• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကင်ဂျုံအန်း ဂုဏ်သိက္ခာစောင့်စည်းမည်ဟု သမ္မတထရမ့်ယုံကြည်

by ဧရာဝတီ
11 July 2018
in သတင်း
A A
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တို့ ဇွန်လက စင်ကာပူ၌တွေ့ဆုံစဉ် / Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တို့ ဇွန်လက စင်ကာပူ၌တွေ့ဆုံစဉ် / Reuters

4.7k
VIEWS
Share on FacebookShare on Twitter

မြောက်ကိုရီးယား – အမေရိကန်တို့ ရရှိခဲ့သည့် သဘောတူညီချက်ကို တရုတ်နိုင်ငံက အနုတ်လက္ခဏာ ဆောင် ဖိအားပေး ကောင်းပေးနိုင်သော်လည်း ကင်ဂျုံအန်းအနေဖြင့် ဂုဏ်သိက္ခာထား၍ စောင့်စည်း လိမ့်မည်ဟု စိတ်ချယုံကြည်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြော ဆိုလိုက်သည်။

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် ဝါရှင်တန်၏တောင်းဆိုချက်အပေါ် ပြုံယမ်းဘက်မှ မနှစ်မြို့မှုကို ဖော်ပြလာသဖြင့် တွီတာလူမှုကွန်ရက်ပေါ်တွင် ထရမ့်က အထက်ပါ အတိုင်း ဇူလိုင်လ ၉ရက်နေ့က အချိန်ကိုက် ပြောဆိုလိုက်ခြင်းဖြစ်သည်။

RelatedPosts

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
6
အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
64
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
832

“ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်နဲ့ အရေးကြီးတဲ့ လက်ဆွဲနှုတ်ဆက်မှုကို ကင်ဂျုံအန်းအနေနဲ့ ဂုဏ် သိက္ခာ စောင့်စည်းလိမ့်မယ်လို့ တထစ်ချယုံကြည်ထားပါတယ်။ မြောက် ကိုရီးယားမှာ နျူကလီးယားကင်းစင်ရေးအတွက် ကျနော်တို့ သဘောတူညီထားတာပါ။ အခြား တဖက်မှာလည်း တရုတ်က ဒီသဘောတူညီချက်ကို ကုန်သွယ်ရေး မျှော်လင့်ချက် အပေါ်မူတည်ပြီး အနုတ်လက္ခဏာ ဖိအားမပေးပါစေနဲ့ ဆုတောင်းနေရပါတယ်”ဟု သမ္မတ ထရမ့်က ရေးသားထားသည်။

နျူကလီးယားကင်းစင်ရေး အမေရိကန်၏ တောင်းဆိုချက်မှာ တဖက်သတ်ဆန်နေပြီး အတင်းအကျပ် တွန်းအားပေးနေ ကြောင်း မြောက်ကိုရီးယားအစိုးရဘက်မှ စောဒကတက်ထားသည်။

မိမိတိုင်းပြည်အနေဖြင့် လူမိုက်ဂိုဏ်းဆန်ဆန် တောင်းဆိုချက်ကို လက်ခံရမည့် သဘောဖြစ်နေ သည်ဆိုလျှင် အမေရိကန် ဘက်မှ အမှားကြီးမှားနေပြီဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြား ရေးဌာနပြောခွင့်ရသူက သဘောထားထုတ်ပြန်ထား ခြင်းဖြစ်သည်။

အမေရိကန် အခွန်စည်းကြပ်မှု မူဝါဒအသစ်အရ တရုတ်ထံမှ သွင်းကုန် ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးကို ၂၅ ရာခိုင်နှုန်း ကောက်ခံခြင်းမှာ ပြီးခဲ့သည့်သောကြာနေ့က စတင်အသက်ဝင်ခဲ့ပြီး တရုတ်ကုန်စည် များ နောက်ထပ် ၁၆ ဘီလီယံတန်ဖိုး အခွန်စည်းကြပ်ခြင်းမှာ ရက်သတ္တနှစ်ပတ်အတွင်း သက်ရောက်စေရန် စီမံထားသည်။

တရုတ်ကလည်း အမေရိကန်သွင်းကုန်များကို အလားတူ တင်းကြပ်မှုဖြင့် တုံ့ပြန်ခဲ့ပြီး၊ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က တရုတ်အနေဖြင့် ဆက်လက်တုံ့ပြန်ပါက နောက်ထပ် သွင်းကုန် ဒေါ်လာ ဘီလီယံ ၅၀၀ တန်ဘိုးရှိ တရုတ်ကုန်စည်များကို ပစ်မှတ်ထားလုပ်ဆောင်မည်ဟု ဆိုသည်။

မြောက်ကိုရီးယား၏ နျူကလီးယား ကင်းစင်ရေး အပြည့်အဝဖယ်ရှားပြီးသည့်တိုင် အမေရိကန်က ပိတ်ဆို့မှုကို ဖြေလျော့ ပေးလိမ့်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တနင်္ဂနွေက ပြောကြားခဲ့သည်။

ထိုအပြင် တနင်္လာနေ့က ဗီယက်နမ်သို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုသည် မြောက်ကိုရီးယားအား ဗီယက်နမ်- အမေရိကန်ဆက်ဆံရေးကို နမူနာယူဖို့နှင့် မြောက်ကိုရီးယားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုနှင့်ပတ်သက်၍ ဟနွိုင်ဘက်မှ ပူးပေါင်းဆောင်ရွက် ရေးကို ကမ်းလှမ်းခဲ့သည်။

Your Thoughts …
Tags: မြောက်ကိုရီးယား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
9.9k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

by Jong Min Lee
11 March 2024
7.3k

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အသုံးပြုရန် ပထမဆုံးကြိုးစားမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဌာနကို ၁၉၅၅ ခုနှစ်တွင် ထူထောင်ခြင်းဖြင့် စတင်သည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
21.9k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

by Bertil Lintner
5 September 2023
5.6k

အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

by Maung Kavi
2 February 2024
3.4k

တနိုင်ငံလုံးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုသည် စစ်ကောင်စီဝါဒဖြန့် သတင်းစာ မျက်နှာဖုံးနှင့် နောက်ကျောတွင်သာ ရှိသည်။

တရုတ်ဩဇာ မြန်မာကို လွှမ်းမိုးမှု အနောက်တိုင်းက ချိန်ခွင်လျှာညှိရန် အချိန်ကျပြီ

တရုတ်ဩဇာ မြန်မာကို လွှမ်းမိုးမှု အနောက်တိုင်းက ချိန်ခွင်လျှာညှိရန် အချိန်ကျပြီ

by ဧရာဝတီ
5 December 2024
3.3k

တရုတ်သည် မြန်မာတွင် ဩဇာထူထောင်မှု အရှိန်မြှင့်လာသောအခါ အခင်းအကျင်းများကို ပြောင်းလဲရေးနှင့် တရုတ်ကို ရင်ဆိုင်ရေးတွင် ပိုမို နိုးကြားလာသော အနောက်တိုင်းအတွက် အရေးပါသောကာလ ဖြစ်လာသည်။

Next Post
ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်းစဉ် / သဲကို / ဧရာဝတီ

အမျိုးသမီးများရဲ့ စိတ်ဓာတ်ကို မုဒိမ်းကျင့်မခံရအောင် ကာကွယ်ပါ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ / ဧရာဝတီ

ကျောက်မိုင်းတရားမဝင်ယမ်းသုံးစွဲမှုများ အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 day ago
4.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate