• English
Saturday, December 2, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

    စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          Reuters သတင်းထောက် နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနှင့် စွဲချက်တင်

          by ဧရာဝတီ
          9 July 2018
          in သတင်း
          Reading Time: 1 min read
          A A
          Reuters သတင်းထောက် နှစ်ဦး၏ ယနေ့ရုံးထုတ်မြင်ကွင်း  / မျိုးမင်းစိုး / ဧရာဝတီ

          Reuters သတင်းထောက် နှစ်ဦး၏ ယနေ့ရုံးထုတ်မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

          6.6k
          VIEWS
          Share on FacebookShare on Twitter

          Reuters သတင်းထောက် နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေ ၃(၁)(ဂ)ဖြင့် ယနေ့ ရုံးချိန်၌ စွဲချက်တင်ရန် အနောက်ပိုင်း ခရိုင် တရားရုံးက ဆုံးဖြတ်ချက် ချလိုက်သည်။

          ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ အနီး လူသတ်မှုအား ဖော်ထုတ်ရန် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံခဲ့ရ သည့် သတင်းထောက်များ ဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့အား ၇ လခန့် ထိန်းသိမ်းကာ တရားလိုပြ သက်သေ ၂၂ ဦး စစ်ဆေးပြီးနောက် စွဲချက်တင်ရန် တရားရုံးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

          RelatedPosts

          ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

          ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

          1 December 2023
          1.3k
          နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

          နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

          1 December 2023
          458
          စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

          စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

          1 December 2023
          843

          သတင်းထောက် နှစ်ဦး၏ရှေ့နေ ဦးခင်မောင်ဇော်က “ကိုဝလုံးရော ကိုကျော်စိုးဦးရော ၂ ယောက်စလုံးကို စွဲချက်တင် လိုက်ပါတယ်” ဟု ပြောသည်။

          ယနေ့ တရားခွင်၌ မည်သည့်နေ့ရက် မည်သည့်နေရာ၌ အစိုးရ လျှိ့ဝှက်ချက် စာရွက်စာတမ်းများကို အစိုးရ အကျိုးစီးပွား ဆန့်ကျင်စေသည့် ရည်ရွယ်ချက်ဖြင့် (သို့) ရန်သူနှင့် ဆက်စပ်ပြီး ဆောင်ရွက်ရန် သဘောဖြင့် စုဆောင်းခြင်း၊ ရယူခြင်း၊ ရေးမှတ်ခြင်း၊ ဖြန့်ဝေခြင်း အစရှိသည်တို့ကို ပြုကြောင်း ပေါ်ပေါက်သည့် အတွက်ကြောင့် အစိုးရ လျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ ၃၁(ဂ) ဖြင့် စွဲချက်တင်လိုက်သည် ဟု တရားခွင် အတွင်း ပြောဆိုမှုများကို ၎င်းက ပြန်လည် ပြောပြသည်။

          နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ၃(၁)(ဂ)မှာ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ တခု ဖြစ်ကြောင်း သိရသည်။

          ယခုကဲ့သို့ သတင်းထောက်များ ဖမ်းဆီးခံရမှုသည် ယခင်အစိုးရများ ဖြေရှင်းပုံ နည်းလမ်းများကဲ့သို့ ဖြေရှင်းနည်း ဖြစ်ပြီး အဆိုပါ လုပ်ရပ်များကြောင့် ဒီမိုကရေစီ အစိုးရပုံရိပ်ကို ကျဆင်းစေနိုင်ကြောင်း မြန်မာ သတင်းပညာ သိပ္ပံမှ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်မင်းဆွေက ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

          ဦးကျော်မင်းဆွေက “အစိုးရရဲ့ဖြေရှင်းနည်းက သူတို့ ခေါင်းတင်ထားတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ ဒီမိုကရေ စီဆိုတဲ့ နည်းလမ်းနဲ့ နည်းနည်းတော့ ဟ နေတယ်လို့ ထင်တယ်။ နောက် ဒီပြဿနာကို ဒီထက်ပိုပြီးတော့ ပါးနပ်တဲ့နည်းနဲ့ ဖြေရှင်းလို့ ရတယ်လို့ မြင်တယ်။ ဒါပေမယ့် အဲဒီနည်းနဲ့ မဖြေရှင်းဘဲနဲ့ အရင်အစိုးရ လက်ထက်က နည်းလမ်းဟောင်းနဲ့ပဲ ဖြေရှင်းတဲ့ အခါ ဒီနည်းလမ်းဟောင်းက တိုင်းပြည်ရဲ့ ပုံရိပ်ရော အစိုးရရဲ့ ပုံရိပ်ရော တက်လာစရာ မရှိဘဲနဲ့ ကျသွားမယ့် အနေအထားရှိတယ်” ဟုလည်း ဆိုသည်။

          ယခုကဲ့သို့ ဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီး အရေးယူရန် ကြိုးစားနေခြင်းများသည် သတင်းသမားများ အကြောက်တရား ဖြစ်ပေါ်လာအောင် ပြုလုပ်သည့် ပုံစံဖြစ်နေပြီး သတင်း လွတ်လပ်ခွင့်ကိုပါ တိုက်ရိုက် ထိပါးခြင်းမျိုး ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ဦးဇေယျာလှိုင် က ပြောသည်။

          “အခုဆိုရင် သတင်းစာဆရာတွေကို ဒုက္ခပေးနိုင်တဲ့ ဥပဒေတွေက အများကြီး ဖြစ်လာတာပေါ့။ ဒီလို ဥပဒေ ပုဒ်မတွေနဲ့ သတင်းစာဆရာတွေကို ဖမ်းဆီး အရေးယူဖို့ ကြိုးစားနေတယ် ဆိုတာက ကျန်တဲ့သူတွေကိုပါ ကြောက်လန့်သွားအောင် လုပ်တဲ့ ပုံစံမျိုး မြင်ရတာပေါ့” ဟု ၎င်းက ဆိုသည်။

          ဆက်လက်၍ ဦးဇေယျာလှိုင်က “ဥပမာ အားဖြင့် အာဏာပိုင် အဖွဲ့အစည်း တခုခုရဲ့ မသိစေချင်တဲ့ ထုတ်ဖော်မပြောချင်တဲ့ အချက်အလက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် ဒီလိုဥပဒေ ပုဒ်မတွေနဲ့ အရေးယူခံရနိုင်ပါလားဆိုတဲ့ ထပ်ပြီးတော့ သတင်းစာ ဆရာတွေကြားမှာ အကြောက်တရား ပွားများအောင် လုပ်တဲပုံစံ ပိုပြီးဆန်လာတယ်။ ဒါကတော့ သတင်း လွတ် လပ်ခွင့်ကို တိုက်ရိုက် ထိပါးတယ်လို့ပဲ မြင်ပါတယ်” သုံးသပ် ပြောဆိုသည်။

          Reuters သတင်းထောက် နှစ်ဦးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တခုတွင် အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်တဦး နှင့် သွားရောက် တွေ့ဆုံပြီးနောက် ဆိုင်မှ ပြန်အထွက်တွင် ရခိုင် အရေးလျှို့ဝှက် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

          ယနေ့ ရုံးချိန်းတွင် တရားရုံးမှချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ်တွင် Reuters သတင်းဌာနမှ သဘောထား ထုတ်ပြန် ချက် တစောင် ထုတ်ပြန်လိုက်သည်။

          အဆိုပါ ထုတ်ပြန်ချက်၌ Reuters သတင်းဌာနမှ ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် ဖြစ်သူ Stephen J. Adler က“ကိုဝလုံးနဲ့ ကိုကျော် စိုးဦးတို့ကို စွပ်စွဲထားတဲ့ အခြေအမြစ်မရှိဘဲ အချိန်ဆွဲထားတဲ့ အမှုကို တရားရုံးက ဖြေရှင်းပေးဖို့ ငြင်းပယ်လိုက်တဲ့ အပေါ် ကျေနော်တို့ အနေနဲ့ အလွန်အမင်း စိတ်ပျက်မိပါတယ်။ ဒီသတင်းထောက်တွေကို လွှတ်ပေးဖို့ အချိန်တန်နေပါပြီ” ဟု ပြော ကြားထားသည်။

          ဆက်လက်ပြီး “သူတို့အနေနဲ့ လျှို့ဝှက် အက်ဥပဒေ အပါအဝင် အခြား ဘယ်ဥပဒေတွေကိုမှ ချိုးဖောက်ခဲ့တာ ဒါမှမဟုတ် အမှား တခုခုလုပ်ခဲ့တာကို ထောက်ပြနိုင်တဲ့ သက်သေအချက်အလက် တခုမှ မရှိပါဘူး။ သူတို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေ တွေနဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံဖို့ သူတို့ကို လွှတ်ပေးသင့်ပါပြီ။ ဒါ့အပြင် ဒီနေ့ချလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ မြန်မာနိုင်ငံ အနေနဲ့ ကတိကဝတ်ပြုထားတဲ့ တရားဥပဒေ စိုးမိုးရေး အပေါ် သံသယ ရှိစရာ ဖြစ်လာပါတယ်”ဟု Stephen J. Adler က ဆိုထားသည်။

          Reuters သတင်းထောက် နှစ်ဦးဖမ်းဆီးမှုကို ရဲမှူးချုပ် တင်ကိုကို၏ ဦးဆောင်စီစဉ်မှုဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း တရားလိုပြ သက်သေတဦး ဖြစ်သည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က တရားခွင်အတွင်း ဖွင့်ချထွက်ခဲ့ကာ အဆိုပါ ထွက်ဆိုချက်ပေးပြီးနောက် ရက်ပိုင်းအတွင်း ဦးမိုးရန်နိုင်ကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ် တစ်နှစ်ချမှတ် ခံရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။

          ၎င်းတို့ နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် စုံစမ်းဖော်ထုတ်ခဲ့ကြသည့် အင်းဒင်ကျေးရွာ အနီး ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှု သတင်း အား Reuters သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။

          ယင်းလူသတ်မှုနှင့် ပတ်သက်ပြီး တပ်မတော်မှ စစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လူသတ်မှုတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပြီး အမှု၌ ပါဝင်ပတ်သက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင် အရာရှိ/စစ်သည် ၇ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

          အမှုအား ဆက်လက်စစ်ဆေးရန် ဇူလိုင်လ ၁၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပြီး ဖမ်းဆီးခံထားရသည့် သတင်းထောက် နှစ်ဦးဘက်မှ သက်သေများအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

          ဧရာဝတီသတင်းထောက် ထွန်းထွန်းနှင့် သဇင်လှိုင် ပူးပေါင်းရေးသားသည်။

          Your Thoughts …
          Tags: Reuters သတင်းထောက် ၂ ဦးအမှု
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          No Content Available
          Next Post
          ဂျာမနီနိုင်ငံမှ စီးပွားရေးစီမံခန့်ခွဲမှု မန်နေဂျာတဦး ဖြစ်သူ "Therese"

          တလအတွင်းမှာ စာအုပ်ပေါင်း အုပ်ရေ ၁၀၀ ကိုဖတ်နိုင်တဲ့ ဂျာမနီက အမျိုးသမီး

          Samsung မှ အိန္ဒိယနိုင်ငံမှာ ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းစက်ရုံ

          ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းစက်ရုံကို အိန္ဒိယနိုင်ငံမှာ Samsung ဖွင့်လှစ်

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          3 days ago
          12.1k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          2 days ago
          8.5k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved