သတင်း

ဒေါက်တာ အေးမောင် အမှု လိုပြ သက်သေများကို ရုံးခေါ်အဖြစ် ခေါ်ယူရန် လျှောက်ထား

Want create site? Find Free WordPress Themes and plugins.

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ အမှု၌ အမည်စာရင်း တင်ထားသော တရားလိုပြ သက်သေ များကို တရားရုံးအနေဖြင့် ရုံးခေါ် သက်သေများအဖြစ် ခေါ်ယူ စစ်ဆေးပေးရန် စစ်တွေခရိုင် တရားရုံးသို့ လျှောက် ထား ကြောင်း သိရသည်။

စစ်တွေခရိုင် တရားရုံးတွင် ဇူလိုင်လ ၉ ရက်၌ ၁၆ ကြိမ်မြောက် ရုံးထုတ်အပြီး ယင်းသို့ လျှောက်ထားခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးမောင် အမှုအား လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

ဦးအောင်ကျော်စိန် က “ရုံးခေါ် သက်သေအဖြစ် ခေါ်ယူစစ်ဆေးဖို့ လျှောက်ထားရတဲ့ ရည်ရွယ်ချက်ကတော့ အမှု ၃ မှု လုံးကို တပြိုင်တည်း သွားလို့ ရအောင်လို့ပါ”ဟု ဧရာဝတီကို ပြောပြသည်။

ယင်းသို့ တရားလိုပြ သက်သေများအား ရုံးခေါ် သက်သေအဖြစ် ခေါ်ယူ စစ်ဆေးရန် လျှောက်ထားရခြင်းမှာ ဒေါက် တာ အေးမောင်နှင့် စာရေးဆရာတို့အား စွဲဆိုထားသည့် ပုဒ်မ ၃ ခု၌ နိုင်ငံတော် ပုန်ကန်မှုနှင့် နိုင်ငံတော် အကြည်အ ညို ပျက်စေမှုတို့တွင် တရားလိုပြ သက်သေ ၆ ဦးအဖြစ် အမည်စာရင်း တင်ပြထားသော်လည်း မတရား အသင်း အက် ဥပဒေ ပုဒ်မ ၁၇ (၁)တွင် တရားလိုပြ သက်သေအဖြစ် ၁၆ ဦးထိ တင်ပြထားရာ အမှုမှန် ပေါ်ပေါက်လာစေရန် နှင့် အမှု များအား တပြိုင်တည်း ဆောင်ရွက်နိုင်ရန် လျှောက်ထားခြင်း ဖြစ်ကြောင်း အကျိုးဆောင် ရှေ့နေက ဆိုသည်။

ဦးအောင်ကျော်စိန်က ဆက်လက်၍ “၅၀၅ (ခ) အမှုမှာ သက်သေ ၆ ယောက် တင်ထားတယ်။ အားလုံး ရဲသက်သေ ဖြစ် တယ်။ နောက် ရုံးချိန်းတွေဆို အဲဒီ အမှု ၂ ခုက ရဲသက်သေတွေကို စစ်လို့ ကုန်မယ်။ ၁၆ ဦးထဲမှာ ပွဲစီစဉ်သူတွေ နဲ့ လာကြည့်တဲ့ အရပ်သားတွေလည်း ပါတယ်။ အဲဒါနဲ့ တရားမျှတမှု ရအောင်နဲ့ အမှုအားလုံး တပြိုင်တည်း သွားလို့ ရအောင် ဆိုပြီး ၁၇(၁) သက်သေတွေကိုပါ နိုင်ငံတော် ပုန်ကန်မှုနဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုမှာ ရုံးခေါ် သက် သေ အဖြစ် ထည့်သွင်းပြီး စစ်ဆေးဖို့ လျှောက်ထားလိုက်တာ”ဟု ပြောသည်။

ထိုသို့ လျှောက်ထားချက် အပေါ် ထပ်မံ ချိန်းဆိုထားသော လာမည့် ဇူလိုင်လ ၁၆ ရက် ရုံးချိန်း၌ နှစ်ဘက် လျှောက်လဲ ချက်များ ပေးကာ တရားရုံးက ခွင့်ပြု မပြုကို အမိန့်တရပ် ချမှတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့၏ ၁၆ ကြိမ်မြောက် ရုံးထုတ်ရာသို့ ရခိုင် အမျိုးသား ပါတီ (ANP) ပါတီမှ ပြည်သူ့ လွှတ်တော်၊ ပြည်နယ် လွှတ်တော် တို့မှ ကိုယ်စားလှယ်များနှင့် မြို့ခံများက လာရောက် ဝန်းရံ မှုများ ရှိကာ တရားရုံး ပတ်လည်တွင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသည်ကို တွေ့မြင်ခဲ့ရသည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပတ်သက်၍ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်း ဟုဆိုကာ အစိုးရက စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ စစ်တွေမြို့နယ် တရားရုံးတွင် မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည် အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၇ ကြိမ်မြောက် ရုံးချိန်း ဖြစ်သည့် မတ်လ ၂၈ ရက်တွင် ယင်းအမှုနှင့် ပတ်သက်၍ ခရိုင်တရားရုံးနှင့် မြို့နယ် တရားရုံး တို့တွင် အမှုများကို ခွဲပြီး တရားစွဲဆိုခြင်းမှာ အချိန်ကုန်ပြီး စွပ်စွဲခံရသူများ အနေဖြင့် နစ်နာမှုများ ရှိသဖြင့် အမှု ၃ ခုလုံး ကို ခရိုင်တရားရုံးသို့ ပြောင်းရွှေ့၍ တပေါင်းတည်း စစ်ဆေးရန် ရုံးပြောင်း လျှောက်ထားရာ ဇွန်လ၂၀ ရက်က ရုံးပြောင်း စစ်ဆေးရန် ခွင့်ပြုမိန့် ရခဲ့ခြင်း ဖြစ်သည်။

တရားလိုပြ သက်သေများအား ရုံးခေါ် သက်သေအဖြစ် တရားရုံးမှ ခေါ်ယူစစ်ဆေးမည်ဆိုပါက တရားခွင် တရားသူကြီး က ယင်း သက်သေတို့ကို ဦးဆောင် စစ်ဆေးမည် ဖြစ်ပြီး တရားသူကြီး စစ်ဆေးပြီးမှသာ နှစ်ဘက်ရှေ့နေများက အပြန်အလှန် မေးခွန်း မေးမြန်းခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading