သတင်း

မတ္တရာမြို့နယ်တွင် ၇ နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့တွင် ဇူလိုင်လ ၁၂ ရက်နေ့က အသက် ၇ နှစ်အရွယ် ကလေးအား ပထွေးမှ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

“မုဒိမ်းမှုကျူးလွန်တဲ့ တရားခံကို ဖမ်းဆီးထားပါတယ်။ ကလေးရဲ့ကျန်းမာရေး အခြေအနေ အရ မတ္တရာဆေးရုံကနေ မန္တလေးဆေးရုံကြီးကို လွှဲပေးလိုက်တယ်” ဟု မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ဖြစ်စဉ်မှာ မတ္တရာမြို့ရှိ အမှတ် ၃ အုတ်စက်ဝင်းအတွင်း၌ အုတ်စက်လုပ်သား အဖြစ်လုပ်ကိုင်နေသူ မသန်းသန်းဦးက ဇူလိုင်၁၂ရက်နေ့ နံနက်ပိုင်းက အုတ်လုပ်ငန်းခွင်အတွင်း အလုပ်ဆင်းနေစဉ် ၎င်း၏ နောက်အိမ်ထောင်ဖြစ်သူ အသက် ၂၇ နှစ်ရှိ သန်းနိုင်ဦးနှင့် အသက် ၇ နှစ်အရွယ် သမီးငယ်တို့ အတူရောက်ရှိလာကြောင်း၊ ကလေး၏ မိန်းမကိုယ်မှ သွေးများထွက်နေကြောင်း ပြောခဲ့ရာ မသန်းသန်းဦးမှ ဆေးခန်းပြရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ထို့သို့ပြင်ဆင်နေစဉ် မသန်းသန်းဦး မှ သမီးဖြစ်သူအား မေးမြန်းရာ ပထွေးဖြစ်သူ သက်နိုင်ဦးက လက်သီးဖြင့်ထိုးခြင်း ၊ အိပ်ယာထဲတွင် ခန္ဓာကိုယ်ပေါ်တက်ခွ၍ မိန်းမကိုယ်အင်္ဂါအတွင်းသို့ ယောက်ျားတန်ဆာဖြင့် အတင်းထိုးထည့်ခြင်း၊ သွေးများထွက်လာသဖြင့် ဘောင်းဘီ ကိုချွတ်၍ သုတ်ပေးခြင်းများ လုပ်ပေးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

မုဒိမ်းမှုဖြစ်စဉ်ကို မတ္တရာမြို့မရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၄/၂၀၁၈) (ပ)၃၉၀/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် တရားခံဖြစ်သူ သက်နိုင်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading