• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သဘာဝဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်း(ကမ္ဘာမြေချစ်သူ) ကွယ်လွန်

by ဇူးဇူး
11 July 2018
in သတင်း
A A
သဘာဝဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်း(ကမ္ဘာမြေချစ်သူ) ကွယ်လွန်
18.2k
VIEWS
Share on FacebookShare on Twitter

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဆရာကြီး ဦးအုန်း(ကမ္ဘာမြေချစ်သူ)သည် ယနေ့နံနက် ၆ နာရီခန့်က ကျိုက်ဝိုင်းဘုရား လမ်းနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကွယ်လွန်ချိန်တွင် ဆရာကြီးဦးအုန်း၏ အသက်မှာ ၉၁ နှစ် ရှိပြီ ဖြစ်ပြီး၊ ကျန်ရစ်သည့် ရုပ်ကလာပ်ကို ဇူလိုင် ၁၃ ရက် နေ့လယ် ၃ နာရီတွင် ရေဝေးသုဿန်၌ သြင်္ဂိုဟ်မည်ဖြစ်ပြီး ဇူလိုင် ၁၇ ရက်တွင် ရက်လည်ဆွမ်းကျွေးပြုလုပ်မည်ဟုလည်း ၎င်းက ပြောဆိုသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
15
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
46
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
262

“လူကြီးရောဂါပါ။ ညထိအကောင်း။ မနက်ကျတော့မှ နှိုးလို့မရတာ ဖြစ်နေတာ။ ကမ္ဘာမြေချစ်သူဆုတွေ ဘာတွေ လုပ်ခဲ့ တော့ ကိုယ့်အဖိုးအတွက် ဂုဏ်ယူရတာပေါ့။ အခုဆို ပညာရှင်တယောက် ဆုံးရှုံးသွားရတာပေါ့နော်” ဟု ဦးအုန်း၏မြေး ဖြစ်သူ မခင်သူဇာတင့်က ဧရာဝတီကို ပြောသည်။

ဖရီဒါ (Forest Resource Environmental Development Association – FREDA) အသင်းမှ ၂၀၁၅ နှစ်လည်ခန့် က တည်းက ကျန်းမာရေးမကောင်း၍ အနားယူခဲ့သော်လည်း ဆရာကြီးဦးအုန်းသည် ဂုဏ်ထူးဆောင်နာယကအဖြစ် ရှိနေပေး ခဲ့ကြောင်း အသင်းမှတာဝန်ရှိသူများက ပြောပြသည်။

ဆရာကြီးဦးအုန်းကို စစ်ကိုင်းမြို့ မန်ကျည်းစင်တင်းတိတ်ရွာတွင် မြန်မာသက္ကရာဇ် ၁၂၈၉ ခု ဝါခေါင်လဆန်း ၁၀ ရက်တွင် မွေးဖွားခဲ့ကာ ဖခင်ဖြစ်သူမှာ သူကြီး ဦးဘသော်ဖြစ်ပြီး မိခင်ဖြစ်သူမှာ ဒေါ်နှင်းရီဖြစ်သည်။

၁၉၅၁ ခုနှစ်တွင် BSc ဘွဲ့ရခဲ့ပြီး ၁၉၅၂ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ မြောက်ပိုင်း ဝေလတက္ကသိုလ်(Wales Unversity )တွင် သစ်တောပညာရပ်ကို ဆည်းပူးခဲ့သည်။

၁၉၅၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတွင် သစ်တောဝန်ထောက်၊ ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ သလို၊ မြေယာနှင့် ကျေးလက်ကြီးပွား တိုးတက်ရေး ကော်ပိုရေးရှင်း(မြေကျေးရှင်း)မှ တာဝန်ယူနေသည့် “ပုပ္ပါးမောင် တောင်ကတုံးကို ယောင်ထုံး ”မည့် ပုပ္ပါးတောင် စီမံကိန်းကိုလည်း သစ်တောပညာရှင်တဦး အနေဖြင့် တာဝန်ယူခဲ့သည်။

၁၉၈၁ ခုနှစ်တွင် ၏ အမျိုးသား ဥယျာဉ်နှင့် သဘာဝတော ထိန်းသိမ်းရေး National Park and Nature Conservation (NPNC) ဆိုသည့် ကုလသမဂ္ဂ ဖွံဖြိုးမှု အစီအစဉ်(UNDP) ပရိုဂျက်အရ ပုပ္ပါး၊ အလောင်းတော်ကဿဖ၊ ချပ်သင်း၊ ရွှေစက်တော်၊ လှော်ကား စသည့် သဘာဝတောနှင့် ဥယျာဉ် တည်ဆောက်ရေးကို ဆောင်ရွက်ခဲ့သည်။

၁၉၈၈ခုနှစ်မှ က ၁၉၉၃ ခုနှစ်အထိ သစ်တောအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ အမေရိကန်၊ ဥရောပ၊ အိန္ဒိယ၊ ဩစေဩးလျ၊ နယူးဇီလန်၊ ထိုင်း၊ စင်ကာပူ နိုင်ငံတွေကို ၈ ကြိမ် သွားရောက်ပြီး သစ်တောသုတေသန၊ ကွန်ပျူတာ၊ သဘာဝ ထိန်းသိမ်းရေးနဲ့ အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေး ပညာရပ်တွေကို လေ့လာ ဆည်းပူးခဲ့သည်။

ဦးအုန်းသည် ကမ္ဘာမြေချစ်သူဆုကို မြန်မာနိုင်ငံတွင် စတင်ရွေးချယ်ပေးခဲ့သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပညာရှင် တဦးဖြစ်သကဲ့သို့ သစ်တောများထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အစဉ်တစိုက် ဆောင်ရွက်ခဲ့သူတဦးလည်း ဖြစ်သည်။

၁၉၈၂ – ၁၉၈၆ ခုနှစ် အတွင်း ပုပ္ပားတောင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောများ စိုက်ပျိုးနိုင်ခဲ့ခြင်း၊ ၁၉၉၇- ၂၀၀၇ ခုနှစ်အတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ဒီရေတော ဧက ၂၅၀၀ ပြန်လည်စိုက်ပျိုးနိုင်ခဲ့မှုကြောင့် ဂေဟစနစ်နှင့် ဇီဝမျိုးကွဲများကို မူလအတိုင်းပြန်လည် ထိန်းသိမ်းနိုင်ခဲ့ခြင်းတို့ကြောင့် ၂၀၀၅ တွင် ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်သော ကမ္ဘာ မြေချစ်သူဆု (Minamata Environmental Award) ကို ရရှိခဲ့သည်။

Your Thoughts …
Tags: သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား မလေး ရုပ်ရှင်မင်းသမီး မာယာကာရင်

မာယာကာရင် သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်သူ ရုပ်ရှင်မင်းသမီး

by Karim Raslan
7 October 2019
6.8k

ဝမ်းနည်းစရာမှာ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ အခြခံကျကျ သိမြင်နားလည်မှုက ဒေသအတွင်းတွင် အကန့်အသတ် အလွန်ကြီးမားစွာ ရှိနေသည်။

Next Post
ယခုပိတ်ဆို့မှုသည် ထရမ့်အစိုးရလက်ထက်တွင် ဗီဇာကန့်သတ်၍ လက်တုန့်ပြန်မှုများ တိုးပွားလာသည့်အနက် တခုဖြစ်သည် / Reuters

မြန်မာ ဝန်ကြီးဌာန ၂ ခု ကို အမေရိကန် ဗီဇာ မပေးတော့

မော်ဒယ် သရုပ်ဆောင် နီလာအောင်အောင် / Nilar Aung Aung's Facebook

“ဂူထဲကို ကလေးမိခင်တွေ အော်ခေါ်နေတာကိုကြည့်ပြီး ကျမ မျက်ရည်ကျမိတယ်” ဆိုတဲ့ နီလာအောင်အောင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate