• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော်နှင့် RCSS တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ကျော် စစ်ဘေးရှောင်နေ

by နန်းလွင်နှင်းပွင့်
12 July 2018
in သတင်း
A A
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် - တောင်ပိုင်း တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်  /  ဧရာဝတီ

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် - တောင်ပိုင်း တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် / ဧရာဝတီ

5.2k
VIEWS
Share on FacebookShare on Twitter

၂၁ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနေစဉ် ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေးတင်းမာနေသဖြင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးကာ စစ်ဘေးရှောင်နေရသည်ဟု သတင်းရရှိသည်။

လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေသသည် RCSS တပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားကာ လှည့်လည်သွားလာနေသည့် ဒေသများ ဖြစ်ပြီး RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် ကတည်းက အစိုးရ၊ တပ်မတော် တို့နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှု စာချုပ် ( NCA) ကို လက်မှတ်ရေးထိုးထားပြီး ၂၁ ရာစုပင်လုံညီလာခံများတွင် ပါဝင်ကာ ဆွေးနွေးလျှက်ရှိသည်။

RelatedPosts

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
46
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.1k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
929

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်က စတင်ကျင်းပနေသော်လည်း မိုင်းကိုင်မြို့နယ်တွင် ဇူလိုင်လ ၉ ရက်က စ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ယနေ့အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

ထွက်ပြေးနေရသည့် ဒေသခံများမှာ မိုင်းကိုင်မြို့နယ်အတွင်းရှိ ရှမ်းနှင့် ပလောင် ကျေးရွာများ ဖြစ်သည်။

မိုင်းကိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက “ တိုက်ပွဲတွေ ဖြစ်နေတယ်။ အခု ဒုက္ခသည်ပေါင်း ၅၀၀ ကျော်ရှိနေပြီ။ ရွာ ၁၀ ရွာလောက် ပြေးရတာ။ တိုက်ပွဲက ဖြစ်တာ တနေရာတည်းလည်း မဟုတ်တော့ ၉ ရွာ ၁၀ ရွာလောက်က ပြေးနေရတာ” ဟု ပြောသည်။

ဒေသခံများမှာ တိုက်ပွဲစတင် ဖြစ်ပွားသည် ဇူလိုင်လ ၉ ရက်နေ့မှစ၍ ထွက်ပြေးနေကြခြင်း ဖြစ်ပြီး မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်းတွင် ခိုလှုံနေကြသည်ဟု ဦးစိုင်းလုံက ပြောသည်။

ဦးစိုင်းလုံက “တိုက်ပွဲက ရွာထဲမှာ ဖြစ်တာ မဟုတ်ဘူး။ရွာပြင်မှာ ဖြစ်တာ ဒါပေမယ့် စစ်တပ်က လက်နက်ကြီး တွေ တအားပစ်နေလို့ရွာနားမှာ လာကျတော့ သူတို့က လက်နက်ကြီးကို ကြောက်ပြီး ပြေးကြတာ” ဟုပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့မှာ NCA ထိုးပြီးနောက် တိုက်ပွဲဖြစ်ပွားသည်မှာ ယခုအကြိမ် နှင့်ဆို ၂ကြိမ်ခန့်ရှိပြီဖြစ်ပြီး ယခင် NCA မထိုးခင်က ၂၀၀၉ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားရာ တပ်မတော်က ဒေသခံ ရွာတရွာကို ရွာလုံးကျွတ် မီးရှို့ဖူးကြောင်း၊ ထို့ကြောင့် ရွာသားများက တိုက်ပွဲ ဖြစ်ပွားပါက ထိတ်လန့်မှုများ ရှိနေသည်ဟု ဦးစိုင်းလုံက ပြောသည်။

ဆက်လက်၍ ၎င်းက “အခုက တခြားရာသီတွေနဲ့ မတူဘူး။ ဒီရာသီက စိုက်ပျိုးချိန်ဆိုတော့ တချို့က စိုက်နေတဲ့ အချိန် တချို့က ပြုပြင်နေတဲ့ အချိန်ဆိုတော့ အဲဒါတွေ တော်တော်ဆိုးတယ်ဗျ။ ကျနော်တို့ဘက်မှာ ကျွဲနွားတွေ လည်းရှိတော့ လူမရှိရင် ကျွဲနွားတွေက စိုက်ခင်းဝင်ဖျက်တာတွေ ရှိတယ်။ ဒီလမှာ ထွက်ပြေးရတာ သူတို့ တနှစ်လုံးအတွက် ဒုက္ခရောက်တယ်။ အခုလိုနေတာက သူတို့ စားရေးသောက်ရေးအခက်အခဲ ဖြစ်နေတယ်”ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက တပ်မတော်ဘက် မှ RCSS တပ်ဖွဲ့များ ရှိရာကို လာရောက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်းက “ ဒီ ၂ ရက် ၃ ရက်အတွင်း သူတို့က တပ်အင်အား တော်တော်လေးတိုးလာတယ်။ အစပြုရတာက တပ်က ကျနော်တို့ ရှိတဲ့နေရာတွေကို ထိုးစစ်ဆင်တာပါ။ ကျနော်တို့ နယ်မြေတွေမှာ တပ်အများကြီးနဲ့ ဝင်ရောက် လှုပ်ရှားလို့ ထိတွေ့မှုတွေ ဖြစ်ရတာပါ။ ကျနော်တို့က ဒီနေရာတွေမှာ နေလာတာကြာပါပြီ”ဟုပြောသည်။

တပ်ရင်း ၄ ရင်းခန့် မိုင်းကိုင်မြို့နယ်အတွင်းသို့ ဝင်လာကြောင်း ၊ မိုင်းပွန်မြို့နယ်အတွင်းတွင်လည်း RCSS ရှိသည့် နေရာများတွင် တပ်မတော်ဘက်က အင်အားတိုးချဲ့ ရောက်နေကြောင်း၊ မိုင်းပွန်ဒေသခံများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သည်ကိုလည်း သတင်းရထားကြောင်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

“ကျနော်တို့က သတ်မှတ်နယ်မြေ သတ်မှတ်ထားခြင်း မရှိသေးဘူး။ နောက်ပြီး ပ င်လုံ လု်ပနေတဲ့ အချိန်မှာ ဖြစ်တယ် ဆိုတာ တဖက်က ငြိမ်းချမ်းရေး လမ်းသွားနေသလို တဖက်ကလည်း စစ်ရေးနဲ့ ဖိအားပေးချင်တဲ့ သဘောမှာ ရှိတယ်။ ကျနော်တို့ ဆွေးနွေးနေတာက ပြည်သူလူထုတွေ လွတ်လွတ်လပ်လပ် ဒေသဖွံ့ဖြိုးရေး တွေ အတူတွဲလုပ်ကြရမှာပါ”ဟုလည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။

မိုင်းကိုင်မြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည်မှာ ၄ရက်ခန့် ရှိပြီ ဖြစ်ပြီး လက်မှတ်ထိုးထားသည့် အဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပါက ဖြေရှင်းပေးမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ -ပြည်ထောင်စုအဆင့် (JMC-U) တွင်လည်း မိုင်းကိုင်အရေးကို ဆွေးနွေးကြောင်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။

“အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေတာကျနော်တို့ ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ ဖြေရှင်းချင်တယ်။ အခု တိုက်ပွဲ ဖြစ်တာလည်း ကိုယ့်ကိုကိုယ်ခုခံကာကွယ်တဲ့ နည်းနဲ့ဖြစ်တာပါ။ ကျနော်တို့ စပြီးလုပ်တာ မဟုတ်ပါဘူး။ JMC-U မှာလည်း ဆွေးနွေးဖြစ်တယ်။ ဒါပေမယ့် တပ်ဘက်က ကျနော်တို့ကို ဆုတ်ခွာပေးဖို့ ပြောတော့ သဘောထား နည်းနည်း တင်းမာနေတဲ့ သဘော ရှိနေပါတယ်”ဟုလည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို မေးမြန်းရန် ဆက်သွယ်သော်လည်း မရပါ။

ဇူလိုင်လ ၁၁ ရက် နေ့လည်ပိုင်းက မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် -ကိုးကန့်အဖွဲ့ (MNDAA) ၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်မတော် (AA)တို့နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်တွင် တွေ့ဆုံရာ တပ်မတော်ဘက်မှ NCA ကိစ္စများ ပြောဆိုရာ NCA ထိုးပြီးနောက် လက်ရှိမိုင်းကိုင်တွင် တိုက်ပွဲ ဖြစ်ပွားနေသည့် အရေးမှာ RCSS ဘက်မှ စည်းကမ်းမလိုက်နာခြင်းကြောင့် ဖြစ်ရခြင်း ဖြစ်သည်ဟု ထည့်သွင်း ပြောဆိုကြောင်း သိရသည်။

Your Thoughts …
Tags: တပ်မတော်နှင့် RCSS/SSA တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ကျော် စစ်ဘေးရှောင်နေ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ကချင်စစ်ရှောင်စခန်းရှိ အမျိုးသမီးငယ်တချို့ လူကုန်ကူးခံနေရ

ကချင်စစ်ရှောင်စခန်းရှိ အမျိုးသမီးငယ်တချို့ လူကုန်ကူးခံနေရ

ဒီပွဲက ကြီးကြီးမားမား မျှော်လင့်လို့ မရဘူးဟု မွန်ပြည်သစ်ပါတီဆို (ရုပ်/သံ)

ဒီပွဲက ကြီးကြီးမားမား မျှော်လင့်လို့ မရဘူးဟု မွန်ပြည်သစ်ပါတီဆို (ရုပ်/သံ)

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 hours ago
8.3k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate