• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထမ်လုံဂူ ကယ်ဆယ်ရေးမှာ အဓိကကျတဲ့ ဩစတြေးလျ ဆရာဝန်

by ဧရာဝတီ
10 July 2018
in သတင်း
A A
ဒေါက်တာ ရစ်ချတ် ဟားရစ်ကို ထမ်လုံဂူဝတွင် တွေ့ရစဉ်   / thewest.com.au

ဒေါက်တာ ရစ်ချတ် ဟားရစ်ကို ထမ်လုံဂူဝတွင် တွေ့ရစဉ် / thewest.com.au

20.4k
VIEWS
Share on FacebookShare on Twitter

ချင်းရိုင်ခရိုင်ရှိ ဂူတခုတွင် ပိတ်မိနေသော ထိုင်း ကျောင်းသား ဘောလုံးအသင်းနှင့် ၎င်းတို့၏ ဘောလုံးနည်းပြကို ကယ်ဆယ်ရေးတွင် အဓိက အကျဆုံးအခန်းကဏ္ဍမှ ပါဝင်သူမှာ နိုင်ငံတကာ ရေငုတ်ကျွမ်းကျင်သူ သြစတြေးလျ ဆရာဝန်တဦးဖြစ်သည်။

ဒေါက်တာ ရစ်ချတ် ဟားရစ် သည် ဩစတြေးလျ တောင်ပိုင်းပြည်နယ်မြို့တော် အဒယ်လိတ်မှ မေ့ဆေး ဆရာဝန်ကြီးဖြစ်ပြီး သူ၏ အားလပ်ရက်ဖြစ်သော်လည်း ကလေးများနှင့် နည်းပြတို့ရှိရာသို့ အန္တရာယ်ကြီးမားသည့် ရေငုတ် သွားရောက်ခဲ့သည်ဟု Sydney Morning Herald သတင်းစာက ဆိုသည်။

RelatedPosts

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

15 May 2025
170
သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
152
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
184

ကယ်ဆယ်ရေးအစီအစဉ် အောင်မြင်ရေး ကလေးများ၏ ကျန်းမာရေးအခြေအနေကို နောက်ဆုံး စစ်ဆေးခြင်းကို သူကပင် လုပ်ဆောင်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော ဗြိတိန် ရေငုတ်သမားများက ဒေါက်တာ ဟားရစ်၏ ကျွမ်းကျင်မှု အကူအညီကို တောင်းခံခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီရန် ဂူအတွင်းသို့ သူ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အသက် ၅၃ နှစ်အရွယ်ရှိ ဒေါက်တာ ဟားရစ်သည် ဇူလိုင်လ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ကလေးများရှိရာ ဂူအတွင်းသို့ ဝင်သွားကာ ဆေးစစ်ပေးခဲ့သည်။ ထို့နောက် ကျန်းမာကြံ့ခိုင်ရေး အကောင်းဆုံးဟု သတ်မှတ်ခံရသူကို အရင်ဆုံး ကယ်ထုတ်ရန် သတ်မှတ်ထားသော ထိုင်းအစိုးရ၏ ကယ်ဆယ်ရေး စီမံချက်ကို ပြောင်းပြန်လှန်ပစ်ပြီး အားအနည်းဆုံးသူကို အရင်ဆုံး ကယ်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုင်းမီဒီယာများ၏ အဆို အားအနည်းဆုံး ကလေးငယ်များကို နောက်တွင် ချန်ထားခဲ့ခြင်းကြောင့် အသက်ရှင်ရပ်တည်နိုင်စွမ်း မရှိဟု ဒေါက်တာ ဟားရစ်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယခု အန္တရာယ်ကြီးမားသည့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် လိုအပ်သော အရည်အသွေးများ အားလုံး ဒေါက်တာ ဟားရစ် ပိုင်ဆိုင်သည်ဟု ဒေါက်တာ ဟားရစ်နှင့် သိကျွမ်းသည်မှာ ဆယ်စုနှစ်တခုကျော်ကြာပြီဖြစ်သော ဒေးဗစ် စထရိုက်ကပြောသည်။

“သူရေငုတ်လာတာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီ။ သြစတြေးလျနဲ့ ပြည်ပမှာ ဂူတွေကို စူးစမ်းလေ့လာ ဓာတ်ပုံရိုက်ဖို့ အဆင့်မြင့်ရေငုတ် နည်းပညာတွေကိုလည်း သိရှိသူဖြစ်တယ်” ဟု ဒေးဗစ် စထရိုက်က Fairfax မီဒီယာသို့ပြောသည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သြစတေးလျှ၊ တရုတ်၊ ခရစ်စမတ်ကျွန်းနဲ့ နယူဇီလန် ကဂူတွေထဲမှာ ရေငုတ်စူးစမ်းလေ့လာမှုလုပ်ရာမှာ သူပါဝင်ခဲ့တယ်။ ရေငုတ်တဲ့အခါ လုံခြုံမှုနဲ့ မတော်တဆမှု စုံစမ်းစစ်ဆေးရေးတွေမှာ အရမ်းစိတ်ဝင်စားသူလည်းဖြစ်တယ်” ဟုလည်း ဒေးဗစ် စထရိုက်က ပြောသည်။

“ဂူတွေကို စူးစမ်းလေ့လာခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံအပြင် မေ့ဆေးဆရာဝန်နဲ့ကယ်ဆယ်ရေး ဆေးပညာရှင်ဖြစ်တာမို့ သူဟာ ဘယ်အခြေအနေကိုမဆို တည်တည်ငြိမ်ငြိမ် အကဲဖြတ်နိုင်ပြီး လိုအပ်တာတွေ လုပ်ဆောင်နိုင်သူဖြစ်တယ်ဆိုတာ ကျနော့်စိတ်ထဲမှာ ပေါ်လာတယ်” ဟု ဒေးဗစ် စထရိုက်က ရှင်းပြသည်။

ယခုအခါ တောဝက်ဘောလုံးအသင်း နှင့် နည်းပြတို့ အားလုံး ဂူအပြင်သို့ ပြန်ထွက်လာနိုင်သည်မှာ ဒေါက်တာဟားရစ်၏ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ကြောင်း သက်သေပင်ဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဒေါက်တာ ဟားရစ် နှင့် အခြား သြစတေးလျှ မိတ်ဆွေတဦးတို့အပြင် သြစတေးလျှ ဗဟို ရဲတပ်ဖွဲ့မှ ရေငုတ်သမား ၆ ဦး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ပါဝင်ခဲ့သည်။

“ရစ်ချတ်ဟာ အရည်အချင်း အထူးပြည့်မှီပြီး သူတို့ရဲ့ လုံခြုံမှုကို အခြားသူတွေအတွက် စတေးဖို့ အသင့်ပြင်ထားတဲ့ ထူးခြားတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့တခုက အဖွဲ့ဝင်တယောက်ပါ။ ဒီစကားလုံးကို သုံးရတာကတော့ အရမ်းကိုများ လွန်နေမလား မသိဘူး။ ဒါပေမယ့် ထပ်သုံးရရင်တော့ ကယ်ဆယ်ရေးမှာ ပါဝင်သူတွေဟာ တကယ့်ကို သူရဲကောင်းကြီးတွေပါ” ဟု စထရိုက်က ဆက်လက်ပြောကြားသည်။

ကိုးကား။ ။ The Strait Times, Daily Mail

Your Thoughts …
Tags: ထမ်လုံဂူ ကယ်ဆယ်ရေးဒေါက်တာ ရစ်ချတ် ဟားရစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ရွှေကျင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ  / EPGE

ရေကာတာ စီမံကိန်းမြေများ အတွက် လျော်ကြေး မရဟု ဒေသခံများ ပြော

ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံများမှ အနံ့ဆိုးထွက်မှုကို ထိန်းချုပ်သွားရန် ပြည်နယ်အစိုးရ၏ ညွှန်ကြားထား  / ဉာဏ်စိုးဝင်း / ဧရာဝတီ

ခနောက်စိမ်းစက်ရုံများ ညွှန်ကြားချက် မလိုက်နာလျှင် ရေးယူမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate