သတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပုံစံ ပြောင်းရန် စဉ်းစားနေ

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ပိုမိုထိရောက်စွာ ဆုံးဖြတ်ချက်များ မြန်မြန်ဆန်ဆန် ချနိုင်ရန်အတွက် ဆွေးနွေးမှုပုံစံများကို ပြောင်းလဲရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင်နေသူများက စဉ်းစားလျှက် ရှိကြောင်း သိရသည်။

“လာမယ့် ညီလာခံပြီးရင်တော့ အစုအဖွဲ့အလိုက် ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ချက်တွေလုပ်။ ပြီးရင် အစုအဖွဲ့သုံးဖွဲ့ ပြန် တွေ့ပြီးတော့ ဒီ Review ကို ပြန်ပေါင်းပြီး လုပ်ရမှာပေါ့။ ကျနော်တို့ရဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ ပုံစံ အခင်းအကျင်း အဆင့် လိုက် အဆင့်လိုက်ပေါ့နော်။ ဘယ်အဆင့်မှာ ဘယ်လောက် အထိ ဖြတ်မလဲဆိုတာတော့ ပြန်သုံးသပ်ဖို့ လိုလိမ့်မယ်” ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။

ယခင်က အချိန်လုံလောက်စွာ မရ၍ ပြေလည်စွာ မဆွေးနွေးနိုင်ခြင်းများကြောင့် လုပ်ငန်းကော်မတီများတွင် အချိန်ယူ ဆွေးနွေးနိုင်ရန် မူဘောင်ကို ပြုပြင်ခဲ့ကြောင်း၊ ယခင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့က ဖြတ်တောက်သည့် ကိစ္စများရှိသော်လည်း ယခုအကြိမ်တွင် UPDJC အတွင်းရေးမှူး အဖွဲ့က ပြင်ဆင်ခြင်း၊ စုစည်းခြင်းကိုသာ ဆောင်ရွက်ကြောင်း ဆွေးနွေးပွဲ ဦးဆောင်သူများက ပြောသည်။

ထို့ပြင် အကျေအလည် ဆွေးနွေးသည့် အနေအထားသို့ ပြောင်းလဲကာ လုပ်ငန်း ကော်မတီ၌ မဆုံးဖြတ်နိုင်သည်ကို UPDJC က ဆုံးဖြတ်ချက် ချမှတ်ပေးသည့် ပုံစံဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

ဦးဇော်ဌေးက ဆက်လက်၍ “နောက်တချက်က ပြန်သုံးသပ်တဲ့ အခါ ဘာလုပ်ရမလဲ ဆိုတော့ ဒီလုပ်ငန်း ကော်မတီ တွေက မူဝါဒ Principle တွေ၊ စာတမ်းတွေရမှ ဆွေးနွေးတာထက် ဆောင်ရွက်နေတဲ့ ကဏ္ဍအလိုက် လုပ်ငန်း ကော်မတီ မှာပါတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ ကြိုလုပ်ထား။ ဥပမာ စီးပွားရေး သဘောတရား၊ ဖက်ဒရယ် ဆိုင်ရာ ဘဏ္ဍာရေး စနစ်ပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ ကျေကျေ လည်လည်ရှိမှလည်း လုပ်ငန်းကော်မတီမှာ နားလည်မှုက တူမှာကိုး။ အဲဒါမျိုးတွေလည်း လုပ်ငန်း ကော်မတီက အကြံပြုချက် အများကြီး ထွက်လာတာပေါ့” ဟု ပြောကြားသည်။

ထို့ပြင် ကျင်းပပြီးသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဆင့်ဆင့် အပေါ် မိမိတို့ လိုချင်သည့် အတိုင်းအတာသို့ ရောက် မ ရောက် ပြန်လည် သုံးသပ်ကာ ပြင်ဆင်သင့်သည်များကို ပြင်ဆင်သင့်ကြောင်း၊ မိမိတို့ လိုလားသည့် အခြေအနေတခုကို အချိန်ကာလတခု အတွင်းရရှိရန် ရည်မှန်း ဆောင်ရွက်သင့်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင်၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ဗဟို အလုပ်အမှုဆောင် ဦးစိုင်းကျော်ညွှန့် က ပြောသည်။

“သူ့ရဲ့ ဖွဲ့စည်းမှု အဆင့်ဆင့်ကို ပြင်ရမလား။ ဒါမှမဟုတ် ဒီဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေက ဘယ်အဆင့် ဘယ်အဆင့် ဆိုတဲ့ဟာကို ဘယ်လိုပုံစံနဲ့ ဘယ်လိုပြင်နိုင်မလဲ ။ အဲဒီလို သုံးသပ်ပြီးတော့ ပြင်ဆင်နိုင်မယ် ဆိုရင်တော့ဖြင့် ပိုပြီး မြန်ဆန် လွယ်ကူသွားမယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်” ဟု ဦးစိုင်းကျော်ညွှန့် က ပြောသည်။

လုပ်ငန်း ကော်မတီ၌ ဆွေးနွေးမှုများမှ ရရှိသည့် မူဝါဒ အဆိုပြုချက်များမှာ နိုင်ငံရေး ကဏ္ဍတွင် ၇ ချက်၊ စီးပွားရေးမှာ ၁၁ ချက်၊ လူမှုရေးတွင် ၉ ချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍတွင် ၅ ချက်နှင့် လုံခြုံရေး ကဏ္ဍတွင် ဆွေးနွေး ချက်သာရှိပြီး မူဝါဒ အဆင့် အဆိုပြုချက် မရှိကြောင်း ရရှိသည့် အချက် စုစုပေါင်း ၃၂ ချက်တွင် အစုအဖွဲ့အားလုံးက သဘေတူညီသည့် အချက်များရှိသကဲ့သို့ သဘောမတူညီသည့် အချက်များလည်း ရှိရာ ယင်းအချက်များ အပေါ် ဇူလိုင်လ ၈ ရက်တွင် ကျင်းပမည့် UPDJC အစည်းအဝေးတွင် ဆုံးဖြတ်ကာ ညီလာခံသို့ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading