သတင်း

ခနောက်စိမ်းစက်ရုံများ ညွှန်ကြားချက် မလိုက်နာလျှင် ရေးယူမည်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ မော်လမြိုင်စက်မှုဇုန်ရှိ စက်ရုံလည်ပတ်ခွင့်ရရှိထားသည့် ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံများမှ အနံ့ဆိုးထွက်မှုကို ထိန်းချုပ်သွားရန် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်များအား မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“ကျနော့်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရဲ့ လုပ်ထုံးလုပ်နည်းနဲ့ သတ်မှတ်ထားတဲ့ လမ်းညွှန်တွေရှိပါတယ်။ စက်ရုံတရုံက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းထက်ကို ပိုနေမယ်ဆိုရင် ၁ အချက် ထိန်းချုပ်ရမယ်၊ ၂ အချက် လျှော့ချရမယ်၊ ၃ အချက် ပပျောက်အောင် လုပ်ဆောင်ရမယ်။ ဒီအချက်သုံးချက်ကို တကယ်လို့ စက်ရုံဘက်က မလိုက်နာဘူးဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။

ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံများမှ ထုတ်လွှတ်လိုက်သည့် အခိုးအငွေ့များကို မွန်ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ၃ ရက်တိုင်တိုင် တိုင်းတာခဲ့ရာ မြန်မာဆန်းဇော် ခနောက်စိမ်းသတ္တု သန့်စင်စက်ရုံမှာ ဆာလဖာဒိုင်အောက်ဆိုဒ် မြင့်တက်မှု သုံးကြိမ်ရှိခဲ့ပြီး မြန်မာရှင်းရှင်း ခနောက်စိမ်းသတ္တု သန့်စင်စက်ရုံမှာ ဆာလဖာဒိုင်အောက်ဆိုဒ် မြင့်တက်မှု ကိုးကြိမ်တိုင်တိုင် ရှိခဲ့ကြောင်း သိရသည်။

“စက်ရုံက ထွက်လာတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်ကို လျှော့ချနိုင်ရေးအတွက် ကျနော်တို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ဒီစက်ရုံတွေမှာ လေထုညစ်ညမ်းမှု ထိန်းချုပ်တဲ့ စက်ကိရိယာ ပြန်လည်တပ်ဆင်ဖို့ ညွှန်ကြားထားတယ်။ ဒီညွှန်ကြားချက်နဲ့ အညီပဲ မြန်မာဆန်းဇော် ဆိုရင် တပ်ဆင်ပြီးတော့မှ စမ်းသပ် လည်ပတ်နေပါပြီ။ မြန်မာရှင်းရှင်းကိုတော့ လေထုထိန်းချုပ်တဲ့ စက် တပ်ဆင်ဖို့ ညွှန်ကြားထားပါတယ်၊ ပြင်ဆင်နေပါပြီ” ဟု ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

မော်လမြိုင်စက်မှုဇုန်၌ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံ ခြောက်ရုံရှိပြီး ယင်းစက်ရုံများ တည်ဆောက်ခဲ့စဉ်က သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ မီးခိုးခေါင်းတိုင်များ တည်ဆောက်ခဲ့သော်လည်း စက်ရုံလည်ပတ်ခွင့် ရရှိထားသော တချို့စက်ရုံများမှာ မြေနိမ့်ပိုင်းတွင် တည်ရှိနေသဖြင့် မီးခိုးခေါင်းတိုင်ကို ပေ ၃၀ ထပ်မံ မြှင့်တင်ပေးရန် ညွှန်ကြားထားရကြောင်း သိရသည်။

စက်ရုံလည်ပတ်မှုကြောင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု မဖြစ်စေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ EMP ရေးဆွဲပြီး ဒေသခံ ပြည်သူများထံ ရှင်းလင်း တင်ပြ ပေးရန် ညွှန်ကြားထားကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

မြန်မာရှင်းရှင်း ခနောက်စိမ်း သန့်စင်စက်ရုံမှ ခနောက်စိမ်းများနှင့် ကျောက်မီးသွေးများ သိုလှောင်ပုံထားရာတွင် အမိုးအကာလုံသော နေရာများ၌ မထားရှိခြင်းကြောင့် မိုးရွာချိန်များတွင် ခနောက်စိမ်းနှင့် ကျောက်မီးသွေး အမှုန်များပါသည့် ရေများသည် လယ်ကွက်များဘေးသို့ ဆင်းလာကြကြောင်း စက်မှုဇုန်ရှိ ဒေသခံများထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading