• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ ဝန်ကြီးဌာန ၂ ခု ကို အမေရိကန် ဗီဇာ မပေးတော့

by ဧရာဝတီ
11 July 2018
in သတင်း
A A
ယခုပိတ်ဆို့မှုသည် ထရမ့်အစိုးရလက်ထက်တွင် ဗီဇာကန့်သတ်၍ လက်တုန့်ပြန်မှုများ တိုးပွားလာသည့်အနက် တခုဖြစ်သည် / Reuters

ယခုပိတ်ဆို့မှုသည် ထရမ့်အစိုးရလက်ထက်တွင် ဗီဇာကန့်သတ်၍ လက်တုန့်ပြန်မှုများ တိုးပွားလာသည့်အနက် တခုဖြစ်သည် / Reuters

29.2k
VIEWS
Share on FacebookShare on Twitter

ဝါရှင်တန်က ပြည်တော်ပြန်ပို့ လိုသူများကို မြန်မာက လက်မခံသည့်အတွက် မြန်မာအစိုးရ၏ ဝန်ကြီးဌာန ၂ ခုတွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့် အရာရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့သည်။

မြန်မာသာမက လာအိုနိုင်ငံကိုလည်း အမေရိကန်က အလားတူ ဒဏ်ခတ်ခဲ့သည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
23
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
52
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
286

အမေရိကန်က ထုတ်ပယ်ရန် စီစဉ်ထားသူများကို အဆိုပါ အရှေ့တောင်အာရှ နှစ်နိုင်ငံအနေဖြင့် လက်ခံရန် နှောင့်နှေးခြင်း သို့မဟုတ် ငြင်းဆန်ခြင်းတို့ကြောင့် ယင်းသို့ လက်ရှိပိတ်ဆို့ထားသည့် နိုင်ငံများစာရင်းထဲ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ယခုပိတ်ဆို့မှုသည် ထရမ့်အစိုးရလက်ထက်တွင် ဗီဇာကန့်သတ်၍ လက်တုန့်ပြန်မှုများ တိုးပွားလာသည့်အနက် တခုဖြစ်သည်။

မြန်မာနှင့်လာအို နိုင်ငံတို့က နိုင်ငံသားအဖြစ် လက်ခံရန် သဘောတူညီလာသည်အထိ အမေရိကန် နိုင်ငံခြားရေးဌာနက သက်ဆိုင်ရာနိုင်ငံမှ အစိုးရအဆင့်မြင့် အရာရှိများကို သက်ဆိုင်ရာ ဗီဇာ အမျိုးအစား ထုတ်ပေးခြင်းကို ရပ်တန့်ထားခြင်း ဖြစ်သည်။

ယင်းပိတ်ဆို့ကန့်သတ်မှုသည် မြန်မာနိုင်ငံတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ အရာရှိများနှင့် ၎င်းတို့မိသားစုများအပေါ် သက်ရောက်မှုရှိသည်။ လာအိုနိုင်ငံတွင် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် အခြားအစိုးရအရာရှိများ လျှောက်ထားခြင်းကို ကန့်သတ် ထားသည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အနေဖြင့် အမေရိကန်ဘက်မှ ပြန်ပို့လိုသူများကို နိုင်ငံသားအဖြစ် လက်မခံသောကြောင့် ခရီးသွား အထောက်အထား ထုတ်ပေးရန် ငြင်းဆန်ခဲ့သည်ဟု ကြေညာချက်တစောင်တွင် အမေရိကန် အမိမြေ လုံခြုံရေး Homeland Security ဌာနက ဆိုသည်။

အကယ်၍ တစုံတဦးကို နှင်ထုတ်ရန် မထင်ရှားသော လမ်းကြောင်းဖြစ်ပါက လူဝင်မှု ကြီးကြပ်နှင့် အကောက်ခွန် တပ်ဖွဲ့တို့က ၎င်းတို့ကို ၆ လကြာပြီးနောက် ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးရမည် ဖြစ်သည်။ အမိမြေလုံခြုံရေးဌာနမှ မြန်မာနှင့် လာအိုတို့သို့ ပြန်နှင့်မည့်လူဦးရေမှာ အတိအကျ မသိရသလို မည်ရွေ့မည်မျှ ပြန်လွှတ်ထားသည်ကိုလည်း မသိရသေးပေ။

ယမန်နှစ်က ထရမ့်အစိုးရက ကမ္ဘောဒီးယား၊ အီရစ်တြီးယား၊ ဂီနီနှင့် ဆီယာရာလီယွန်စသည့် လေးနိုင်ငံတို့အား ပြည်နှင်ရေး မူဝါဒကို လိုက်နာရန် ငြင်းဆန်သဖြင့် ပိတ်ဆို့အရေးယူခဲ့သည်။

ထရမ့် အစိုးရက မှုခင်းမှတ်တမ်းများရှိသည့် ရွှေ့ပြောင်းသူများကို နှင်ထုတ်ရန် တွန်းအားပေးပြီးနောက် အရှေ့တောင်အာရှ နိုင်ငံတချို့မှ လာရောက်နေထိုင်သူများကို မှတ်တမ်းတင်ထားသော ကိန်းဂဏန်းများအရ စတင် နှင်ထုတ်ခဲ့သည်။

ဧပြီလက ကမ္ဘောဒီးယားနိုင်ငံသား ၄၃ ဦးမှာ ဖနွမ်ပင်မြို့သို့ ပြန်နှင်ခြင်းခံရပြီး ၂၀၀၂ ခုနှစ် နှစ်ဘက် သဘောတူညီချက် အောက်တွင် အများဆုံး ပြန်ပို့ခံရမှုဖြစ်သည်။

အရှေ့တောင်အာရှဒေသမှ လာရောက်နေထိုင်သူ ၁၆၀၀၀ ကျော်မှာ အမေရိကန်သို့ ဒုက္ခသည်အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရန် နောက်ဆုံးအမိန့်များ ပေးပြီးဖြစ်ကြောင်း ဝါရှင်တန် အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့တဖွဲ့ဖြစ်သည့် အရှေ့တောင်အာရှ ရင်းမြစ်စီမံချက်စင်တာ (SEARAC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

Your Thoughts …
Tags: မြန်မာလာအိုအမေရိကန် ဗီဇာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.4k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.6k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

by မိုင်းခြိူဝ်းဇာရ်
28 October 2023
8.4k

မြို့ပေါ်ထိ တိုက်ပွဲဖြစ်လာတော့ စျေးတွေ ပိတ်သိမ်းကုန်တယ်။ လမ်းပေါ်မှာလည်း လူသွားလာတာ နည်းတယ်။ ဆိုင်ခန်းတွေ ပိတ်ကြတာပဲ။ စိုးရိမ်ကြတာပေါ့

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

by မိုင်းခြိူဝ်းဇာရ်
24 September 2023
8.1k

ကွတ်ခိုင်မြို့နယ်၊ မန်ပလန်ရွာအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိတဲ့ SSPP စစ်ကြောင်း နဲ့ နယ်မြေခံ TNLA လှုပ်ရှားတပ်တွေအကြားမှာ နာရီဝက်ကျော်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့...

Next Post
မော်ဒယ် သရုပ်ဆောင် နီလာအောင်အောင် / Nilar Aung Aung's Facebook

“ဂူထဲကို ကလေးမိခင်တွေ အော်ခေါ်နေတာကိုကြည့်ပြီး ကျမ မျက်ရည်ကျမိတယ်” ဆိုတဲ့ နီလာအောင်အောင်

ဂူထဲမှာ ၁၀ ရက်ကျော်ကြာ ပိတ်မိနေခဲ့တဲ့ ထိုင်း တောဝက် ဘောလုံးအသင်းများ

ထိုင်းက ကလေး ၁၃ ယောက်နဲ့ ကယ်ဆယ်သူတွေကို တွေ့ဆုံဖို့ Manchester United ဖိတ်ခေါ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate