြောင်း ရုပ်ရှင်ရိုက်ကူးမည်

by မစ်ကီ
12 September 2018
4.5k

အဲဒီရုပ်ရှင်ကို ထိုင်းနွယ်ဖွားအိုင်းရစ် ရုပ်ရှင်ဒါရိုက်တာ Tom Waller က ရိုက်ကူးမှာဖြစ်တယ် လို့ဆိုပါတယ်။

ထိုင်းနိုင်ငံသား ဖြစ်သွားပြီဖြစ်တဲ့ တောဝက်အသင်း လက်ထောက်နည်းပြ / PR Department

တောဝက်အသင်းသား ၄ ဦးကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးပြီ

by ဧရာဝတီ
9 August 2018
17.1k

တောဝက်ဘောလုံးအသင်းသား ၃ ဦးနှင့် အသက် ၂၅ နှစ်အရွယ် လက်ထောက်နည်းပြ နိုင်အေကဖွန် ကျန်ထဝုန် တို့ကို ထိုင်းနိုင်ငံသားဖြစ်ခွင့် တရားဝင်လက်ခံလိုက်ပြီဖြစ်ကြောင်း

ထိုင်းဂူအကြောင်း ရိုက်ကူးထားတဲ့ "The Cave" ရုပ်ရှင်

ထိုင်းဂူအကြောင်း ရိုက်ကူးထားတဲ့ “The Cave” ရုပ်ရှင် မြန်မာနိုင်ငံမှာ ရုံတင်ပြသပြီ

by ရေဗန်
6 December 2019
56.9k

ရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် Netflix, Ivanhoe Pictures ကုမ္ပဏီတို့ ပူးပေါင်းရိုက်ကူးခဲ့တာဖြစ်ပြီး ထိုင်းအစိုရကလည်း ပူးပေါင်းကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုင်းဂူအကြောင်း ရိုက်ထားတဲ့ "The Cave" ရုပ်ရှင်

ထိုင်းဂူအကြောင်း ရိုက်ထားတဲ့ “The Cave” ရုပ်ရှင်ကို ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသမည်

by မစ်ကီ
4 October 2019
8.5k

ထိုင်းနိုင်ငံမှာရှိတဲ့ အလားတူ လိုဏ်ဂူတွေမှာ အဲ့ဒီရုပ်ရှင်ကို ပြန်လည် ရိုက်ကူးဖို့အတွက်တော့ မူရင်း ကယ်ဆယ်ရေး အဖွဲ့ထဲက ရေငုပ်သမား ၄ ဦးကိုလည်း ပြန်လည် ပါဝင်သရုပ်ဆောင်စေခဲ့ပါတယ်။

ထိုင်းနိုင်ငံက ထမ့်လုံလှိုဏ်ဂူ

ထိုင်းနိုင်ငံက ထမ့်လုံလှိုဏ်ဂူကို ကမ္ဘာလှည့် ခရီးသွားတွေ ပိုမို လည်ပတ်လာကြ

by ဟယ်လ်သင်
6 November 2019
5.7k

ဂူအတွင်း သွားလာနိုင်တဲ့ လမ်းကြောင်းကို သံလက်ရန်းတွေနဲ့ သတ်မှတ်ပေးထားတာကြောင့် အရင်လို ပိတ်မိတာမျိုးနဲ့ လမ်းပျောက်တာမျိုးတွေ မဖြစ်နိုင်ဘူးလို့လည်း သိရပါတယ်။

Next Post
ဒါရိုက်တာ ခရစ္စတီးနားခီ  / ယုဖြူဟန် / ဧရာဝတီ

အနုပညာ ဖန်တီးတဲ့အခါ ကျီးလန့်စာ စားရသလို ခံစားလာရတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

လူရွှင်တော် ၊ ဟာသ သရုပ်ဆောင် ဖိုးဖြူ  / ဧရာဝတီ

“အနုပညာ သိပ်မလုပ်ဖြစ်တော့လို့ စီးပွားရေးလုပ်တာ မဟုတ်ပါဘူး” ဆိုတဲ့ ဖိုးဖြူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate