• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ပိုင်း အဖွဲ့များ မပါဘဲ တနိုင်ငံလုံး ငြိမ်းချမ်းရေး မရနိုင်ဟု မွန်ပြည်သစ်ပါတီဆို

by ချစ်မင်းထွန်း
13 July 2018
in သတင်း
A A
နေပြည်တော်တွင် ကျင်းပနေသည့် တတိယအကြိမ်မြောက် ၂၁ရာစု ပင်လုံညီလာခံကို တက်ရောက်လာသည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ / ဧရာဝတီ

နေပြည်တော်တွင် ကျင်းပနေသည့် တတိယအကြိမ်မြောက် ၂၁ရာစု ပင်လုံညီလာခံကို တက်ရောက်လာသည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ / ဧရာဝတီ

7.2k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ(FPNCC) အဖွဲ့ဝင် မြောက်ပိုင်း လက်နက် ကိုင် အဖွဲ့များ မပါလျှင် တနိုင်ငံလုံး ငြိမ်းချမ်းရေး မရနိုင်ဟု မွန်ပြည်သစ် ပါတီ (NMSP) ဒု ဥက္ကဋ္ဌ နိုင်ဟံသာ က ပြောသည်။

NMSP ၏ ဒု ဥက္ကဋ္ဌ နိုင်ဟံသာက “သူတို့ (FPNCC အဖွဲ့ဝင်များ) ၂၁ ရာစု ပင်လုံ ညီလာခံကို တက် လာတာ ကောင်းတယ်။ တနိုင်ငံလုံး အတွက်ကို ပိုအေးချမ်းဖို့ ကြိုးပမ်းနေတဲ့ ကာလမှာ ဘယ်တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့ကိုမှ ချန်မထား လို ဘူးဗျ။ သူတို့ အားလုံး မပါရင် တို့တနိုင်ငံလုံး ငြိမ်းချမ်းရေး ရဖို့ဆိုတဲ့ ဟာကတော့ မဖြစ်နိုင်ဘူးလေ” ဟု ပြောသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
88
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
66
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
230

FPNCC တွင် ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးနိုင်သေးသည့် အပြင် ယင်းအဖွဲ့ဝင် တချို့နှင့် တပ်မတော်ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

FPNCC တွင် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ဒီမိုကရေစီ မဟာမိတ် တပ်မ တော်-မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)၊ မြန်မာ အမျိုးသား ဒီမိုကရေ စီ မဟာမိတ် တပ်မတော်(MNDAA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မ တော်(AA) တို့ ပါဝင်ကြသည်။

ထို့အဖွဲ့များသည် NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်းထက် ၇ ဖွဲ့ဖြင့် စုစည်း ထားသော FPNCC အနေဖြင့်သာ တွေ့ဆုံရန် စသဖြင့် မူဝါဒ ချမှတ်ထားပြီး အစိုးရနှင့် တပ်မတော် ဘက်မှမူ NCA ထိုးရန်၊ NCA လမ်းကြောင်း အပြင်ဖက်မှ သွားခြင်းကို လက်မခံကြောင်း၊ FPNCC ကို အသိအမှတ် မပြုကြောင်း ပြောကြားထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းများနှင့် အညီ ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြု ပေးခဲ့ကြောင်း၊ ထို့ကြောင့် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက် မှတ်ရေးထိုးရမည်ဟု ဇူလိုင် ၁၁ ရက် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ အဖွင့် အမှာစကား၌ ထည့်သွင်း ပြောဆို ခဲ့သည်။

“ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိလို့ လက်မှတ် ထိုးစရာမလိုဘူးလို့ ပြောဆိုနေတာတွေနဲ့ ယခင် သဘော တူညီချက်တွေ ရှိပြီး ဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့ ညီညွတ်မှုမရှိဘူး လို့ ပြောလိုပါတယ်”ဟု နိုင်ဟံသာက ဆက်ပြောသည်။

KIA ၏ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကတော့ လက်ရှိ အချိန်၌ NCA ထိုးရေး၊ မထိုး ရေးမှာ ပြောရန် စောသေးကြောင်း ဇူလိုင် ၁၂ ရက်က မီဒီယာများကို ပြောသည်။

“အခု အချိန်မှာ လက်မှတ်ထိုးရေးကို ပြောတာ စောပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ ဆုံးဖြတ် ကြမှာ ဖြစ်ပါတယ်”ဟု ၎င်းက မီဒီယာများကို ပြောသည်။

FPNCC အဖွဲ့ဝင်များ အနက် UWSA၊ NDAA၊ KIA၊ SSPP မှ ခေါင်းဆောင်များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇူလိုင် ၁၁ ရက်က တွေ့ဆုံ၍ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များ အပေါ် အမြင်ဖလှယ် ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် TNLA၊ AA၊ MNDAA မှ ခေါင်း ဆောင်များ ဇူလိုင် ၁၁ ရက်က တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် အမြင်ဖလှယ် ဆွေးနွေးကြသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် FPNCC အဖွဲ့ဝင်များ ၄ ဖွဲ့တစု၊ ၃ ဖွဲ့ တစု ခွဲ၍ ဇူလိုင် ၁၂ ရက်က သီးသန့် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အလွတ် သဘော ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ် ဂွန်မော်က “အလွတ်သဘော တွေ့ဆုံတဲ့ သဘောမျိုးနဲ့ သွားတာပါ။ အဓိကတော့ ကျနော်တို့ ဘက်က FPNCC ဘက်က အရင်တင်ထားတဲ့ စာတမ်း အပေါ် ဆက်ပြီး ဆွေးနွေးချင်တဲ့ အကြောင်း ကို ကျနော်တို့က ပြောပါတယ်။ ပြီးတော့ အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အန်း ဦးစီးပြီး NCA အပေါ်မှာ ထားရှိတဲ့ တချို့ သဘောထားတွေကို တင်ပြ ဖြစ်ပါ တယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း သူတို့ဘက်က သဘောထားတွေ တချို့ကို ပြန်ပြီး ရှင်းပြပါတယ်။ အဲဒီ လောက်ပါပဲ” ဟု မီဒီယာများကို ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းပြသည်။

လက်ရှိ၌ NCA ကို ကရင် အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည် ပြန်လည် ထူထောင် ရေးကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ပအိုဝ့် အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ လက်မှတ်ထိုး ထား ကြသည်။

FPNCC အဖွဲ့ဝင် ၇ ဖွဲ့ အပါအဝင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန်(NSCN-K)၊ ရခိုင် အမျိုးသား ကောင်စီ(ANC) တို့မှာ NCA လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း သိရ သည်။

Your Thoughts …
Tags: FPNCCမြောက်ပိုင်းမဟာမိတ်အဖွဲ့
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.3k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.7k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ

ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ

by Jason Tower
3 August 2024
11.1k

ဇူလိုင်လလယ်သို့ ရောက်လာသောအခါ မြောက်ပိုင်းတွင် အသာစီးရရန် စစ်တပ်၏လုပ်ဆောင်မှု ဆိုးဆိုးရွားရွား ကျဆုံးကြောင်း ထင်ရှားလာသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

by ဧရာဝတီ
8 December 2023
9.1k

ဦးသန်းဆွေ၏ ဘေဂျင်းခရီးစဉ်သည် ကိုးကန့်မြို့ လောက်ကိုင်ကို မြောက်ပိုင်းမဟာမိတ်များက သိမ်းယူခါနီးအချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

Next Post
အဆိုတော် Bunny ဖြိုး / Bunny Phyo's Facebook

“လက်ရှိ ခေါင်းထဲမှာ အခွေထွက်ဖို့ပဲ ရှိနေတယ်” ဆိုတဲ့ Bunny ဖြိုး

မတ္တရာမြို့အဝင် ဆိုင်းဘုတ်

မတ္တရာမြို့နယ်တွင် ၇ နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate